အခြားသောသူတို့မူကား သူတို့နှင့်အတူ မပေါင်းဖော်ဝံ့ကြချေ။ သို့သော် လူတို့သည် သူတို့ကိုချီးမွမ်းကြ၏။
၂ ကော 10:15 - မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် မိမိတို့အတိုင်းအတာကိုကျော်လွန်၍ သူတစ်ပါးတို့၏ကြိုးပမ်းအားထုတ်မှု၌ ဝါကြွားခြင်းမပြု။ သို့သော် သင်တို့၏ယုံကြည်ခြင်းတိုးပွားလာသည်နှင့်အမျှ ငါတို့၏နယ်ပယ်သည် သင်တို့ထဲ၌ ပိုမိုကျယ်ပြန့်လာ၍ Common Language Bible သို့ဖြစ်၍ငါတို့သည်ဘုရားသခင်သတ်မှတ် ပေးသည့်လုပ်ငန်းအတွက်မှလွဲ၍ သူတစ်ပါး တို့၏လုပ်ဆောင်ချက်များအတွက်ဂုဏ်ယူ ဝါကြွားမှုမပြု။ သင်တို့၏ယုံကြည်ခြင်း ပါရမီရင့်လာသည်နှင့်အမျှ ငါတို့အတွက် ဘုရားသခင်သတ်မှတ်ပေးတော်မူသည့်နယ် ပယ်အတွင်း သင်တို့ထံတွင်အမှုတော်တို့ ကိုတိုးချဲ့ဆောင်ရွက်နိုင်ရန်မျှော်လင့်၏။- Garrad Bible ကိုယ့် ပ မာ ဏ ထက် လွန်၍ အ ခြား သူ တို့ လုပ် ဆောင် မှု အ တွက် ကိုယ် ကို ဂုဏ် မ တင် ကြ။ အ ခြား သူ တို့ အ တိုင်း အ တာ တွင် ပြီး စီး မှု ကြောင့် လည်း ဂုဏ် မ တင် ဘဲ သင် တို့ ယုံ ကြည် ခြင်း တိုး ပွား သည့် အ လျောက် သင် တို့ တစ် ဘက် ရှိ ပြည် နယ် များ တွင် ကိုယ့် ကြီး ပွား ရာ အ တိုင်း အ တာ အ လိုက် သ တင်း တော် မြတ် ကို ကျယ် ဝန်း စွာ ဟော ပြော ခွင့် ရ မည် ဟု မြော် လင့် ကြ၏။ Judson Bible ငါတို့သည် ကိုယ်ငန်းကိုယ်တာကိုလွန်ကျူး၍၊ သူတစ်ပါးအလုပ်ထဲသို့ ဝင်ခြင်းကြောင့် ဝါကြွားလေ့ရှိကြသည်မဟုတ်။ ထိုသို့ သူ့ငန်းသူ့တာအတွင်းတွင် ပြင်ဆင်ပြီးသော အမှုအရာကို ဝါကြွားခြင်းမရှိဘဲ၊ သင်တို့ ပြည်တစ်ဖက်သို့ကူး၍ ဧဝံဂေလိတရားကို ဟောပြောရသောအခွင့် ရှိစေခြင်းငှာ၊ သင်တို့ ယုံကြည်ခြင်းပါရမီ ရင့်ပြီးမှ၊ ငါတို့၏အငန်းအတာသည် အလွန်ကျယ်ဝန်းမည်ဟု မျှော်လင့်ခြင်းရှိ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့သည် မိမိတို့၏ လုပ်ဆောင်မှုအတိုင်းအတာကို ကျော်လွန်၍ အခြားသူတို့လုပ်ဆောင်ခဲ့သောအရာအပေါ် မကြွားဝါတတ်။ သင်တို့၏ ယုံကြည်ခြင်းအားကြီးလာသည်နှင့်အမျှ ကျွန်ုပ်တို့၏ လုပ်ငန်းနယ်ပယ်ကို သင်တို့အကြား ပိုမိုတိုးချဲ့နိုင်ရန် မျှော်လင့်၏။ |
အခြားသောသူတို့မူကား သူတို့နှင့်အတူ မပေါင်းဖော်ဝံ့ကြချေ။ သို့သော် လူတို့သည် သူတို့ကိုချီးမွမ်းကြ၏။
ထိုသို့ဟောပြောရာ၌ ငါသည် သူတစ်ပါး၏အုတ်မြစ်ပေါ်တွင် တည်ဆောက်ခြင်းမပြုမည့်အကြောင်း ခရစ်တော်၏အမည်နာမကို ကြားသိခြင်းမရှိသေးသောအရပ်၌ ကောင်းမြတ်သောသတင်းကိုဟောပြောရန် ရည်မှန်းကြိုးစားလာခဲ့၏။
သို့သော် ငါတို့သည် မိမိတို့အတိုင်းအတာကိုကျော်လွန်၍ ဝါကြွားမည်မဟုတ်။ ငါတို့အား ဘုရားသခင်သတ်မှတ်ပေးတော်မူသော နယ်ပယ်၏အတိုင်းအတာတည်းဟူသော သင်တို့ထံသို့တိုင်အောင်ပင် ရောက်ရှိလာသည့်အတိုင်းအတာနှင့်အညီ ဝါကြွားမည်။
ညီအစ်ကိုတို့၊ ငါတို့သည် သင်တို့အတွက် ဘုရားသခင်ကို အစဉ်အမြဲကျေးဇူးတင်သင့်၏။ ထိုသို့ပြုခြင်းသည်လည်း သင့်လျော်ပေ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ယုံကြည်ခြင်းသည် အလွန်တိုးပွား၍ အချင်းချင်းအပေါ်၌ထားသော သင်တို့တစ်ဦးစီ၏ချစ်ခြင်းမေတ္တာသည်လည်း ပွားများလျက်ရှိ၏။