အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၂ ကော 10:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သင်​တို့​နှင့် လူ​ချင်း​တွေ့​သောအခါ နှိမ့်ချ​၍ ကွဲကွာ​နေ​စဉ် သင်​တို့​အပေါ် ရဲဝံ့​ပြတ်သား​စွာ​ပြုမူ​တတ်​သော ငါ​ပေါလု​သည် ခရစ်တော်​၏​နူးညံ့​သိမ်မွေ့​ခြင်း​နှင့်​ညင်သာ​ခြင်း​တို့​ဖြင့် သင်​တို့​အား မေတ္တာရပ်ခံ​ပါ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ခ​ရစ်​တော်​၏​စိတ်​နှိမ့်​ချ​မှု၊ နူး​ညံ့​သိမ်​မွေ့​မှု​တို့ ကို​အ​ကြောင်း​ပြု​၍​ငါ​သည်​သင်​တို့​အား​မေတ္တာ ရပ်​ခံ​ပါ​၏။ ငါ​ကား​သင်​တို့​ရှေ့​မှောက်​တွင်​ပျော့ ညံ့​၍​သင်​တို့​မျက်​ကွယ်​တွင်​မူ​ရဲ​စွမ်း​သတ္တိ​ရှိ သူ​ပေါ​လု​ပင်​ဖြစ်​ပေ​သည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

သင် တို့ နှင့် မျက် မှောက် ထင် ထင် ရှိ နေ စဉ် အောက် ကျို့ သော် လည်း ကွဲ ကွာ လျက် နေ စဉ် မောက် မာ သော ငါ ပေါ လု ကိုယ် တိုင် က ခ ရစ် တော်၏ သိမ် မွေ့ နူး ညံ့ တော် မူ ခြင်း ကို ထောက်၍ နှိုး ဆော် သည် မှာ၊

အခန်းကိုကြည့်ပါ။

Judson Bible

သင်​တို့၏​မျက်​မှောက်၌ နှိမ့်​ချ​ခြင်း၊ မျက်​ကွယ်၌ သင်​တို့​အ​မှု​ကို​စီ​ရင်၍ ရဲ​ရင့်​ခြင်း​ရှိ​သော ငါ​ပေါ​လု​သည်၊ ခ​ရစ်​တော်၏ နူး​ညံ့​သိမ်​မွေ့​ဖြည်း​ညင်း​တော်​မူ​ခြင်း​ကို အ​ကြောင်း​ပြု၍ သင်​တို့​ကို​တောင်း​ပန်​ပါ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

သင်တို့​နှင့် လူချင်းတွေ့​သောအခါ မဝံ့မရဲ​ဖြစ်၍ အဝေး​တွင် ရှိ​သောအခါ ရဲဝံ့ပြတ်သားသည်​ဟု သင်တို့​မှတ်ယူသော ကျွန်ုပ်​ပေါလု​သည် ခရစ်တော်​၏ နှိမ့်ချမှု​နှင့် နူးညံ့သိမ်မွေ့မှု​တို့​ဖြင့် သင်တို့​ကို တိုက်တွန်း​နှိုးဆော်ပါ၏။

အခန်းကိုကြည့်ပါ။



၂ ကော 10:1
38 ပူးပေါင်းရင်းမြစ်များ  

သမ္မာတရား​၊ နှိမ့်ချ​ခြင်း​၊ ဖြောင့်မတ်​ခြင်း​တို့​နှင့်ဆိုင်သော​အရေးကိစ္စ​အတွက် ကိုယ်တော်​၏​ဘုန်းအာနုဘော်​ကို​ဆောင်​လျက် အောင်မြင်​စွာ​စီးနင်း​ကြွမြန်း​တော်မူ​ပါ​။ ကိုယ်တော်​၏​လက်ယာ​လက်​တော်​သည် အံ့ဩဖွယ်​အမှု​တို့​ကို ကိုယ်တော်​အား​ပြသ​ပါစေသော​။


