အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ သက် 5:12 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ညီအစ်ကို​တို့၊ သင်​တို့​ထဲတွင် အားထုတ်​လုပ်ဆောင်​လျက်​၊ သခင်​ဘုရား​၌ သင်​တို့​ကို စီမံ​အုပ်ချုပ်​လျက် သင်​တို့​ကို​သတိပေး​ဆုံးမ​နေ​ကြ​သော​သူ​များ​ကို ကြည်ညို​လေးစား​ကြ​ရန်​လည်းကောင်း၊

အခန်းကိုကြည့်ပါ။

Common Language Bible

ညီ​အစ်​ကို​တို့၊ သင်​တို့​ထံ​တွင်​အ​မှု​တော်​ကို ဆောင်​ရွက်​နေ​သော၊ သင်​တို့​အား​လမ်း​ပြ​သွန် သင်​ရန် သ​ခင်​ဘု​ရား​ခန့်​ထား​တော်​မူ​သော သူ​များ​ကို​ကြည်​ညို​လေး​စား​ကြ​ရန်​ငါ​တို့ တိုက်​တွန်း​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

သို့ ရာ တွင် ညီ အစ် ကို တို့၊ သင် တို့ ဘောင် တွင် ဆောင် ရွက် လျက် အ ရှင် ဘု ရား အား ဖြင့် အုပ် ချုပ် ပဲ့ ပြင် သူ တို့ ကို သိ မှတ်၍၊

အခန်းကိုကြည့်ပါ။

Judson Bible

ထို​မှ​တစ်​ပါး၊ ညီ​အစ်​ကို​တို့၊ သင်​တို့​တွင် အ​မှု​တော်​ကို​ဆောင်​ရွက်​ခြင်း၊ သ​ခင်​ဘု​ရား​အ​ခွင့်​နှင့် အုပ်​စိုး​ခြင်း၊ သ​တိ​ပေး​ခြင်း အ​မှု​ကို​ပြု​သော​သူ​တို့​ကို သိ​မှတ်၍၊-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ညီအစ်ကို​မောင်နှမ​တို့… ကျွန်ုပ်တို့ တိုက်တွန်း​လို၏။ သင်တို့​အထဲ​တွင် အမှုတော်​ကို ကြိုးစား​ဆောင်ရွက်​၍ ဝိညာဉ်​ရေးရာ​၌ ဦးဆောင်ပြီး သင်တို့​ကို သတိပေး​ဆုံးမ​သွန်သင်နေသော​သူများ​ကို ရိုသေလေးစားကြလော့။

အခန်းကိုကြည့်ပါ။



၁ သက် 5:12
42 ပူးပေါင်းရင်းမြစ်များ  

ထို​တစ်​အိမ်​တည်း​မှာ​ပင် တည်းခို​၍ သူ​တို့​ထံ၌ စား​သောက်​ကြ​လော့။ အကြောင်းမူကား အလုပ်​လုပ်​သော​သူ​သည် လုပ်အားခ​ကို​ရ​ထိုက်​၏။ တစ်​အိမ်​မှ တစ်​အိမ်​သို့ မ​ပြောင်း​ကြ​နှင့်။


သင်​တို့​လုပ်အား​မ​စိုက်​ခဲ့​သော​အရာ​ကို ရိတ်သိမ်း​ရန် သင်​တို့​အား ငါ​စေလွှတ်​၏။ အခြား​သော​သူ​တို့​သည် လုပ်အား​စိုက်​ခဲ့​၍ သင်​တို့​သည် ထို​သူ​တို့​၏​အားစိုက်​မှု​ရလဒ်​၌ ပါဝင်​ရ​ကြ​၏”​ဟု မိန့်​တော်မူ​၏။


သင်​တို့​သည် မိမိတို့ကိုယ်ကို​လည်းကောင်း၊ သိုးစု​အားလုံး​ကို​လည်းကောင်း ဂရုစိုက်​ကြ​လော့။ ကိုယ်တော်​၏​သွေး​တော်​နှင့်​ဝယ်ယူ​ထား​သော ဘုရားသခင်​၏​အသင်းတော်​ကို သင်​တို့​အုပ်ထိန်း​စေရန် ထို​သိုးစု​ကို​ကြီးကြပ်​သူ​အဖြစ် သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် သင်​တို့​ကို​ခန့်အပ်​ထား​တော်မူ​၏။


