ဘုရားသခင်၏အိမ်တော်ဆက်ကပ်ပွဲတွင် နွားအကောင်တစ်ရာ၊ သိုးထီးအကောင်နှစ်ရာ၊ သိုးသငယ်အကောင်လေးရာနှင့် အစ္စရေးလူမျိုးအပေါင်းတို့အပြစ်ဖြေရာယဇ်အဖို့ အစ္စရေးအမျိုးအနွယ်အရေအတွက်နှင့်အညီ ဆိတ်ထီးတစ်ဆယ့်နှစ်ကောင်တို့ကို ပူဇော်ကြ၏။
၁ ရာချုပ် 29:21 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားထံ ယဇ်များကိုပူဇော်ပြီး နောက်တစ်နေ့တွင် ထာဝရဘုရားထံ မီးရှို့ရာယဇ်အဖြစ် နွားထီးအကောင်တစ်ထောင်၊ သိုးထီးအကောင်တစ်ထောင်၊ သိုးသငယ်အကောင်တစ်ထောင်နှင့် သွန်းလောင်းရာပူဇော်သက္ကာများကို ပူဇော်ကြ၏။ အစ္စရေးတစ်မျိုးသားလုံးအတွက် ယဇ်များကို အမြောက်အမြား ပူဇော်ကြ၏။ Common Language Bible နောက်တစ်နေ့၌သူတို့သည်ယဇ်ကောင်များ အဖြစ်ဖြင့်တိရစ္ဆာန်များကိုသတ်၍ ထာဝရ ဘုရားအားဆက်သပြီးလျှင် လူတို့အား စားသုံးရန်ပေးကြ၏။ သူတို့သည်စပျစ်ရည် ပူဇော်သကာများကိုလည်းယူဆောင်လာ ကြ၏။ ထိုအပြင်နွားသိုးတစ်ထောင်၊ သိုး ထီးတစ်ထောင်နှင့်သိုးငယ်တစ်ထောင်တို့ ကိုယဇ်ပလ္လင်ပေါ်တွင်တစ်ကောင်လုံး မီးရှို့ပူဇော်ကြလေသည်။- Garrad Bible နောက် နေ့ ၌ နွား တစ် ထောင်၊ သိုး ထီး တစ် ထောင်၊ သိုး သား ငယ် တစ် ထောင် ကို ဆိုင် ရာ သွန်း လောင်း ရာ သ က္ကာ များ ပါ မီး ရှို့ ရာ သ က္ကာ အ ဖြစ် ပူ ဇော် သည့် ပြင် ဣ သ ရေ လ တစ် မျိုး လုံး အ ဖို့ မိတ် သ ဟာ ယ သ က္ကာ အ မြောက် အ မြား ဆက် ကပ် လျက်၊ Judson Bible နက်ဖြန်နေ့၌လည်း ယဇ်ပူဇော်ခြင်းအမှုကိုပြု၍ နွားတစ်ထောင်၊ သိုးတစ်ထောင်၊ သိုးသငယ်တစ်ထောင်တို့ကို မီးရှို့သဖြင့်၊ သွန်းလောင်းရာ ပူဇော်သကာတို့နှင့်တကွ ဣသရေလအမျိုး တစ်မျိုးလုံးအတွက် ထာဝရဘုရားအား များစွာသောယဇ်ကို ပူဇော်ကြ၏။ |
ဘုရားသခင်၏အိမ်တော်ဆက်ကပ်ပွဲတွင် နွားအကောင်တစ်ရာ၊ သိုးထီးအကောင်နှစ်ရာ၊ သိုးသငယ်အကောင်လေးရာနှင့် အစ္စရေးလူမျိုးအပေါင်းတို့အပြစ်ဖြေရာယဇ်အဖို့ အစ္စရေးအမျိုးအနွယ်အရေအတွက်နှင့်အညီ ဆိတ်ထီးတစ်ဆယ့်နှစ်ကောင်တို့ကို ပူဇော်ကြ၏။
ထိုယဇ်နှင့်အတူ ပူဇော်သောဘောဇဉ်ပူဇော်သက္ကာသည် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၏ဆယ်ပုံနှစ်ပုံဖြစ်ရမည်။ ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောယဇ်ဖြစ်၏။ ထိုယဇ်နှင့်အတူ ပူဇော်သောသွန်းလောင်းရာပူဇော်သက္ကာသည်လည်း စပျစ်ဝိုင်တစ်ဟိန်၏လေးပုံတစ်ပုံဖြစ်ရမည်။
သွန်းလောင်းရာပူဇော်သက္ကာအဖြစ် စပျစ်ဝိုင်တစ်ဟိန်၏တစ်ဝက်ကို ထာဝရဘုရားအဖို့ မွှေးကြိုင်သောရနံ့ဖြစ်သည့် မီးဖြင့်ပူဇော်သောပူဇော်သက္ကာအဖြစ် ပူဇော်ရမည်။
သိုးသငယ်တစ်ကောင်အတွက် မီးရှို့ရာယဇ်၊ သို့မဟုတ် ပူဇော်သက္ကာနှင့်အတူ စပျစ်ဝိုင်တစ်ဟိန်၏လေးပုံတစ်ပုံကို သွန်းလောင်းရာပူဇော်သက္ကာအဖြစ်ပူဇော်ရမည်။
သွန်းလောင်းရာပူဇော်သက္ကာအဖြစ် စပျစ်ဝိုင်တစ်ဟိန်၏သုံးပုံတစ်ပုံကိုလည်းကောင်း မွှေးကြိုင်သောရနံ့အဖြစ် ထာဝရဘုရားအား ပူဇော်ရမည်။