အို ဇိအုန်​သမီးပျို​၊ အားရ​ရွှင်လန်း​လော့​။ အို ဂျေရုဆလင်​သမီးပျို​၊ ဝမ်းမြောက်​စွာ​ကြွေးကြော်​လော့​။ ကြည့်ရှု​လော့​။ သင်​၏​ရှင်ဘုရင်​သည် သင့်​ထံသို့ ကြွလာ​ပြီ​။ သူ​သည် ဖြောင့်မတ်​သော​အရှင်​၊ ကယ်တင်​ပိုင်​သော​အရှင်​ဖြစ်​တော်မူ​၏​။ နှိမ့်ချ​သော​အရှင်​လည်း​ဖြစ်​တော်မူ​၏​။ မြည်းမ​၏​သားငယ် မြည်းကလေး​ကို​စီး​၍ ကြွလာ​တော်မူ​၏​။


ငါ​သည် နူးညံ့​သိမ်မွေ့​လျက် နှိမ့်ချ​သော​စိတ်နှလုံး​ရှိ​သောကြောင့် ငါ့​ထမ်းပိုး​ကို​ယူ​၍​ထမ်း​ကာ ငါ့​ထံ၌​နည်းခံ​ကြ​လော့။ ထိုအခါ သင်​တို့​၏​စိတ်​ဝိညာဉ်​သည် သက်သာ​ရာ​ရ​လိမ့်မည်။


ထို​သူ​ဖတ်​နေ​သည့်​ကျမ်း​ပိုဒ်​မှာ “သူ​သည် သတ်​ရန်​လျာထား​သော​သိုး​ကဲ့သို့ ခေါ်ဆောင်​သွား​ခြင်း​ခံရ​၍ သိုးသငယ်​သည် အမွေး​ညှပ်​သူ​ရှေ့၌ တိတ်ဆိတ်​စွာ​နေ​သကဲ့သို့ မိမိ​နှုတ်​ကို​မ​ဖွင့်​ဘဲ​နေ​၏။


ပရောဖက်​ဟေရှာယ​က​လည်း “ငါ့​ကို​မ​ရှာ​သော​သူ​တို့​သည် ငါ့​ကို​တွေ့ရှိ​ကြ​၏။ ငါ့​အကြောင်း​ကို​မ​မေးမြန်း​သော​သူ​တို့​ထံ ငါ့​ကိုယ်​ငါ​ထင်ရှား​ပြ​၏”​ဟု ရဲရင့်​စွာ​ဆို​ထား​၏။


သို့ဖြစ်၍ ညီအစ်ကို​တို့၊ ဘုရားသခင်​၏​ကရုဏာ​တော်​အားဖြင့် သင်​တို့​အား ငါ​တိုက်တွန်း​နှိုးဆော်​လို​သည်​မှာ သင်​တို့​၏​ကိုယ်ခန္ဓာ​ကို ဘုရားသခင်​နှစ်သက်​တော်မူ​သည့် သန့်ရှင်း​၍​အသက်ရှင်​သော​ယဇ်​အဖြစ် ပူဇော်​ကြ​လော့။ ဤသည်ကား သင်​တို့​ပြု​အပ်​သော ဝိညာဉ်ရေး​ဆိုင်ရာ​ဝတ်ပြု​ခြင်း​ဖြစ်​၏။


သို့သော် လူမျိုးခြား​တို့​အတွက် ငါ့​ကို​ခရစ်တော်​ယေရှု​၏​အမှု​တော်​ကို​ထမ်းဆောင်​သူ​ဖြစ်​စေ​၍ ဘုရားသခင်​၏​ကောင်းမြတ်​သော​သတင်း​နှင့်​ဆိုင်သည့်​ယဇ်ပုရောဟိတ်​အမှု​ကို​ဆောင်ရွက်​စေ​ပြီး ထို​လူမျိုးခြား​တို့​ကို​သန့်ရှင်း​သော​ဝိညာဉ်​တော်​အားဖြင့် သန့်ရှင်း​စေ​ခြင်း​ခံရ​သည့်​နှစ်သက်​လက်ခံ​ဖွယ်​ပူဇော်သက္ကာ​ဖြစ်​စေရန် ငါ့​အား ဘုရားသခင်​ပေး​တော်မူ​သော ကျေးဇူး​တော်​အားဖြင့် သင်​တို့​ကို တစ်ဖန်​သတိပေး​ရန် တချို့​အပိုင်း​၌ ငါ​ရဲဝံ့​စွာ ရေး​ခဲ့​၏။


