၂ ရာချုပ် 35:8 - မြန်မာ့စံမီသမ္မာကျမ်း8 ဘုရင့်မှူးမတ်တို့လည်း ပြည်သူပြည်သားများ၊ ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးတို့အား စေတနာအလျောက်ပေးလှူကြ၏။ ဘုရားသခင်၏အိမ်တော်အုပ်များဖြစ်ကြသော ဟိလခိ၊ ဇာခရိနှင့် ယေဟေလတို့လည်း ယဇ်ပုရောဟိတ်တို့အဖို့ ပသခါယဇ်အဖြစ် သိုးသငယ်၊ ဆိတ်သငယ်အကောင်ရေနှစ်ထောင့်ခြောက်ရာနှင့် နွားအကောင်ရေသုံးရာတို့ကို ပေးလှူကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible8 သူ၏မှူးမတ်များကလည်းပြည်သူများ၊ ယဇ်ပုရောဟိတ်များနှင့်လေဝိအနွယ်ဝင် တို့အသုံးပြုရန်အတွက်ပေးလှူကြလေ သည်။ ဗိမာန်တော်မှူးများဖြစ်ကြသောယဇ် ပုရောဟိတ်မင်းဟိလခိ၊ ဇာခရိနှင့်ယေ ဟေလတို့သည်ယဇ်ပုရောဟိတ်တို့အား သိုးငယ်ဆိတ်ငယ်ကောင်ရေနှစ်သောင်းခြောက် ထောင်နှင့်နွားကောင်ရေသုံးရာကိုပွဲတော် အတွင်းယဇ်ပူဇော်ရန်ပေးလှူကြ၏။- အခန်းကိုကြည့်ပါ။Garrad Bible8 မှူး တော် မတ် တော် တို့ လည်း၊ ပ ရော ဟိတ်၊ လေ ဝိ ဂိုဏ်း သား၊ လူ ပ ရိ သတ် တို့ အား၊ စေ တ နာ နှင့် ပေး ကြ သော်၊ ဘု ရား သ ခင့် ဗိ မာန် တော် မှူး ဟိ လ ခိ၊ ဇာ ခ ရိ၊ ယေ ဟေ လ တို့ သည်၊ ပ ရော ဟိတ် တို့ အား၊ ပ သ ခါ ပူ ဇော် သ က္ကာ အ ဖြစ်၊ သိုး ဆိတ် နှစ် ထောင့် ခြောက် ရာ၊ နွား သုံး ရာ များ ကို လည်း ကောင်း၊ အခန်းကိုကြည့်ပါ။Judson Bible8 မှူးမတ်တို့သည်လည်း၊ စေတနာစိတ်ရှိ၍ လူများ၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့အားပေးကြ၏။ ဗိမာန်တော်မှူးဟိလခိ၊ ဇာခရိ၊ ယေဟေလသည်လည်း၊ ပသခါပွဲ ခံစရာဖို့ သိုးဆိတ် နှစ်ထောင်ခြောက်ရာနှင့် နွားသုံးရာကို ယဇ်ပုရောဟိတ်တို့အား ပေးကြ၏။ အခန်းကိုကြည့်ပါ။ |
အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်သည် စိတ်နှလုံးကိုစစ်ကြော၍ သမာသမတ်ရှိသူကို နှစ်သက်တော်မူကြောင်း အကျွန်ုပ်သိပါ၏။ ယခု ဤအရာအားလုံးကို ဖြူစင်သောစိတ်ဖြင့် အကျွန်ုပ်လှူဒါန်းပါ၏။ အကျွန်ုပ်၌ရှိသောဤသူတို့သည်လည်း ကိုယ်တော့်ထံ စေတနာစိတ်ဖြင့် ပေးလှူကြသည်ကို မြင်တွေ့ရသဖြင့် ဝမ်းမြောက်ပါ၏။
အကြောင်းမူကား ယုဒဘုရင်ဟေဇကိမင်းကြီးသည် လူထုတစ်ရပ်လုံးအတွက် နွားအကောင်ရေတစ်ထောင်၊ သိုးအကောင်ရေခုနစ်ထောင်ကို ပေးလှူပူဇော်၏။ မှူးမတ်တို့သည်လည်း လူထုအတွက် နွားအကောင်ရေတစ်ထောင်၊ သိုးအကောင်ရေတစ်သောင်းကို ပေးလှူပူဇော်ကြ၏။ များစွာသောယဇ်ပုရောဟိတ်တို့သည်လည်း မိမိကိုယ်ကိုသန့်ရှင်းခြင်းဝတ်ပြုကြ၏။
သူတို့သည် ယဇ်ပုရောဟိတ်မင်းဟိလခိထံသွားပြီး ဘုရားသခင်၏အိမ်တော်အတွက် ယူဆောင်လာသောငွေကို ပေးအပ်၏။ ထိုငွေတို့သည် မနာရှေအမျိုး၊ ဧဖရိမ်အမျိုးတို့မှစ၍ ကြွင်းကျန်သောအစ္စရေးလူမျိုးအားလုံး၊ ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးအားလုံးနှင့် ဂျေရုဆလင်မြို့သားတို့ထံမှ လေဝိအမျိုးတံခါးစောင့်တို့ကောက်ခံရရှိသောငွေများ ဖြစ်၏။