ထိုသို့​ကြိုးစား​လုပ်ဆောင်​၍ အားနည်း​သော​သူ​တို့​ကို ကူညီမစ​သင့်​ကြောင်း​နှင့်‘ပေးကမ်း​ခြင်း​သည် ရယူ​ခြင်း​ထက် သာ၍​မင်္ဂလာရှိ​သည်’​ဟု သခင်​ယေရှု​ကိုယ်တော်​တိုင် မိန့်​တော်မူ​သည့်​စကား​ကို သတိရ​သင့်​ကြောင်း အရာရာ​၌ သင်​တို့​အား ငါ​ပြသ​၏”​ဟု ဆို​လေ​၏။


သခင်​ဘုရား​၌​ကြိုးစား​လုပ်ဆောင်​နေ​သူ တရုဖဲန​နှင့်​တရုဖောသ​တို့​ကို နှုတ်ဆက်​ပေး​ကြ​လော့။ သခင်​ဘုရား​၌​အလွန်​ကြိုးစား​လုပ်ဆောင်​သူ ငါ​ချစ်​သော​ပေရသိ​ကို နှုတ်ဆက်​ပေး​ကြ​လော့။


သင်​တို့​အတွက် အလွန်​ကြိုးစား​လုပ်ဆောင်​ခဲ့​သူ မာရိ​ကို နှုတ်ဆက်​ပေး​ကြ​လော့။


ဘုရားသခင်​သည် အသင်းတော်​၌ ပထမ​အနေဖြင့် တမန်တော်​များ၊ ဒုတိယ​အနေဖြင့် ပရောဖက်​များ၊ တတိယ​အနေဖြင့် ဆရာ​များ၊ ထို့နောက် တန်ခိုး​လက္ခဏာ​ကို​ပြု​သော​သူ​များ၊ ထို့နောက် အနာရောဂါ​ငြိမ်း​စေ​နိုင်​သော​ဆု​ကျေးဇူး​ရရှိ​သူ​များ၊ ကူညီမစ​သူ​များ၊ စီမံ​အုပ်ချုပ်​သူ​များ၊ အခြား​သော​ဘာသာ​စကား​အမျိုးမျိုး​ပြောဆို​သော​သူ​များ စသည်​တို့​ကို ခန့်ထား​တော်မူ​၏။


သို့ရာတွင် ဘုရားသခင်​၏​ကျေးဇူး​တော်​ကြောင့် ယခု ငါ​ဖြစ်​သည့်​အတိုင်း ငါ​ဖြစ်​၏။ ငါ့​အပေါ်​သက်ရောက်​သော ကိုယ်တော်​၏​ကျေးဇူး​တော်​သည်​လည်း အချည်းနှီး​မ​ဖြစ်​သည်​သာမက ငါ​သည် သူ​တို့​အားလုံး​ထက် သာ၍​ကြိုးစား​လုပ်ဆောင်​ခဲ့​၏။ ထိုသို့ဆိုသော် ငါ​က​မ​ဟုတ်​ဘဲ ငါ​နှင့်အတူ​ရှိ​သော ဘုရားသခင်​၏​ကျေးဇူး​တော်​က​သာ လုပ်ဆောင်​တော်မူ​ခြင်း​ဖြစ်​၏။


ထိုသို့သော​သူ​တို့​မှစ၍ သူ​တို့​နှင့်အတူ​လုပ်ဆောင်​လျက် ကြိုးစား​အားထုတ်​နေ​သော​သူ​အားလုံး​တို့​ကို​နာခံ​ကြ​ရန် သင်​တို့​အား ငါ​တိုက်တွန်း​နှိုးဆော်​၏။


ငါ​၏​စိတ်​ဝိညာဉ်​နှင့် သင်​တို့​၏​စိတ်​ဝိညာဉ်​တို့​အား ငြိမ်သက်​ချမ်းသာ​မှု​ကို​ပေး​ကြ​၏။ သို့ဖြစ်၍ ထိုသို့သော​သူ​တို့​ကို အသိအမှတ်​ပြု​ကြ​လော့။


အကြောင်းမူကား ငါ​တို့​သည် ဘုရားသခင်​၏​လုပ်ဖော်ဆောင်ဖက်​များ​ဖြစ်​ကြ​၏။ သင်​တို့​သည် ဘုရားသခင်​၏​ဥယျာဉ်၊ ဘုရားသခင်​၏​အဆောက်အအုံ​ဖြစ်​ကြ​၏။


