ဒါဝိဒ်မင်းကြီး၏သားအဗရှလုံတွင် တာမာအမည်ရှိသော၊ အဆင်းလှသောနှမတစ်ဦးရှိ၏။ ဒါဝိဒ်မင်းကြီး၏သားအာမနုန်သည် တာမာကိုချစ်၏။
၁ ရာချုပ် 3:1 - မြန်မာ့စံမီသမ္မာကျမ်း ဟေဗြုန်မြို့၌ ဒါဝိဒ်မင်းကြီးရသောသားများတွင် သားဦးမှာ ယေဇရေလမြို့သူအဟိနောင်နှင့်ရသောအာမနုန်၊ ဒုတိယသားမှာ ကရမေလမြို့သူအဘိဂဲလနှင့်ရသောဒံယေလ၊ Common Language Bible ဟေဗြုန်မြို့တွင်ဒါဝိဒ်မင်းနန်းစံစဉ်အခါ ရရှိသောသားများကား ကြီးစဉ်ငယ်လိုက် အောက်ပါအတိုင်းဖြစ်၏။ ယေဇရေလမြို့သူအဟိနောင်ကမွေးသော သားအာမနုန်၊ ကရမေလမြို့သူအဘိဂဲလကမွေးသော သားဒံယေလ၊ ဂေရှုရဘုရင်တာလမဲ၏သမီးမာခါက မွေးသောသားအဗရှလုံ၊ ဟ္ဂိတ်ကမွေးသောသားအဒေါနိယ၊ အဘိ တလကမွေးသောသားရှေဖတိ၊ ဧဂလမွေးသောသားဣသရံ။ Garrad Bible ဟေ ဗြုန် မြို့၌ ဒါ ဝိဒ် မင်း ရ သော သား တော် တို့ တွင် သား ဦး ကား၊ ယေ ဇ ရေ လ မြို့ သူ အ ဟိ နောင် မြင် သော သား တော် အာ မ နုန်၊ ဒု တိ ယ သား ကား က ရ မေ လ အ ရပ် သူ အ ဘိ ဂဲ လ မြင် သော သား တော် ဒံ ယေ လ။ Judson Bible ဟေဗြုန်မြို့၌ ဒါဝိဒ်မြင်သောသားတို့တွင် သားဦးကား၊ ယေဇရေလမြို့သူ အဟိနောင်တွင်မြင်သောသား အာမနုန်တည်း။ ဒုတိယသားကား၊ ကရမေလမြို့သူ အဘိဂဲလတွင် မြင်သောသား ဒံယေလတည်း။ |
ဒါဝိဒ်မင်းကြီး၏သားအဗရှလုံတွင် တာမာအမည်ရှိသော၊ အဆင်းလှသောနှမတစ်ဦးရှိ၏။ ဒါဝိဒ်မင်းကြီး၏သားအာမနုန်သည် တာမာကိုချစ်၏။
ဤသို့ဖြင့် အဗရှလုံ၏ငယ်သားတို့သည် အဗရှလုံမှာထားသည့်အတိုင်း အာမနုန်ကို ပြုလေ၏။ ထိုအခါ ရှင်ဘုရင်၏သားတော်အပေါင်းတို့သည် ထ၍ ကိုယ့်လားကိုယ်စီးပြီး ထွက်ပြေးကြလေ၏။
ရှောလုမင်းကြီးအမျိုးအနွယ်နှင့် ဒါဝိဒ်မင်းကြီးအမျိုးအနွယ်တို့သည် ကြာရှည်စွာ စစ်ဖြစ်ကြ၏။ ဒါဝိဒ်မင်းကြီးမှာ အင်အားကြီးလာသော်လည်း ရှောလုမင်းကြီးအမျိုးအနွယ်မှာ အားယုတ်လာ၏။
ဒါဝိဒ်မင်းကြီးသည် ဟေဗြုန်မြို့မှ ဂျေရုဆလင်မြို့သို့ ရောက်လာပြီးနောက် ဂျေရုဆလင်မြို့တွင် မိဖုရားများ၊ မောင်းမငယ်များ ထပ်ယူပြီး သားသမီးများလည်း ထပ်မံရရှိလေ၏။
ယာဗက်မြို့တွင်နေထိုင်သော စာရေးတော်ကြီးမျိုးနွယ်စုများ၊ တိရသိလူမျိုး၊ ရှိမသိလူမျိုး၊ စုခသိလူမျိုးတို့ ဖြစ်ကြ၏။ ဤသူတို့သည် ရေခပ်အမျိုးအနွယ်၏ဖခင်ဟမ္မတ်မှဆင်းသက်လာသော ကေနိလူမျိုးများဖြစ်၏။
ထာဝရဘုရားသည် ငါ့အား သားအများအပြားကိုပေးတော်မူ၏။ ထိုသားအပေါင်းတို့ထဲမှ သားတော်ရှောလမုန်ကို ရွေးချယ်တော်မူပြီး အစ္စရေးလူမျိုးကို အုပ်ချုပ်ရန်အတွက် ထာဝရဘုရား၏နိုင်ငံတော်ရာဇပလ္လင်ပေါ်တွင် စံမြန်းစေတော်မူ၏။
တတိယသားမှာ ဂေရှုရဘုရင်တာလမဲမင်းကြီး၏သမီးတော် မာခါနှင့်ရသောအဗရှလုံ၊ စတုတ္ထသားမှာ ဟဂ္ဂိတ်နှင့်ရသောအဒေါနိယ၊
ဒါဝိဒ်နှင့်အတူ သူ့နောက်လိုက်အားလုံးနှင့် သူတို့၏အိမ်ထောင်မိသားစုများအပါအဝင် ဒါဝိဒ်၏ဇနီးနှစ်ဦးဖြစ်သော ယေဇရေလမြို့သူ အဟိနောင်နှင့် ကရမေလမြို့သူ နာဗလ၏မယားဖြစ်ခဲ့ဖူးသော အဘိဂဲလတို့သည် ဂါသမြို့၌ အာခိတ်မင်းကြီးနှင့်အတူ နေထိုင်ကြ၏။