ဤအဖြစ်အပျက်များပြီးဆုံးပြီးနောက် ပေါလုသည် မာကေဒေါနိပြည်နှင့်အခါယပြည်တို့ကို ဖြတ်သွား၍ ဂျေရုဆလင်မြို့သို့သွားရန် ဝိညာဉ်တော်အားဖြင့်ဆုံးဖြတ်လျက် “ငါသည် ထိုမြို့သို့သွားပြီးလျှင် ရောမမြို့ကိုလည်း မြင်ရမည်”ဟု ဆို၏။
၂ ကော 10:16 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့ကိုကျော်လွန်သောအရပ်ဒေသများသို့ ကောင်းမြတ်သောသတင်းကိုဟောပြောနိုင်ရန် ငါတို့မျှော်လင့်ထား၏။ အခြားသူ၏နယ်ပယ်အတွင်း ဆောင်ရွက်ပြီးစီးခဲ့သောအရာ၌ ငါတို့ဝါကြွားခြင်းမပြုပေ။ Common Language Bible ထိုနောက်ငါတို့သည်သင်တို့၏ဒေသကိုကျော် လွန်၍ အခြားဒေသသစ်များတွင်သခင်ယေရှု အကြောင်းသတင်းကောင်းကိုဟောပြောကြေညာ နိုင်သဖြင့် သူတစ်ပါးတို့၏နယ်ပယ်အတွင်း၌ ပြီးစီးခဲ့သည့်ဆောင်ရွက်ချက်များအတွက် ငါ တို့ဂုဏ်ယူဝါကြွားစရာမလိုတော့ပေ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ပြုလျှင် ကျွန်ုပ်တို့သည် သင်တို့၏အရပ်ဒေသကို ကျော်လွန်၍ အခြားအရပ်ဒေသများ၌ သတင်းကောင်းကို ဟောပြောနိုင်မည်ဖြစ်၏။ ကျွန်ုပ်တို့သည် အခြားသူတို့၏ နယ်ပယ်အတွင်း၌ ထိုသူတို့ဆောင်ရွက်ခဲ့ပြီးသော အရာများအပေါ် မကြွားဝါလိုပေ။ |
ဤအဖြစ်အပျက်များပြီးဆုံးပြီးနောက် ပေါလုသည် မာကေဒေါနိပြည်နှင့်အခါယပြည်တို့ကို ဖြတ်သွား၍ ဂျေရုဆလင်မြို့သို့သွားရန် ဝိညာဉ်တော်အားဖြင့်ဆုံးဖြတ်လျက် “ငါသည် ထိုမြို့သို့သွားပြီးလျှင် ရောမမြို့ကိုလည်း မြင်ရမည်”ဟု ဆို၏။
ထိုသို့ဟောပြောရာ၌ ငါသည် သူတစ်ပါး၏အုတ်မြစ်ပေါ်တွင် တည်ဆောက်ခြင်းမပြုမည့်အကြောင်း ခရစ်တော်၏အမည်နာမကို ကြားသိခြင်းမရှိသေးသောအရပ်၌ ကောင်းမြတ်သောသတင်းကိုဟောပြောရန် ရည်မှန်းကြိုးစားလာခဲ့၏။
သင်တို့ချီးမြှောက်ခြင်းခံရဖို့ရန် ငါသည် မိမိကိုယ်ကိုနှိမ့်ချလျက် ဘုရားသခင်၏ကောင်းမြတ်သောသတင်းကို သင်တို့အား အခမဲ့ဟောပြောခြင်းဖြင့် အပြစ်ကျူးလွန်ခဲ့သလော။