သူ​တို့​သည် ခရစ်တော်​၏​အစေခံ​ဖြစ်​ကြ​သလော။ ငါ​သည် ပို၍​ပင်​ဖြစ်​၏​ဟု ရူးသွပ်​နေ​သူ​တစ်​ဦး​ကဲ့သို့ ငါ​ဆို​၏။ ငါ​သည် ပို၍​ကြိုးပမ်း​အားထုတ်​လျက် အကြိမ်ပေါင်း​များစွာ​အကျဉ်း​ချ​ခံရ​လျက် ပို၍​များစွာ​ရိုက်နှက်​ခြင်း​ခံရ​လျက် သေဘေး​နှင့် မကြာခဏ​ရင်ဆိုင်​ရ​၏။


သို့ဖြစ်၍ ငါ​တို့​သည် ကိုယ်ခန္ဓာ​၌​ရှိ​သည်​ဖြစ်စေ၊ ဝေးကွာ​လျက်​ရှိ​သည်​ဖြစ်စေ ကိုယ်တော်​နှစ်သက်​တော်မူ​သော​သူ​ဖြစ်​မည့်အကြောင်း ရည်မှန်း​ကြိုးစား​ကြ​၏။


ငါ​တို့​သည် ဘုရားသခင်​၏​လုပ်ဖော်ဆောင်ဖက်​များ​ဖြစ်​ကြ​သည်​နှင့်အညီ သင်​တို့​သည် ဘုရားသခင်​၏​ကျေးဇူး​တော်​ကို အချည်းနှီး​မ​ခံယူ​ကြ​နှင့်​ဟု သင်​တို့​အား​တိုက်တွန်း​နှိုးဆော်​ပါ​၏။


သင်​တို့​အတွက် ငါ​ကြိုးစား​လုပ်ဆောင်​ခဲ့​သော​အရာ​သည် အကြောင်း​တစ်စုံတစ်ခု​ကြောင့် အချည်းနှီး​ဖြစ်​ပြီ​လော​ဟု သင်​တို့​အတွက် ငါ​စိုးရိမ်​၏။


ထိုသို့အားဖြင့် ငါ​သည် အချည်းနှီး​ပြေး​ခဲ့​သည်​မ​ဟုတ်​ကြောင်း​နှင့် အချည်းနှီး​အားထုတ်​လုပ်ဆောင်​ခဲ့​သည်​မ​ဟုတ်​ကြောင်း ခရစ်တော်​၏​နေ့ရက်​၌ ဂုဏ်ယူ​ဝါကြွား​နိုင်​လိမ့်မည်။


ငါ​သည် သင်​တို့​အကြောင်း​ကို​ကြားသိ​၍ အားတက်​လာ​စေရန် တိမောသေ​ကို သင်​တို့​ထံသို့ မကြာမီ​စေလွှတ်​နိုင်​မည်​ဟု သခင်​ယေရှု​၌ ငါ​မျှော်လင့်​ထား​၏။


ငါ​သည်​လည်း တန်ခိုး​တော်​အားဖြင့် ငါ့​အထဲ၌​လုပ်ဆောင်​နေ​သည့် ကိုယ်တော်​၏​လုပ်ဆောင်​မှု​အတိုင်း ထို​အမှု​အတွက် ကြိုးစား​အားထုတ်​နေ​၏။


ညီအစ်ကို​တို့၊ ငါ​တို့​၏​ကြိုးပမ်း​အားထုတ်​မှု​နှင့်​ပင်ပန်း​ခက်ခဲ​မှု​တို့​ကို သင်​တို့​မှတ်မိ​ကြ​၏။ ငါ​တို့​သည် သင်​တို့​ထဲမှ မည်သူ့​အပေါ်​၌​မျှ ဝန်ထုပ်ဝန်ပိုး​မ​ဖြစ်​စေရန် နေ့​ရော​ည​ပါ​အလုပ်​လုပ်​လျက် ဘုရားသခင်​၏​ကောင်းမြတ်​သော​သတင်း​ကို သင်​တို့​အား ဟောပြော​ကြ​၏။


