ထာဝရဘုရားသည် အကျွန်ုပ်၏သခင် အရှင်မင်းကြီးနှင့်အတူ ရှိတော်မူသကဲ့သို့ ရှောလမုန်နှင့်လည်း အတူရှိတော်မူပါစေသော။ အကျွန်ုပ်၏သခင် အရှင်မင်းကြီးဒါဝိဒ်၏ရာဇပလ္လင်ထက် သူ၏ရာဇပလ္လင်ကို သာ၍ကြီးမြတ်စေတော်မူပါစေသော”ဟု ပြန်လျှောက်တင်၏။
၁ ရာချုပ် 29:25 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားကလည်း ရှောလမုန်မင်းကြီးအား အစ္စရေးလူမျိုးတစ်မျိုးနွယ်လုံးရှေ့တွင် အထူးချီးမြှောက်တော်မူပြီး ယခင်က အစ္စရေးလူမျိုးကို အုပ်စိုးခဲ့သောဘုရင်တို့တွင် မည်သူ၌မျှမရှိခဲ့ဖူးသောနိုင်ငံတော်ဘုန်းကျက်သရေကို ပေးတော်မူ၏။ Common Language Bible ထာဝရဘုရားသည်ဣသရေလအမျိုး သားအပေါင်း၏ရှေ့တွင်ရှောလမုန်အား လွန်စွာချီးမြှောက်တော်မူ၍ အခြားအဘယ် ဣသရေလဘုရင်မျှမရရှိဘူးသည့် ဘုန်းအသရေဖြင့်ပြည့်ဝစေတော်မူ၏။ Garrad Bible ထာ ဝ ရ ဘု ရား သည် ဣ သ ရေ လ တစ် မျိုး လုံး ရှေ့၊ ရှော လ မုန် မင်း ကို အ ထူး ချီး မြှောက် တော် မူ၍ ဣ သ ရေ လ ဘု ရင် တစ် ပါး မျှ မ ရ သော အာ ဏာ တန် ခိုး ကို ပေး သ နား တော် မူ ၏။ Judson Bible ထာဝရဘုရားသည် ဣသရေလအမျိုးသား အပေါင်းတို့ရှေ့မှာ ရှောလမုန်ကို အလွန်ချီးမြှောက်၍ ဣသရေလရှင်ဘုရင်တစ်ယောက်မျှ မခံစဖူးသော ဘုန်းအာနုဘော်တော်ကို ပေးသနားတော်မူ၏။ |
ထာဝရဘုရားသည် အကျွန်ုပ်၏သခင် အရှင်မင်းကြီးနှင့်အတူ ရှိတော်မူသကဲ့သို့ ရှောလမုန်နှင့်လည်း အတူရှိတော်မူပါစေသော။ အကျွန်ုပ်၏သခင် အရှင်မင်းကြီးဒါဝိဒ်၏ရာဇပလ္လင်ထက် သူ၏ရာဇပလ္လင်ကို သာ၍ကြီးမြတ်စေတော်မူပါစေသော”ဟု ပြန်လျှောက်တင်၏။
သင်တောင်းသည့်အတိုင်း ငါပေးမည်။ သင့်အား ဉာဏ်ပညာနှင့် ဝေဖန်ပိုင်းခြားနိုင်သောနှလုံးသားကို ပေးမည်။ သင်နှင့်တူသောသူ ယခင်ကမရှိခဲ့စဖူး၊ နောင်လည်း ရှိလိမ့်မည်မဟုတ်။
သင်မတောင်းသောဓနဥစ္စာနှင့် ဘုန်းအသရေကိုလည်း သင့်အား ငါပေးဦးမည်။ သင်အသက်ရှင်သမျှကာလပတ်လုံး ရှင်ဘုရင်တို့တွင် သင်နှင့်တူသောသူ တစ်ယောက်မျှမရှိစေရ။
မှူးမတ်များ၊ စစ်သူရဲများနှင့် ဒါဝိဒ်မင်းကြီး၏သားတော်အပေါင်းတို့သည် ရှောလမုန်မင်းကြီးထံ၌ သစ္စာခံကြ၏။
ဒါဝိဒ်မင်းကြီး၏သားတော် ရှောလမုန်မင်းကြီးသည် မိမိနိုင်ငံတော်ကို ခိုင်ခံ့တည်မြဲစေ၏။ သူ၏ဘုရားသခင်ထာဝရဘုရားသည် သူနှင့်အတူပါရှိပြီး သူ့ကိုအထူးချီးမြှောက်တော်မူ၏။
သင့်အား ဉာဏ်ပညာနှင့် အသိတရားများကိုသာမက သင့်ရှေ့၌ရှိခဲ့သောဘုရင်၊ သင့်နောက်တွင်ရှိမည့်ဘုရင်တို့၌ မရနိုင်သော ဓနဥစ္စာ၊ ကြွယ်ဝချမ်းသာခြင်းနှင့် ဂုဏ်သရေရှိခြင်းတို့ကိုပါ ငါပေးမည်”ဟု မိန့်တော်မူ၏။
လူသည် မည်သို့သောသူဖြစ်၍ ကိုယ်တော်သည် သူ့ကို ချီးမြှောက်ပြီး ကိုယ်တော်၏စိတ်ထဲတွင် သူ့ကို အလေးထားရသနည်း။
ဤသို့ဖြင့် ငါသည် ကြီးမြတ်လာ၍ ငါ့အလျင် ဂျေရုဆလင်မြို့၌ရှိနှင့်သူအားလုံးတို့ထက်သာလွန်၏။ ငါ၏ဉာဏ်ပညာသည်လည်း ငါ၌တည်မြဲတည်နေ၏။
ဧဖက်မြို့၌နေထိုင်ကြသော ဂျူးလူမျိုးနှင့်ဂရိလူမျိုးအပေါင်းတို့သည် ထိုအကြောင်းကို ကြားသိသောအခါ သူတို့အားလုံးကြောက်ရွံ့လျက် သခင်ယေရှု၏နာမတော်ကို ချီးမွမ်းကြ၏။
သို့သော် ဘုရားသခင်၏ကျေးဇူးတော်အားဖြင့် လူတိုင်းအတွက် သေခြင်းကိုမြည်းစမ်းစေရန် ကောင်းကင်တမန်တို့ထက် ခေတ္တခဏ နိမ့်ကျစေခြင်းကိုခံရ၍ သေခြင်းနှင့်ဆိုင်သောဒုက္ခဝေဒနာကိုခံစားရသောကြောင့် ဘုန်းတော်နှင့်ဂုဏ်တော်တို့ဖြင့် သရဖူဆောင်းရသည့်ယေရှုကို ငါတို့မြင်ရကြ၏။
ထာဝရဘုရားက ယောရှုအား “ငါသည် မောရှေနှင့်အတူရှိသကဲ့သို့ သင်နှင့်အတူရှိသည်ကို အစ္စရေးလူမျိုးအပေါင်းတို့သိမြင်ကြမည့်အကြောင်း ယနေ့မှစ၍ သင့်ကို သူတို့ရှေ့၌ ချီးမြှောက်မည်။
ထိုနေ့တွင် ထာဝရဘုရားသည် ယောရှုကို အစ္စရေးအပေါင်းတို့၏ရှေ့၌ ချီးမြှောက်တော်မူ၏။ သူတို့သည် မောရှေကိုကြောက်ရွံ့ရိုသေသကဲ့သို့ ယောရှုအသက်ရှင်သမျှကာလပတ်လုံး သူ့ကိုကြောက်ရွံ့ရိုသေကြ၏။