အကြောင်းမူကား ကိုယ်တော်၏အမျက်တော်သည် ခဏသာဖြစ်၏။ ကိုယ်တော်၏ကျေးဇူးတော်မူကား တစ်သက်လုံးတည်၏။ နေဝင်ချိန်၌ ငိုကြွေးခြင်းသည် လာ၍တည်းခိုသော်လည်း နံနက်အချိန်၌ ရွှင်လန်းစွာကြွေးကြော်ခြင်းသည် ရောက်လာ၏။
၁ သက် 3:8 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် သခင်ဘုရား၌ခိုင်မြဲစွာရပ်တည်လျှင် ယခု ငါတို့အသက်ရှင်နိုင်၏။ Common Language Bible သင်တို့သည်သခင်ဘုရားနှင့်တစ်လုံးတစ်ဝ တည်းဖြစ်ခြင်း၌ကြံ့ခိုင်စွာရပ်တည်ကြ သဖြင့် ငါတို့အသက်ရှင်ရကျိုးနပ်ပေပြီ။- Garrad Bible အ ရှင် ဘု ရား၌ သင် တို့ တည် မြဲ လျက် နေ ကြ လျှင် ငါ တို့ သည် ယ ခု အ သက် ရှင် လျက် နေ ကြ၏။ Judson Bible ယခုမှာ သင်တို့သည် သခင်ဘုရား၌ တည်ကြည်လျှင်၊ ငါတို့သည် အသက်ရှင်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် ဆက်လက်၍ သခင်ဘုရားကို ခိုင်မာစွာ ယုံကြည်နေသောကြောင့် ယခု ကျွန်ုပ်တို့စိတ်အေးကြရ၏။ |
အကြောင်းမူကား ကိုယ်တော်၏အမျက်တော်သည် ခဏသာဖြစ်၏။ ကိုယ်တော်၏ကျေးဇူးတော်မူကား တစ်သက်လုံးတည်၏။ နေဝင်ချိန်၌ ငိုကြွေးခြင်းသည် လာ၍တည်းခိုသော်လည်း နံနက်အချိန်၌ ရွှင်လန်းစွာကြွေးကြော်ခြင်းသည် ရောက်လာ၏။
ငါ၌တည်နေကြလော့။ ငါသည်လည်း သင်တို့၌တည်နေမည်။ စပျစ်ကိုင်းသည် စပျစ်ပင်၌မတည်မနေလျှင် အလိုအလျောက်အသီးမသီးနိုင်သကဲ့သို့ သင်တို့သည်လည်း ငါ၌မတည်မနေလျှင် အသီးမသီးနိုင်။
သင်တို့သည် ငါ၌တည်နေ၍ ငါ့စကားတို့သည် သင်တို့၌တည်နေလျှင် သင်တို့လိုချင်သမျှတို့ကို တောင်းကြလော့။ တောင်းလျှင် သင်တို့အတွက် ပြည့်စုံစေတော်မူလိမ့်မည်။
ထို့ကြောင့် ယေရှုသည် မိမိကိုယုံကြည်သော ဂျူးလူမျိုးတို့အား“သင်တို့သည် ငါ၏တရားစကား၌တည်လျှင် ငါ့တပည့်အမှန်ဖြစ်ကြပြီး
ဗာနဗသည် ရောက်လာ၍ ဘုရားသခင်၏ကျေးဇူးတော်ကိုမြင်သောအခါ ဝမ်းမြောက်လျက် ထိုသူအပေါင်းတို့အား စိတ်နှလုံးခိုင်မြဲစွာဖြင့် သခင်ဘုရား၌ ဆက်လက်တည်နေကြရန် တိုက်တွန်းနှိုးဆော်လေ၏။