နောက်ဆုံး​အနေဖြင့်​ဆိုရလျှင် ညီအစ်ကို​တို့၊ သင်​တို့​သည် ဘုရားသခင်​ကို​နှစ်သက်​စေ​ရန် မည်ကဲ့သို့​အသက်ရှင်​လျှောက်လှမ်း​ရ​မည်​ကို ငါ​တို့​ထံမှ​နည်းခံ​ကြ​ပြီး ထို​အတိုင်း​အသက်ရှင်​လျှောက်လှမ်း​ကြ​သည့်​နည်းတူ ပို၍​ပြည့်စုံ​စွာ ကြိုးစား​အားထုတ်​ကြ​ရန် သင်​တို့​အား သခင်​ယေရှု​၏​နာမ​တော်​၌ ငါ​တို့​တိုက်တွန်း​နှိုးဆော်​လျက် တောင်းပန်​ကြ​၏။


ညီအစ်ကို​တို့၊ သင်​တို့​အား ငါ​တို့​တိုက်တွန်း​နှိုးဆော်​သည်​ကား စည်းမဲ့​ကမ်းမဲ့​နေ​သော​သူ​တို့​ကို သတိပေး​ဆုံးမ​ကြ​လော့။ စိတ်အားငယ်​သော​သူ​တို့​ကို နှစ်သိမ့်​ကြ​လော့။ အားနည်း​သော​သူ​တို့​ကို ထောက်မ​ကြ​လော့။ လူ​အပေါင်း​တို့​အပေါ် စိတ်ရှည်​သည်းခံ​ကြ​လော့။


အသက်ကြီး​သော​ယောက်ျား​တို့​ကို ပြစ်တင်​မောင်းမဲ​ခြင်း​မ​ပြု​ဘဲ ဖခင်​ကဲ့သို့​လည်းကောင်း၊ ငယ်ရွယ်​သော​ယောက်ျား​တို့​ကို ညီအစ်ကို​ကဲ့သို့​လည်းကောင်း၊


ကျန်​သော​သူ​တို့​သည်​လည်း ကြောက်ရွံ့​ခြင်း​ရှိ​ကြ​စေရန် အပြစ်​ပြု​သော​သူ​တို့​ကို အားလုံး​ရှေ့​၌ ဆိုဆုံးမ​လော့။


ကြိုးစား​လုပ်ဆောင်​သော​ခြံသမား​သည် အသီးအနှံ​များ​၏​အဦးဆုံး​သော​ဝေစု​ကို ခံစား​သင့်​၏။


အချိန်တန်​သောအခါ ဟောပြော​ခြင်း​အမှု​အားဖြင့် မိမိ​၏​နှုတ်ကပတ်​တရား​ကို ထင်ရှား​စေ​တော်မူ​၍ ငါ​တို့​၏​ကယ်တင်ရှင်​ဘုရားသခင်​၏​အမိန့်​တော်​အတိုင်း ထို​အမှု​ကို ငါ့​အား​ယုံကြည်​အပ်နှံ​တော်မူ​၏။


ကရေတေ​ကျွန်း​တွင် သင့်​ကို ငါ​ထားခဲ့​ခြင်း​မှာ သင့်​အား ငါ​မှာကြား​ထား​သည့်​အတိုင်း လိုအပ်​သည့်​အရာ​များ​ကို စီမံ​ဆောင်ရွက်​ရန်​နှင့် မြို့​တိုင်း​တွင် အသင်းတော်​အကြီးအကဲ​များ​ကို ခန့်ထား​ရန်​အတွက်​ဖြစ်​၏။


သင်​သည် ဤ​အရာ​များ​ကို အမိန့်​အာဏာ​အပြည့်အဝ​ဖြင့်​ဟောပြော​လျက် တိုက်တွန်း​နှိုးဆော်​ကာ အပြစ်​ကို​ဖော်ပြ​လော့။ မည်သူမျှ သင့်​ကို မထီမဲ့မြင်​မ​ပြု​စေ​နှင့်။


သင်​တို့​၏​ခေါင်းဆောင်​များ​သည် ဖြေရှင်းချက်​ပေး​ရ​မည့်​သူ​အဖြစ် သင်​တို့​၏​စိတ်ဝိညာဉ်​အတွက် နိုးနိုးကြားကြား​ရှိ​နေ​ကြ​သည်​ဖြစ်၍ သူ​တို့​သည် ညည်းတွား​ခြင်း​မ​ရှိ​ဘဲ ဝမ်းမြောက်​စွာ​ဖြင့် ထို​အမှု​ကို​ဆောင်ရွက်​နိုင်​ရန် သူ​တို့​စကား​ကို​နားထောင်​လျက် ကျိုးနွံ​နာခံ​ကြ​လော့။ သို့မဟုတ်​လျှင် သင်​တို့​အတွက် အကျိုး​ရှိ​လိမ့်မည်​မ​ဟုတ်။


