အခြားသောသူတို့အား သခင်ဘုရားကမဟုတ်ဘဲ ငါကိုယ်တိုင်ပြောဆိုသည်မှာ ညီအစ်ကိုတစ်စုံတစ်ဦးတွင် ယုံကြည်သူမဟုတ်သောမယားရှိ၍ ထိုမိန်းမသည် သူနှင့်နေထိုင်လိုလျှင် သူ့ကို ထိုမိန်းမနှင့်မကွာစေနှင့်။
၂ ကော 11:17 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် ဤကဲ့သို့ ရဲရင့်စွာဝါကြွားပြောဆိုခြင်းမှာ သခင်ဘုရားအားဖြင့် ပြောဆိုသည်မဟုတ်ဘဲ မိုက်မဲသောသူကဲ့သို့ ပြောဆိုခြင်းဖြစ်၏။ Common Language Bible ယခုကြွားဝါပြောဆိုနေခြင်းသည်သခင် ဘုရား၏အလိုတော်အရမဟုတ်။ လူမိုက် ကဲ့သို့ငါကြွားဝါပြောဆိုနေခြင်းဖြစ်၏။- Garrad Bible ယ ခု ပြော မည့် စ ကား ကို အ ရှင် ဘု ရား အ မိန့် တော် နှင့် မ ဟုတ်။ ထို သို့ စိတ် ချ စွာ ဂုဏ် တင် လျက် ဉာဏ် မဲ့ သူ အ နေ နှင့် ပြော ဆို မည်။ Judson Bible ဤသို့ငါပြောသောစကားမှာ သခင်ဘုရား၏နည်းတူ ငါပြောသည်မဟုတ်။ သူရူးကဲ့သို့ ရဲရင့်စွာ ဝါကြွားလျက်ပြောဆို၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤကဲ့သို့ စိတ်ချယုံကြည်မှုဖြင့် ပြောဆိုခြင်းမှာ သခင်ဘုရား၏စံနှုန်းအရ ပြောဆိုခြင်းမဟုတ်။ မိုက်မဲသောသူကဲ့သို့ ကြွားဝါခြင်းဖြစ်၏။ |
အခြားသောသူတို့အား သခင်ဘုရားကမဟုတ်ဘဲ ငါကိုယ်တိုင်ပြောဆိုသည်မှာ ညီအစ်ကိုတစ်စုံတစ်ဦးတွင် ယုံကြည်သူမဟုတ်သောမယားရှိ၍ ထိုမိန်းမသည် သူနှင့်နေထိုင်လိုလျှင် သူ့ကို ထိုမိန်းမနှင့်မကွာစေနှင့်။
အပျိုကညာတို့နှင့်ပတ်သက်၍မူကား သခင်ဘုရား၏ပညတ်ချက်ကို ငါမရရှိခဲ့ချေ။ သို့သော် သခင်ဘုရား၏ကရုဏာတော်ကိုခံစားရသည့် ယုံကြည်ထိုက်သူတစ်ဦးအနေဖြင့် ငါ၏ထင်မြင်ချက်ကိုပေးရမည်ဆိုလျှင်
ထိုသို့ဆိုသော် အမိန့်ပေးခြင်းအနေဖြင့်မဟုတ်ဘဲ အခွင့်ပေးခြင်းအနေဖြင့် ငါဆို၏။
ငါ၏အနည်းငယ်သောမိုက်မဲမှုအတွက် ငါ့ကိုသည်းခံစေလိုပါ၏။ မည်သို့ပင်ဖြစ်စေ သင်တို့သည် ငါ့ကိုသည်းခံကြ၏။
သို့မဟုတ်လျှင် မာကေဒေါနိပြည်သားတို့သည် ငါနှင့်အတူလိုက်လာ၍ သင်တို့သည် အသင့်ပြင်ဆင်ထားခြင်းမရှိကြောင်း တွေ့ရှိပါက သင်တို့ကိုမဆိုထားနှင့် ဤအမှု၌ သင်တို့ကိုစိတ်ချယုံကြည်ထားသောငါတို့ပါ အရှက်ရကြလိမ့်မည်။