သူတို့၏ရုပ်တုများမူကား ရွှေ၊ ငွေဖြစ်ကြပြီး လူ့လက်ဖြင့်ပြုလုပ်သောအရာများဖြစ်ကြ၏။
၁ သက် 3:12 - မြန်မာ့စံမီသမ္မာကျမ်း ငါတို့သည် သင်တို့ကိုချစ်သကဲ့သို့ သင်တို့သည်လည်း အချင်းချင်းချစ်သောမေတ္တာ၌လည်းကောင်း၊ လူအပေါင်းတို့ကိုချစ်သောမေတ္တာ၌လည်းကောင်း တိုးပွား၍ ကြွယ်ဝပြည့်စုံမည့်အကြောင်း သခင်ဘုရားပြုတော်မူပါစေသော။ Common Language Bible မိမိတို့အချင်းချင်းနှင့်လူခပ်သိမ်းတို့ အပေါ် သင်တို့ထားရှိသောမေတ္တာသည် သင် တို့အပေါ် ငါတို့ထားရှိသည့်မေတ္တာတမျှ ကြီးမားလာစေရန် သင်တို့အားသခင် ဘုရားကူမတော်မူပါစေသော။- Garrad Bible ငါ တို့ သည် သင် တို့ အား မေ တ္တာ ပွား များ ကြွယ် ဝ သည့် နည်း တူ သင် တို့ လည်း အ ချင်း ချင်း တို့ အား လည်း ကောင်း၊ လူ ခပ် သိမ်း တို့ အား လည်း ကောင်း၊ ပွား များ ကြွယ် ဝ ကြ စေ ခြင်း ငှာ အ ရှင် ဘု ရား ပြု ပြင် တော် မူ ပါ စေ သော။ Judson Bible ထိုသခင်သည် မိမိသန့်ရှင်းသူအပေါင်းတို့နှင့်အတူ ကြွလာတော်မူသောအခါ။ ငါတို့အဘတည်းဟူသော ဘုရားသခင့်ရှေ့မှာ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သော သင်တို့၏ စိတ်နှလုံးကို ကိုယ်တော်သည် သန့်ရှင်းခြင်းပါရမီ၌ မြဲမြံခိုင်ခံ့စိမ့်သောငှာ ငါတို့သည် သင်တို့ကို ချစ်သကဲ့သို့ သင်တို့သည် အချင်းချင်းကိုလည်းကောင်း၊ သူတစ်ပါးအပေါင်းတို့ကိုလည်းကောင်း ချစ်၍၊ ချစ်ခြင်းမေတ္တာနှင့် အထူးသဖြင့် ကြွယ်ဝပြည့်စုံမည်အကြောင်း သခင်ဘုရား ပြုတော်မူပါစေသော။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်တို့၏ မေတ္တာသည် သင်တို့အပေါ်တွင် ပွားများသကဲ့သို့ သင်တို့၏ မေတ္တာသည်လည်း သင်တို့အချင်းချင်းနှင့် လူတိုင်းအပေါ်တွင် ပို၍ ပွားများရန် သခင်ဘုရား ပြုတော်မူပါစေသော။ |
သူတို့၏ရုပ်တုများမူကား ရွှေ၊ ငွေဖြစ်ကြပြီး လူ့လက်ဖြင့်ပြုလုပ်သောအရာများဖြစ်ကြ၏။
ဒုတိယပညတ်ချက်သည်လည်း ၎င်းနည်းတူဖြစ်ပြီး ‘ကိုယ့်ဝန်းကျင်၌ရှိသောသူကို ကိုယ်နှင့်အမျှချစ်ရမည်’ဟူ၍ ဖြစ်၏။
သို့ဖြစ်၍ သင်တို့သည် သူတစ်ပါးအားသင်တို့အပေါ်ပြုစေလိုသမျှအတိုင်း သူတစ်ပါးအပေါ်ပြုကြလော့။ ဤသည်ကား ပညတ်တရားကျမ်းနှင့်ပရောဖက်ကျမ်းများ၏အချုပ်ဖြစ်၏။
ထိုအခါ တမန်တော်တို့က သခင်ဘုရားအား “အကျွန်ုပ်တို့၏ယုံကြည်ခြင်းကို တိုးပွားစေတော်မူပါ”ဟု လျှောက်ကြ၏။
အချင်းချင်းချစ်ခြင်းမှတစ်ပါး မည်သည့်အကြွေးမျှ မတင်စေကြနှင့်။ သူတစ်ပါးကိုချစ်သောသူသည် ပညတ်တရားကိုပြည့်စုံစေပြီ။
