ငါတို့၏စိတ်ဝိညာဉ်သည် မုဆိုးတို့၏ကျော့ကွင်းမှ လွတ်မြောက်သောငှက်ကဲ့သို့ လွတ်မြောက်လေပြီ။ ကျော့ကွင်းပြတ်၍ ငါတို့လွတ်မြောက်ကြလေပြီ။
၂ ကော 11:33 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် ငါ့ကို တောင်းထဲထည့်၍ ပြတင်းပေါက်မှတစ်ဆင့် မြို့ရိုးပေါ်မှလျှောချခဲ့ကြသောကြောင့် ငါသည် သူ၏လက်မှ လွတ်မြောက်ခဲ့ရ၏။ Common Language Bible သို့ရာတွင်တပည့်တော်တို့သည်ငါ့ကိုတောင်း တွင်ထည့်၍ ပြူတင်းပေါက်မှမြို့ရိုးကလျှောချ ကြသဖြင့် ငါသည်ထိုဘုရင်ခံ၏လက်မှ လွတ်မြောက်ရပေသည်။ Garrad Bible မြို့ ရိုး အ ထက် ပြူ တင်း ပေါက် မှ တောင်း နှင့် လျှော ချ ကြ သ ဖြင့် မြို့ ဝန် လက် မှ ငါ လွတ် ခဲ့ ရ၏။ Judson Bible တပည့်တော်တို့သည် ငါ့ကိုတောင်း၌ ထည့်ပြီးလျှင်၊ ပြတင်းပေါက်မှထုတ်၍ မြို့ရိုးပေါ်က လျှော့ချသဖြင့် ထိုမြို့ဝန်လက်မှ ငါပြေး၍လွတ်ရ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် တပည့်တော်တို့သည် ကျွန်ုပ်ကို ခြင်းတောင်းထဲထည့်၍ ပြတင်းပေါက်မှတစ်ဆင့် မြို့ရိုးပေါ်မှ လျှောချကြသဖြင့် ထိုမြို့ဝန်လက်မှ လွတ်မြောက်ခဲ့၏။ |
ငါတို့၏စိတ်ဝိညာဉ်သည် မုဆိုးတို့၏ကျော့ကွင်းမှ လွတ်မြောက်သောငှက်ကဲ့သို့ လွတ်မြောက်လေပြီ။ ကျော့ကွင်းပြတ်၍ ငါတို့လွတ်မြောက်ကြလေပြီ။
သို့သော် ရှောလု၏တပည့်တို့သည် ညအချိန်၌ သူ့ကိုခေါ်ဆောင်သွားကာ တောင်းထဲထည့်၍ မြို့ရိုးပေါ်မှလျှောချကြ၏။
ဤပြည်သို့ ငါတို့ရောက်လာသောအခါ ဤကြိုးနီကို ငါတို့လျှောဆင်းလာခဲ့သောပြတင်းပေါက်၌ ချည်ထားရမည်။ သင်၏မိဘ၊ ညီအစ်ကိုမောင်နှမတို့နှင့် ဆွေမျိုးသားချင်းအားလုံးကို သင့်အိမ်၌ ခေါ်ထားရမည်။
ထို့ကြောင့် မိခါလသည် ဒါဝိဒ်ကို ပြတင်းပေါက်မှ လျှောချပေးသဖြင့် ဒါဝိဒ် ထွက်ပြေးလွတ်မြောက်သွား၏။