ငါ​သည် သင်​တို့​နှင့်အတူ​ရှိ​စဉ်​က အားနည်း​လျက်​၊ ကြောက်ရွံ့​လျက်​၊ အလွန်​တုန်လှုပ်​လျက်​နေ​၏။


ငါ​တို့​သည် ခရစ်တော်​အတွက် မိုက်မဲ​သော​သူ​ဖြစ်​ကြ​၏။ သင်​တို့​မူကား ခရစ်တော်​၌ ပညာ​သတိ​ရှိ​သော​သူ​ဖြစ်​ကြ​၏။ ငါ​တို့​သည် အားနည်း​သော​သူ​ဖြစ်​ကြ​၏။ သင်​တို့​မူကား ခွန်အားကြီး​သော​သူ​ဖြစ်​ကြ​၏။ သင်​တို့​သည် ဂုဏ်သရေ​ရှိ​သော​သူ​ဖြစ်​ကြ​၏။ ငါ​တို့​မူကား ဂုဏ်သရေ​မဲ့​သော​သူ​ဖြစ်​ကြ​၏။


သင်​တို့​သည် မည်သည့်​အရာ​ကို အလိုရှိ​ကြ​သနည်း။ ငါ​သည် သင်​တို့​ထံသို့ တုတ်​နှင့်​လာ​ရ​မည်​လော၊ သို့မဟုတ် မေတ္တာ​နှင့် နူးညံ့​သိမ်မွေ့​သော​စိတ်​တို့​ဖြင့် လာ​ရ​မည်​လော။


အကြောင်းမူကား “ပေါလု​၏​စာ​များ​သည် လေးနက်​၍ ဩဇာ​ပါ​သော်လည်း လူ​ကိုယ်တိုင်​တွေ့ရ​သောအခါ သူ​သည် အားနည်း​၍ သူ​၏​အဟောအပြော​သည်​လည်း အထင်ကြီး​ဖွယ်​မ​ရှိ”​ဟု ဆို​သော​သူ​ရှိ​၏။


ငါ​တို့​ကို သွေးသား​ဇာတိ​အလို​သို့​လိုက်​၍ အသက်ရှင်​လျှောက်လှမ်း​နေ​ကြ​သူ​ကဲ့သို့ သတ်မှတ်​သော​သူ​အချို့​တို့​အပေါ် ရဲဝံ့​စွာ​ပြုမူ​ရ​မည်​ဟု ငါ​ယုံကြည်​ခံယူ​ထား​သည့်​အတိုင်း ငါ​ရောက်လာ​သောအခါ ထိုသို့​ရဲဝံ့​ပြတ်သား​စွာ​မ​ပြုမူ​ရ​စေရန် ငါ​တောင်းပန်​၏။


သင်​တို့​သည် အပြင်ပန်း​သဏ္ဌာန်​ကို​သာ ကြည့်​နေ​ကြ​၏။ မည်သူမဆို မိမိကိုယ်ကို ခရစ်တော်​နှင့်ဆိုင်သော​သူ​ဖြစ်​သည်​ဟု ယုံမှတ်​လျှင် သူ​သည် ခရစ်တော်​နှင့်ဆိုင်သော​သူ​ဖြစ်​သကဲ့သို့ ငါ​တို့​သည်​လည်း ခရစ်တော်​နှင့်ဆိုင်သော​သူ​ဖြစ်​ကြောင်း သူ​ကိုယ်တိုင် ပြန်လည်​ဆင်ခြင်​သိမှတ်​ပါစေ။


ငါ​တို့​သည် ထိုသို့​ပြု​ရန် အားနည်း​ခဲ့​ကြောင်း ရှက်ရွံ့​စွာ​ပင် ငါ​ဝန်ခံ​၏။ သို့သော် တစ်ဦးတစ်ယောက်​သည် တစ်စုံတစ်ခု​သော​အရာ​၌ ဝါကြွား​ဝံ့​သည်​ဆို​လျှင် ငါ​လည်း​ဝါကြွား​ဝံ့​သည်​ဟု မိုက်မဲ​စွာ​ငါ​ပြော​၏။