ဘုရားသခင်​၏​နှုတ်ကပတ်တော်​ကို သင်​တို့​အား​ဟောပြော​ခဲ့​သည့် သင်​တို့​၏​ခေါင်းဆောင်​များ​ကို သတိရ​ကြ​လော့။ သူ​တို့​၏​အသက်ရှင်​နေထိုင်​မှု​မှ​ထွက်ပေါ်လာ​သည့် အကျိုးတရား​ကို​ကြည့်ရှု​ဆင်ခြင်​လျက် သူ​တို့​၏​ယုံကြည်​ခြင်း​ကို အတုယူ​ကြ​လော့။


ငါ​၏​လက်ယာ​လက်​တွင် သင်​မြင်​ရ​သော ကြယ်​ခုနစ်​လုံး​နှင့်​ရွှေ​ဆီမီးခုံ​ခုနစ်​ခု​တို့​၏​လျှို့ဝှက်​နက်နဲ​သော​အဓိပ္ပာယ်​မှာ ကြယ်​ခုနစ်​လုံး​သည် အသင်းတော်​ခုနစ်​ပါး​၏​စေတမန်​များ​ဖြစ်​ကြ​ပြီး ဆီမီးခုံ​ခုနစ်​ခု​သည် အသင်းတော်​ခုနစ်​ပါး​ဖြစ်​ကြ​၏။


ပေရဂံ​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ အသွား​နှစ်ဖက်​ပါ​သည့် ထက်​သော​သန်လျက်​ရှိ​သော​သူ​က ဤသို့​မိန့်​တော်မူ​၏။


သွာတိရ​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ မီးလျှံ​ကဲ့သို့သော​မျက်စိ​နှင့် တောက်ပ​သော​ကြေးဝါ​နှင့်​တူ​သော​ခြေ​ရှိ​သည့် ဘုရားသခင်​၏​သား​တော်​က ဤသို့​မိန့်​တော်မူ​၏။


သင်​သည် သည်းခံ​ခြင်း​ရှိ​လျက် ငါ​၏​နာမ​အတွက် အပင်ပန်း​ခံ​၍ အားလျော့​ခြင်း​မ​ရှိ​ခဲ့​ချေ။


စမုရန​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ အဦးဆုံး​နှင့်​နောက်ဆုံး​ဖြစ်​သူ၊ သေ​ခဲ့​သော်လည်း ပြန်၍​အသက်ရှင်​သော​သူ​က ဤသို့​မိန့်​တော်မူ​၏။


သာဒိ​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ ဘုရားသခင်​၏​ဝိညာဉ်​ခုနစ်​ပါး​နှင့် ကြယ်​ခုနစ်​လုံး​ရှိ​သော​သူ​က ဤသို့​မိန့်​တော်မူ​၏။ သင်​၏​လုပ်ဆောင်​မှု​များ​ကို ငါ​သိ​၏။ သင်​သည် အသက်ရှင်​နေ​သည်​ဟု နာမည်​ခံ​ထား​သော်လည်း သေ​သော​သူ​ဖြစ်​၏။


လောဒိကိ​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ အာမင်​ဖြစ်​သော​သူ၊ သစ္စာ​ရှိ​သည့် ဖြောင့်မှန်​သော​သက်သေ၊ ဘုရားသခင်​၏​ဖန်ဆင်း​တော်မူ​ခြင်း​တွင် အစအဦး​ဖြစ်​သော​သူ​က ဤသို့​မိန့်​တော်မူ​၏။


ဖိလဒေလဖိ​မြို့​၌​ရှိ​သော အသင်းတော်​၏​စေတမန်​အား ဤသို့​ရေး​လိုက်​လော့။ သန့်ရှင်း​သော​သူ၊ ဖြောင့်မှန်​သော​သူ၊ ဒါဝိဒ်​၏​သော့​ကို​ကိုင်​ထား​သော​သူ၊ မည်သူမျှ​မ​ပိတ်​နိုင်​အောင်​ဖွင့်​သော​သူ၊ မည်သူမျှ​မ​ဖွင့်​နိုင်​အောင်​ပိတ်​သော​သူ​က ဤသို့​မိန့်​တော်မူ​၏။