ထို့ကြောင့် ငါချစ်သောညီအစ်ကိုတို့၊ သခင်ဘုရား၌ သင်တို့၏ကြိုးပမ်းအားထုတ်မှုသည် အချည်းနှီးမဖြစ်ကြောင်းသိမှတ်၍ ခိုင်မြဲစွာရပ်တည်လျက် ဖောက်ပြန်ရွေ့လျောခြင်းမရှိဘဲ သခင်ဘုရား၏အမှုတော်ကို အစဉ်အမြဲ စွမ်းစွမ်းတမံဆောင်ရွက်ကြလော့။
သတိဝီရိယရှိကြလော့။ ယုံကြည်ခြင်း၌ ခိုင်မြဲစွာရပ်တည်ကြလော့။ ရဲစွမ်းသတ္တိရှိကြလော့။ ကြံ့ခိုင်သန်စွမ်းကြလော့။
လွတ်လပ်မှုကိုရရှိစေရန် ခရစ်တော်သည် ငါတို့ကို လွတ်မြောက်စေတော်မူပြီ။ ထို့ကြောင့် ခိုင်မြဲစွာရပ်တည်လျက် ကျွန်ထမ်းပိုးတွင် နောက်တစ်ဖန် ချည်နှောင်ခြင်းမခံကြနှင့်။
ယုံကြည်ခြင်းအားဖြင့် သင်တို့စိတ်နှလုံးထဲ၌ ခရစ်တော်သည် ကိန်းဝပ်တော်မူမည့်အကြောင်းနှင့် သင်တို့သည် မေတ္တာတော်၌ အမြစ်တွယ်၍အုတ်မြစ်ချထားကာ
အကြောင်းမူကား ငါ့အနေဖြင့် အသက်ရှင်ခြင်းသည် ခရစ်တော်ဖြစ်၏။ သေခြင်းသည်လည်း အကျိုးကျေးဇူးဖြစ်၏။
မည်သို့ပင်ဖြစ်စေ သင်တို့သည် ခရစ်တော်၏ကောင်းမြတ်သောသတင်းနှင့်ထိုက်တန်စွာ ပြုမူနေထိုင်ကြလော့။ ဤသည်ကား သင်တို့သည် ဝိညာဉ်တစ်ပါးတည်း၌ ခိုင်မြဲစွာရပ်တည်လျက် တစ်စိတ်တစ်သဘောတည်းဖြင့် ကောင်းမြတ်သောသတင်းနှင့်ဆိုင်သည့် ယုံကြည်ခြင်းအတွက် အတူတကွကြိုးစားလုပ်ဆောင်ကာ ဆန့်ကျင်သူများကြောင့် မည်သည့်အရာ၌မျှ ကြောက်ရွံ့ခြင်းမရှိကြောင်းကို ငါသည် သင်တို့နှင့်လာ၍တွေ့ဆုံသည်ဖြစ်စေ၊ ကွဲကွာနေသည်ဖြစ်စေ၊ သင်တို့နှင့်ပတ်သက်၍ ကြားသိနိုင်ရန်ဖြစ်၏။
ထို့ကြောင့် ငါ၏ဝမ်းမြောက်ခြင်းအကြောင်းနှင့် ငါ၏သရဖူဖြစ်သည့် ငါချစ်၍လွမ်းဆွတ်သော ငါ့ညီအစ်ကိုတို့၊ ငါဆိုခဲ့သည့်အတိုင်း သခင်ဘုရား၌ ခိုင်မြဲစွာရပ်တည်ကြလော့၊ ငါချစ်သောသူတို့။
သို့သော် သင်တို့သည် သင်တို့ကြားခဲ့ရသည့် ကောင်းမြတ်သောသတင်း၏မျှော်လင့်ခြင်းမှ သွေဖည်မသွားဘဲ ခိုင်မြဲစွာအုတ်မြစ်ချထားသည့် ယုံကြည်ခြင်း၌ ဆက်၍တည်နေရမည်။ ထိုကောင်းမြတ်သောသတင်းကို ကောင်းကင်အောက်ရှိ ဖန်ဆင်းခံလောကတစ်ခုလုံးအား ဟောပြောနေသည်ဖြစ်၍ ငါပေါလုသည် ၎င်း၏အမှုတော်ဆောင်ဖြစ်လာ၏။