ငါ​သည် ဝါကြွား​ရ​မည်​ဆိုလျှင် ငါ​၏​အားနည်း​ခြင်း​နှင့်​ပတ်သက်​သော​အရာ​များ​ကို ငါ​ဝါကြွား​မည်။


ထိုသို့​သော​သူ​နှင့်ပတ်သက်၍ ငါ​ဝါကြွား​မည်။ ငါ​နှင့်ပတ်သက်၍​မူကား ငါ​၏​အားနည်း​ခြင်း​အကြောင်း​မှတစ်ပါး ဝါကြွား​ခြင်း​ကို ငါ​မ​ပြု။


ငါ​တို့​သည် ဤသို့​သော​မျှော်လင့်​ခြင်း​ရှိ​သည်​ဖြစ်၍ အလွန်​ရဲရင့်​စွာ​ဖြင့်​ပြုမူ​လျက်


ထိုသို့ ဘုရားသခင်​သည် ငါ​တို့​မှ​တစ်ဆင့် တိုက်တွန်း​တော်မူ​သည်​ဖြစ်၍ ငါ​တို့​သည် ခရစ်တော်​၏​သံတမန်​များ​ဖြစ်​ကြ​၏။ ထို့ကြောင့် “ဘုရားသခင်​နှင့်​ပြန်လည်​သင့်မြတ်​ကြ​လော့”​ဟု ခရစ်တော်​၏​ကိုယ်စား ငါ​တို့​တောင်းပန်​ကြ​၏။


ငါ​တို့​သည် ဘုရားသခင်​၏​လုပ်ဖော်ဆောင်ဖက်​များ​ဖြစ်​ကြ​သည်​နှင့်အညီ သင်​တို့​သည် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို အချည်းနှီး​မ​ခံယူ​ကြ​နှင့်​ဟု သင်​တို့​အား​တိုက်တွန်း​နှိုးဆော်​ပါ​၏။


ငါ​သည် သင်​တို့​ကို အလွန်​ယုံကြည်​စိတ်ချ​၍ သင်​တို့​အတွက် များစွာ​ဂုဏ်ယူ​၏။ ငါ​သည် နှစ်သိမ့်​မှု​ကို အပြည့်အဝ​ခံစား​ရ​၍ ငါ​တို့​ခံရ​သော​ဆင်းရဲ​ဒုက္ခ​အပေါင်း​တို့​၌ ဝမ်းမြောက်​ခြင်း​နှင့်​ပြည့်ဝ​လျက်​ရှိ​၏။


ပထမ​အကြိမ် သင်​တို့​အား ကောင်းမြတ်​သော​သတင်း​ကို ငါ​ဟောပြော​ရ​ခြင်း​မှာ ကိုယ်ကာယ​နာမကျန်း​သောကြောင့်​ဖြစ်​သည်​ကို သင်​တို့​သိ​ကြ​၏။


နားထောင်​ကြ​လော့။ ငါ​ပေါလု​က သင်​တို့​အား​ဆို​သည်​ကား သင်​တို့​သည် အရေဖျား​လှီး​ခြင်း​ကို​ခံ​လျှင် ခရစ်တော်​သည် သင်​တို့​အတွက် မည်သည့်​အကျိုး​မျှ​ရှိ​မည်​မ​ဟုတ်။


ထို​အကြောင်း​ကြောင့် ငါ​ပေါလု​သည် သင်​တို့​လူမျိုးခြား​များ​အတွက် ခရစ်တော်​ယေရှု​နှင့်ဆိုင်သော​အကျဉ်းသား​ဖြစ်​၏။


ထို့ကြောင့် ခေါ်ယူ​တော်မူ​ခြင်း​ခံရ​သော​သင်တို့​သည် ထို​ခေါ်ယူ​တော်မူ​ခြင်း​နှင့်​ထိုက်တန်​စွာ အသက်ရှင်​လျှောက်လှမ်း​ကြ​ရန် သခင်​ဘုရား​အတွက် အကျဉ်းသား​ဖြစ်​သော​ငါ​သည် သင်​တို့​ကို​တိုက်တွန်း​နှိုးဆော်​ပါ​၏။


