ယဇ်ပုရောဟိတ်တို့သည် ကိုယ်နှင့်ရင်းနှီးသူများထံမှ လက်ခံယူပြီး အိမ်တော်ပျက်စီးသည်ကိုတွေ့လျှင် ထိုအပျက်အစီးများကို ပြုပြင်စေ”ဟု မိန့်ဆို၏။
၁ ရာချုပ် 29:6 - မြန်မာ့စံမီသမ္မာကျမ်း ဘိုးဘေးခေါင်းဆောင်များ၊ အစ္စရေးအမျိုးအနွယ်ခေါင်းဆောင်များ၊ လူတစ်ရာအုပ်၊ လူတစ်ထောင်အုပ်၊ မင်းမှုထမ်းအကြီးအကဲများကလည်း စေတနာစိတ်ဖြင့် ပေးလှူကြ၏။ Common Language Bible ထိုအခါသားချင်းစုဦးစီးများ၊ အမျိုး အနွယ်ဝင်တို့ကိုအုပ်ချုပ်သူအရာရှိများ၊ တပ်မှူးများနှင့်ဘုရင့်ပစ္စည်းများကိုထိန်း သိမ်းအုပ်ချုပ်ရသူတို့သည်ဗိမာန်တော် အတွက်ပေးလှူရန်အလိုအလျောက်ဆန္ဒ ပြုကြကုန်၏။- Garrad Bible ဣ သ ရေ လ အ မျိုး အ နွယ်၊ ဦး စီး ဦး ကိုင် အိမ် ထောင် အ ကြီး အ ကဲ များ မှ စ၍ ထောင် တပ် မှူး၊ ရာ တပ် မှူး များ နှင့် အ ရာ ထမ်း အ ကြီး အ ကဲ တို့ သည်၊ Judson Bible အဆွေအမျိုးတို့၏ အကြီးအကဲများ၊ ဣသရေလအမျိုး အသီးအသီးတို့ကို အုပ်စိုးသောမင်းများ၊ လူတစ်ထောင်အုပ်၊ တစ်ရာအုပ်များ၊ ရှင်ဘုရင်၏အမှုတော်ကို စီရင်သောသူများတို့သည် ကြည်ညိုသောစိတ်ရှိ၍၊ |
ယဇ်ပုရောဟိတ်တို့သည် ကိုယ်နှင့်ရင်းနှီးသူများထံမှ လက်ခံယူပြီး အိမ်တော်ပျက်စီးသည်ကိုတွေ့လျှင် ထိုအပျက်အစီးများကို ပြုပြင်စေ”ဟု မိန့်ဆို၏။
အဒျေလ၏သား အာဇမာဝက်သည် ဘုရင့်ဘဏ္ဍာတိုက်ကို ကြီးကြပ်ပေးရ၏။ ဩဇိ၏သားယောနသန်သည် ကျေးလက်ဒေသများ၊ မြို့များ၊ ရွာများနှင့် ရဲတိုက်များ၌ရှိသော သိုလှောင်ရုံများကို ကြီးကြပ်ပေးရ၏။
ဒါဝိဒ်မင်းကြီးသည် အစ္စရေးအကြီးအကဲများ၊ မျိုးနွယ်စုအကြီးအကဲများ၊ မင်းမှုထမ်းတပ်ဖွဲ့အကြီးအကဲများ၊ လူတစ်ထောင်အုပ်များနှင့် လူတစ်ရာအုပ်များအားလုံး၊ ရှင်ဘုရင်နှင့်သားတော်တို့၏ဥစ္စာပစ္စည်းများ၊ တိရစ္ဆာန်များကိုကြီးကြပ်ပေးရသူများအားလုံး၊ နန်းတွင်းအကြီးအကဲများ၊ စစ်သူရဲများနှင့် ရဲစွမ်းသတ္တိရှိသူအားလုံးတို့ကို ဂျေရုဆလင်မြို့တွင် စုဝေးစေ၏။
လက်မှုပညာသည်များ အလုပ်လုပ်ဖို့လိုအပ်သမျှ ရွှေထည်အတွက် ရွှေ၊ ငွေထည်အတွက် ငွေ များကိုလည်း လှူ၏။ ယခု ထာဝရဘုရားအဖို့ မည်သူက ကိုယ့်ကိုယ်ကို ဆက်ကပ်ပေးလှူလိုသနည်း”ဟု မိန့်တော်မူလျှင်
ဘုရင့်မှူးမတ်တို့လည်း ပြည်သူပြည်သားများ၊ ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးတို့အား စေတနာအလျောက်ပေးလှူကြ၏။ ဘုရားသခင်၏အိမ်တော်အုပ်များဖြစ်ကြသော ဟိလခိ၊ ဇာခရိနှင့် ယေဟေလတို့လည်း ယဇ်ပုရောဟိတ်တို့အဖို့ ပသခါယဇ်အဖြစ် သိုးသငယ်၊ ဆိတ်သငယ်အကောင်ရေနှစ်ထောင့်ခြောက်ရာနှင့် နွားအကောင်ရေသုံးရာတို့ကို ပေးလှူကြ၏။
ဘေဘီလုံနယ်တစ်ဝန်းလုံးမှ ပေးလှူထောက်ပံ့သောရွှေငွေများ၊ ဂျေရုဆလင်မြို့ရှိဘုရားသခင်၏အိမ်တော်အဖို့ အစ္စရေးလူမျိုးနှင့် ယဇ်ပုရောဟိတ်တို့ စေတနာစိတ်ဖြင့်ပေးလှူလိုက်သော ရွှေငွေများကိုလည်း ယူဆောင်သွားလော့။
လူတစ်ဦးစီသည် နှမြောသောစိတ်ဖြင့်မဟုတ်။ မလွှဲမရှောင်သာသောအားဖြင့်လည်းမဟုတ်ဘဲ မိမိ၏စိတ်ထဲ၌ ဆုံးဖြတ်ထားသည့်အတိုင်း ပေးလှူသင့်၏။ အကြောင်းမူကား ဘုရားသခင်သည် ကြည်ဖြူသောစိတ်ဖြင့်ပေးလှူသောသူကို နှစ်သက်တော်မူ၏။