သို့ဖြစ်၍ ညီအစ်ကိုတို့၊ ငါတို့သည် ခက်ခဲကျပ်တည်းခြင်းနှင့်ဆင်းရဲဒုက္ခအမျိုးမျိုးကိုခံရစဉ်တွင် သင်တို့၏ယုံကြည်ခြင်းကြောင့် သင်တို့နှင့်ပတ်သက်၍ နှစ်သိမ့်မှုကိုခံစားရကြ၏။
ကတိပေးတော်မူသောအရှင်သည် သစ္စာနှင့်ပြည့်စုံတော်မူသည်ဖြစ်၍ ယိမ်းယိုင်ခြင်းမရှိဘဲ ငါတို့ဝန်ခံသောမျှော်လင့်ခြင်းကို စွဲကိုင်ထားကြကုန်စို့။
အကြောင်းမူကား ငါတို့သည် အစ၌ရှိသောစိတ်ချမှုကို အဆုံးတိုင်အောင် ခိုင်မြဲစွာစွဲကိုင်ထားလျှင် ခရစ်တော်နှင့်စပ်ဆိုင်သောသူများဖြစ်ကြ၏။
ထို့ကြောင့် ကောင်းကင်တို့ကိုဖြတ်၍ကြွတော်မူသည့် ကြီးမြတ်သော ယဇ်ပုရောဟိတ်မင်းတည်းဟူသော ဘုရားသခင်၏သားတော်ယေရှုသည် ငါတို့၌ရှိတော်မူသည်ဖြစ်၍ ငါတို့ယုံကြည်ဝန်ခံသောအရာကို စွဲကိုင်ထားကြကုန်စို့။
သင်တို့ကို မိမိ၏ထာဝရဘုန်းအသရေတော်ထဲသို့ ခရစ်တော်ယေရှုအားဖြင့် ခေါ်ယူတော်မူသောအရှင်၊ ကျေးဇူးတော်အပေါင်းနှင့်ပြည့်စုံတော်မူသော ဘုရားသခင်ကိုယ်တော်တိုင်သည် ဒုက္ခဝေဒနာခေတ္တခဏခံစားပြီးသောသင်တို့ကို စုံလင်စေ၍ ခွန်အားနှင့်ပြည့်စုံစေကာ တည်ကြည်ခိုင်ခံ့မြဲမြံစေတော်မူလိမ့်မည်။
ထို့ကြောင့် ချစ်ရသောသူတို့၊ ဤအရာတို့ကို သင်တို့သိထားနှင့်ပြီဖြစ်၍ စောင့်စည်းမှုမရှိသောသူတို့၏မှားယွင်းခြင်းသို့ လိုက်ပါသွားလျက် မိမိတို့၏တည်ကြည်မှုကို မဆုံးရှုံးစေရန် မိမိကိုယ်ကိုစောင့်ထိန်းကြလော့။
ငါသည် အလျင်အမြန်လာမည်။ သင်၏သရဖူကို မည်သူမျှမလုယူစေရန် သင်၌ရှိသောအရာကို စွဲကိုင်ထားလော့။
ထို့ကြောင့် သင်သည် မည်သို့ခံယူ၍ ကြားနာခဲ့သည်ကို သတိရလျက် ထိုအရာတို့ကိုစောင့်ထိန်းလော့။ နောင်တရလော့။ သင်သည် သတိနှင့်စောင့်နေခြင်းမရှိပါက သူခိုးကဲ့သို့ ငါလာမည်ဖြစ်၍ မည်သည့်အချိန်၌ သင့်ထံသို့ငါလာမည်ကို သင်လုံးဝသိလိမ့်မည်မဟုတ်။
သင်တို့က ‘အသင်နာဗလ၊ အသက်ရှည်ပါစေ။ ချမ်းမြေ့ပါစေ။ သင့်အိမ်သူအိမ်သားများလည်း ချမ်းမြေ့ကြပါစေ။ သင်၌ရှိသောသူအပေါင်းတို့လည်း ချမ်းမြေ့ကြပါစေ။