သင်​တို့​၏​ညင်သာ​သော​သဘော​ကို လူ​အပေါင်း​တို့​အား သိ​စေ​ကြ​လော့။ သခင်​ဘုရား​သည် အနီး​၌​ရှိ​တော်မူ​ပြီ။


သို့သော် သင်​တို့​သည် သင်​တို့​ကြား​ခဲ့​ရ​သည့် ကောင်းမြတ်​သော​သတင်း​၏​မျှော်လင့်​ခြင်း​မှ သွေဖည်​မ​သွား​ဘဲ ခိုင်မြဲ​စွာ​အုတ်မြစ်​ချ​ထား​သည့် ယုံကြည်​ခြင်း​၌ ဆက်၍​တည်​နေ​ရ​မည်။ ထို​ကောင်းမြတ်​သော​သတင်း​ကို ကောင်းကင်​အောက်​ရှိ ဖန်ဆင်း​ခံ​လောက​တစ်ခုလုံး​အား ဟောပြော​နေ​သည်​ဖြစ်၍ ငါ​ပေါလု​သည် ၎င်း​၏​အမှု​တော်​ဆောင်​ဖြစ်လာ​၏။


ဤ​နှုတ်ဆက်​စကား​ကို ငါ​ပေါလု​ကိုယ်တိုင် ငါ့​လက်​ဖြင့်​ရေး​လိုက်​ပါ​၏။ ဤသည်ကား ငါ့​စာ​အားလုံး​တွင်​ပါ​သည့်​အမှတ်​လက္ခဏာ​ဖြစ်​၏။ ငါ​သည် ဤသို့​ရေး​လေ့​ရှိ​၏။


ငါ​ပေါလု​သည် ပြန်လည်​ပေးဆပ်​ပါ​မည်​ဟု ငါ့​လက်​ဖြင့်​ရေး​လိုက်​ပါ​၏။ သင်​ကိုယ်တိုင်​လည်း ငါ့​အား အကြွေး​တင်​နေ​ကြောင်း​ကို ငါ​မ​ပြော​လို​ပါ။


ချစ်​ခြင်း​မေတ္တာ​အားဖြင့် သင့်​အား တောင်းပန်​ခြင်း​အမှု​ကို​သာ​ပြု​ပါ​၏။ ဤသို့ အိုမင်း​သူ​ဖြစ်​ပြီး ယခု​မူကား ခရစ်တော်​ယေရှု​နှင့်ဆိုင်သော​အကျဉ်းသား​လည်း​ဖြစ်​သည့် ငါ​ပေါလု​သည်


ချစ်​ရ​သော​သူ​တို့၊ သင်​တို့​သည် ဧည့်သည်​အာဂန္တု​များ​ဖြစ်​ကြ​သဖြင့် စိတ်​ဝိညာဉ်​ကို​ဆန့်ကျင်​တိုက်ခိုက်​သော ကိုယ်ကာယ​တပ်မက်​ခြင်း​များ​ကို ရှောင်ကြဉ်​ကြ​ရန် ငါ​တိုက်တွန်း​နှိုးဆော်​ပါ​၏။


ယေရှု​၌​ဆင်းရဲ​ဒုက္ခ​ကို​လည်းကောင်း၊ နိုင်ငံ​တော်​ကို​လည်းကောင်း၊ သည်းခံ​ခြင်း​ကို​လည်းကောင်း သင်​တို့​နှင့်အတူ မျှဝေ​ခံစား​သူ​ဖြစ်​သော သင်​တို့​၏​ညီအစ်ကို ငါ​ယောဟန်​သည် ဘုရားသခင်​၏​နှုတ်ကပတ်တော်​နှင့် ယေရှု​နှင့်ဆိုင်သော​သက်သေခံ​ချက်​တို့​ကြောင့် ပတ်မု​ဟု​ခေါ်​သော​ကျွန်း​တွင်​ရောက်​နေ​၏။