သို့သော် ဘုရားသခင်က ‘သင်သည် စစ်သူရဲဖြစ်၍ လူ့အသက်ကို သတ်ခဲ့သောကြောင့် ငါ့နာမတည်ရာအိမ်တော်ကို သင်မဆောက်ရ’ဟု ငါ့အား မိန့်တော်မူ၏။
သို့ရာတွင်ငါသည်စစ်သည်တစ်ဦးဖြစ်၍ များစွာသွေးထွက်သံယိုဖြစ်ပွားစေခဲ့ သဖြင့် ငါ့အားကိုယ်တော်ကမတည်မ ဆောက်ရဟုတားမြစ်တော်မူ၏။-
ဘု ရား သ ခင် က သင် သည် စစ် တိုက်၍ လူ့ အ သွေး သွန်း သူ ဖြစ် သော ကြောင့် ငါ့ နာ မ အ ဖို့ ဗိ မာန် ကို မ တည် မ ဆောက် ထိုက် ဟု မိန့် တော် မူ ပြီ။
သို့ရာတွင် ဘုရားသခင်က သင်သည် စစ်တိုက်သောသူ၊ လူအသက်ကို သတ်သောသူဖြစ်၍၊ ငါ့နာမအဖို့ အိမ်တော်ကို မတည်မဆောက်ရဟု မိန့်တော်မူ၏။
“အကျွန်ုပ်၏ခမည်းတော်ဒါဝိဒ်မင်းကြီးသည် သူ၏ရန်သူတို့ကို သူ့ခြေဖဝါးအောက်သို့ ထာဝရဘုရားမချထားမီအချိန်ထိ သူ့အား တိုက်ပွဲများဝိုင်းရံလျက်ရှိသောကြောင့် သူ၏ဘုရားသခင်ထာဝရဘုရား၏နာမတော်တည်ရာ ဗိမာန်တော်ကို တည်ဆောက်ခွင့်မရခဲ့ကြောင်း မင်းကြီးသိပါ၏။
“ငါ့အစေအပါးဒါဝိဒ်ထံသွား၍ ဆင့်ဆိုလော့။ ထာဝရဘုရားက ‘သင်သည် ငါစံမြန်းတော်မူရာအဖို့ အိမ်တော်ကို မဆောက်ရ။
သို့သော် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍ ‘သင်သည် တိုက်ပွဲများစွာတိုက်ပြီး လူအသက်များစွာကို သတ်လေပြီ။ ငါ့မျက်မှောက်၌ လူအသက်များစွာကို မြေကြီးပေါ်မှာ သင်သတ်ခဲ့လေပြီဖြစ်၍ ငါ့နာမတည်ရာအိမ်တော်ကို သင်မတည်ဆောက်ရ။