၂ ကော 1:4 - မြန်မာ့စံမီသမ္မာကျမ်း
ဘုရားသခင်သည် ငါတို့ခံရသောဆင်းရဲဒုက္ခအမျိုးမျိုးတို့၌ ငါတို့ကိုနှစ်သိမ့်ပေးတော်မူ၏။ ဤသည်ကား ဘုရားသခင်ထံမှ ငါတို့ရရှိသောနှစ်သိမ့်ခြင်းအားဖြင့် ဆင်းရဲဒုက္ခအမျိုးမျိုးကိုခံနေရသောသူတို့အား ငါတို့နှစ်သိမ့်ပေးနိုင်ရန်အတွက်ဖြစ်၏။
အခန်းကိုကြည့်ပါ။
ငါတို့သည်ဆင်းရဲဒုက္ခအမျိုးမျိုးခံရကြ သောအခါ ကိုယ်တော်သည်ငါတို့အားနှစ်သိမ့် မှုကိုပေးတော်မူ၏။ သို့ဖြစ်၍ငါတို့သည်လည်း ဘုရားသခင်ထံတော်မှယင်းသို့ရရှိသည့် နှစ်သိမ့်မှုဖြင့်ပင်လျှင် ဒုက္ခဆင်းရဲအမျိုးမျိုး ခံရကြသူတို့အားနှစ်သိမ့်စေနိုင်ကြပေ သည်။-
အခန်းကိုကြည့်ပါ။
ငါတို့သည် ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် ကိုယ်တိုင် သက်သာခြင်းရှိသကဲ့သို့၊ ဆင်းရဲခြင်း အမျိုးမျိုးကို ခံရသောသူတို့အား သက်သာစေနိုင်မည်အကြောင်း၊ ဆင်းရဲခြင်းအမျိုးမျိုးတို့၌ ဘုရားသခင်သည် ငါတို့အား သက်သာစေတော်မူ၏။-
အခန်းကိုကြည့်ပါ။
ဆင်းရဲဒုက္ခအမျိုးမျိုးကို ကျွန်ုပ်တို့ခံရသောအခါ ဘုရားသခင်သည် ကျွန်ုပ်တို့ကို နှစ်သိမ့်ပေးတော်မူ၏။ ဤသည်မှာ ဘုရားသခင်က ကျွန်ုပ်တို့ကို နှစ်သိမ့်ပေးတော်မူသကဲ့သို့ ကျွန်ုပ်တို့သည်လည်း ဆင်းရဲဒုက္ခကြုံသော အခြားသူတို့ကို နှစ်သိမ့်ပေးနိုင်ရန်ဖြစ်၏။
အခန်းကိုကြည့်ပါ။