ရှောလုမင်းကြီး၏စစ်သူကြီး၊ နေရ၏သား အာဗနာကား ရှောလုမင်းကြီး၏သား ဣရှဗောရှက်ကိုခေါ်၍ မဟာနိမ်မြို့သို့ သူ့ကို ဆောင်သွားလေ၏။
၁ ရာချုပ် 8:33 - မြန်မာ့စံမီသမ္မာကျမ်း နေရသည် သားကိရှကိုရ၏။ ကိရှသည် သားရှောလုကိုရ၏။ ရှောလုသည် သားယောနသန်၊ မေလခိရွှ၊ အဘိနဒပ်၊ ဣရှဗာလ တို့ကိုရ၏။ Common Language Bible နေရ၏သားသည်ကိရှ၊ ကိရှ၏သားမှာ ရှောလုဖြစ်၏။ ရှောလုတွင်ယောနသန်၊ မေလခိရွှ၊ အဘိနာဒပ်၊ ဣရှဗာလဟူ၍ သားလေးယောက်ရှိ၏။- Garrad Bible နေ ရ သား ကား ကိ ရှ။ ကိ ရှ သား ကား ရှော လု မင်း။ ရှော လု မင်း သား တော် များ ကား ယော န သန်၊ မေ လ ခိ ရွှ၊ အ ဘိ န ဒပ်၊ ဣ ရှ ဗာ လ တို့ တည်း။ Judson Bible နေရသားကား ကိရှ၊ ကိရှသား ရှောလု၊ ရှောလုသား ယောနသန်၊ မေလခိရွှ၊ အဘိနာဒပ်၊ ဣရှဗာလတည်း။ |
ရှောလုမင်းကြီး၏စစ်သူကြီး၊ နေရ၏သား အာဗနာကား ရှောလုမင်းကြီး၏သား ဣရှဗောရှက်ကိုခေါ်၍ မဟာနိမ်မြို့သို့ သူ့ကို ဆောင်သွားလေ၏။
ဒါဝိဒ်မင်းကြီးက လုလင်တို့အား အမိန့်ပေးလိုက်ရာ လုလင်တို့သည်လည်း ထိုညီအစ်ကိုကိုသတ်ပြီး ခြေလက်တို့ကိုဖြတ်ကာ ဟေဗြုန်မြို့ရှိရေကန်အနီးတွင် ချိတ်ဆွဲထားလေ၏။ ထို့နောက် ဣရှဗောရှက်မင်းကြီး၏ဦးခေါင်းကိုယူ၍ ဟေဗြုန်မြို့ရှိ အာဗနာ၏သင်္ချိုင်း၌ သင်္ဂြိုဟ်လိုက်ကြ၏။
မိကလုတ် တို့ဖြစ်ကြ၏။ မိကလုတ်သည် သားရှိမာကိုရ၏။ သူတို့သည် ဂျေရုဆလင်မြို့ရှိသူတို့၏ဆွေမျိုးသားချင်းများနှင့်အတူ ဆွေမျိုးသားချင်းများအနီးအနားတွင် နေထိုင်ကြ၏။
ထိုမှတစ်ဖန် သူတို့သည် ဘုရင်ကိုတောင်းကြသဖြင့် ဘုရားသခင်သည် ဗင်္ယာမိန်အနွယ်မှ ကိရှ၏သားရှောလုကို အနှစ်လေးဆယ်တိုင်တိုင် သူတို့အား ပေးတော်မူ၏။
ဖိလိတ္တိလူမျိုးတို့သည် ရှောလုမင်းကြီးနှင့် သူ့သားတို့နောက်သို့ ထက်ကြပ်မကွာလိုက်၍ ရှောလုမင်းကြီး၏သားများဖြစ်သော ယောနသန်၊ အဘိနဒပ်နှင့် မေလခိရွှတို့ကို ကွပ်မျက်လိုက်လေ၏။
ကိရှအမည်ရှိသော ဗင်္ယာမိန်အမျိုးသားတစ်ယောက်ရှိ၏။ သူသည် ဗင်္ယာမိန်အမျိုးသားအာဖိ၏တီ၊ ဗေခေါရတ်၏မြစ်၊ ဇေရော်၏မြေး၊ အဗျေလ၏သားဖြစ်၏။ သူသည် ဥစ္စာပစ္စည်းကြွယ်ဝသူတစ်ဦးဖြစ်၏။
ထိုသူ၌ ရှောလု ဟုခေါ်သော သားတစ်ယောက်ရှိ၏။ ရှောလုသည် ငယ်ရွယ်နုပျို၍ ရုပ်ရည်ခန့်ညားသောသူဖြစ်၏။ အစ္စရေးအမျိုးသားတို့ထဲတွင် သူ့ထက်ပို၍ရုပ်ရည်ခန့်ညားသောသူ တစ်ယောက်မျှမရှိ။ အခြားသူများထက်လည်း ခေါင်းတစ်လုံးစာ အရပ်ပိုမြင့်၏။