မျိုးကြဲသောသူအား မျိုးစေ့ကိုပေး၍ အစာအတွက် မုန့်ကိုပေးတော်မူသောအရှင်သည် သင်တို့၏မျိုးစေ့ကိုလည်း ပြင်ဆင်ပေး၍ ပွားများစေကာ သင်တို့၏ဖြောင့်မတ်ခြင်းဆိုင်ရာ အသီးအပွင့်တို့ကို တိုးပွားစေတော်မူလိမ့်မည်။
ဝိညာဉ်တော်၏အသီးအပွင့်မူကား ချစ်ခြင်း၊ ဝမ်းမြောက်ခြင်း၊ ငြိမ်သက်ခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ ကောင်းမြတ်ခြင်း၊ သစ္စာစောင့်ခြင်း၊
ခရစ်တော်ယေရှု၌မူကား အရေဖျားလှီးခြင်းဖြစ်စေ၊ အရေဖျားမလှီးခြင်းဖြစ်စေ မည်သည့်အရာကိုမျှ မစွမ်းဆောင်နိုင်။ မေတ္တာအားဖြင့်လုပ်ဆောင်သော ယုံကြည်ခြင်းကသာ စွမ်းဆောင်နိုင်၏။
သင်တို့၏ချစ်ခြင်းမေတ္တာသည် စစ်မှန်သောအသိပညာနှင့် ထိုးထွင်းဉာဏ်အမျိုးမျိုးတို့၌ ပို၍ပို၍ပြည့်စုံလာသဖြင့်
ထိုနည်းတူ သင်တို့သည် ငါတို့ချစ်သောသူများဖြစ်လာကြသောကြောင့် ငါတို့သည် သင်တို့ကိုချစ်ခင်တွယ်တာလျက် ဘုရားသခင်၏ကောင်းမြတ်သောသတင်းကိုသာမက ငါတို့၏အသက်ကိုပင် ဝေမျှပေးရန် စေတနာစိတ်ရှိကြ၏။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ သင်တို့သည် ဘုရားသခင်ကိုနှစ်သက်စေရန် မည်ကဲ့သို့အသက်ရှင်လျှောက်လှမ်းရမည်ကို ငါတို့ထံမှနည်းခံကြပြီး ထိုအတိုင်းအသက်ရှင်လျှောက်လှမ်းကြသည့်နည်းတူ ပို၍ပြည့်စုံစွာ ကြိုးစားအားထုတ်ကြရန် သင်တို့အား သခင်ယေရှု၏နာမတော်၌ ငါတို့တိုက်တွန်းနှိုးဆော်လျက် တောင်းပန်ကြ၏။
မည်သူမျှ သူတစ်ပါးအပေါ် အဆိုးကိုအဆိုးဖြင့်မတုံ့ပြန်ကြစေရန် သတိပြုကြလော့။ အချင်းချင်းအတွက်လည်းကောင်း၊ လူအပေါင်းတို့အတွက်လည်းကောင်း ကောင်းကျိုးကိုသာ အစဉ်ကြိုးစားပြုကြလော့။
ညီအစ်ကိုတို့၊ ငါတို့သည် သင်တို့အတွက် ဘုရားသခင်ကို အစဉ်အမြဲကျေးဇူးတင်သင့်၏။ ထိုသို့ပြုခြင်းသည်လည်း သင့်လျော်ပေ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ယုံကြည်ခြင်းသည် အလွန်တိုးပွား၍ အချင်းချင်းအပေါ်၌ထားသော သင်တို့တစ်ဦးစီ၏ချစ်ခြင်းမေတ္တာသည်လည်း ပွားများလျက်ရှိ၏။
ကောင်းမြတ်သောလက်ဆောင်ရှိသမျှနှင့် စုံလင်သောဆုကျေးဇူးရှိသမျှတို့သည် အထက်အရပ်မှလာ၍ အလင်းတို့၏အဖထံတော်မှဆင်းသက်၏။ ထိုအဖထံတော်၌ ပြောင်းလဲခြင်း၊ သို့မဟုတ် ရွေ့လျားတတ်သည့်အရိပ်ဟူ၍မရှိ။
ဘုရားဝတ်၌မွေ့လျော်ခြင်း၌ ညီအစ်ကိုချင်းချစ်သောမေတ္တာကိုလည်းကောင်း၊ ညီအစ်ကိုချင်းချစ်သောမေတ္တာ၌ ချစ်ခြင်းမေတ္တာကိုလည်းကောင်း လုံ့လဝီရိယရှိသမျှဖြင့် ထပ်ဆင့်ဖြည့်စွက်ကြလော့။
ငါတို့၏သခင်နှင့်ကယ်တင်ရှင်ဖြစ်တော်မူသော ယေရှုခရစ်တော်၏ကျေးဇူးတော်၌လည်းကောင်း၊ ကိုယ်တော်ကိုသိသောဉာဏ်၌လည်းကောင်း ကြီးထွားကြလော့။ ယခုမှစ၍ ထာဝရနေ့ရက်ကာလတိုင်အောင် ကိုယ်တော်၌ ဘုန်းအသရေတော်ရှိပါစေသော။ အာမင်။