အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ ရာ​ချုပ် 28:13 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ယဇ်ပုရောဟိတ်​အဖွဲ့​၊ လေဝိ​လူမျိုး​အဖွဲ့​နှင့် ထာဝရဘုရား​၏​အိမ်​တော်​တွင်​ထမ်းဆောင်​ရ​မည့်​အမှု​အားလုံး​၊ ထာဝရဘုရား​၏​အိမ်​တော်​၌​အမှု​တော်​ထမ်းဆောင်​ရာ​တွင်​အသုံးပြု​သော အသုံးအဆောင်​များ​အားလုံး​၊

အခန်းကိုကြည့်ပါ။

Common Language Bible

ဒါ​ဝိဒ်​သည်​ယဇ်​ပု​ရော​ဟိတ်​များ​နှင့်​လေ​ဝိ အ​နွယ်​ဝင်​တို့​အား မိ​မိ​တို့​တာ​ဝန်​ဝတ္တ​ရား များ​ကို​ထမ်း​ဆောင်​မှု၊ ဗိ​မာန်​တော်​ဝေ​ယျာ ဝစ္စ​များ​ကို​ဆောင်​ရွက်​မှု​နှင့်၊ ဗိ​မာန်​တော် ခွက်​ဖ​လား​များ​ကို​ထိန်း​သိမ်း​မှု​တို့ အ​တွက်​စည်း​ရုံး​ဖွဲ့​စည်း​ခြင်း​ဆိုင်​ရာ အ​စီ​အ​စဉ်​များ​ကို​လည်း​ပေး​အပ် တော်​မူ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ခွဲ ထား သော ပ ရော ဟိတ် များ၊ လေ ဝိ ဂိုဏ်း သား များ တို့ နေ ရာ နှင့် ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော် လုပ် ကိုင် မှု မှ စ၍ ဆိုင် ရာ အ ဆောင် အ ရွက် တော် ရှိ သ မျှ ပုံ စံ များ နှင့် တ ကွ၊

အခန်းကိုကြည့်ပါ။

Judson Bible

ယဇ်​ပု​ရော​ဟိတ်၊ လေ​ဝိ​သား​သင်း​ဖွဲ့​ခြင်း၊ ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်၌ အ​မှု​တော်​ကို ဆောင်​ရွက်​ခြင်း၊ ဆောင်​ရွက်​စ​ရာ တန်​ဆာ​ရှိ​သ​မျှ​တို့​ကို​လည်း စီ​ရင်​တော်​မူ၏။

အခန်းကိုကြည့်ပါ။



၁ ရာ​ချုပ် 28:13
9 ပူးပေါင်းရင်းမြစ်များ  

ထို့ပြင် ဒါဝိဒ်​မင်းကြီး​သည် လေဝိ​၏​သား​များ​ရှိ​သည့်​အတိုင်း ဂေရရှုန်​၊ ကောဟတ်​၊ မေရာရိ ဟူ၍ အဖွဲ့​ခွဲ​ထား​ပြီး


အမှု​တော်​ထမ်းဆောင်​ရာ​တွင်​လိုအပ်​သော​ရွှေ​ထည်​အသုံးအဆောင်​အားလုံး​အတွက် ရွှေ​အလေးချိန်​အလိုက်​၊ အမှု​တော်​ထမ်းဆောင်​ရာ​တွင်​လိုအပ်​သော​ငွေ​ထည်​အသုံးအဆောင်​အားလုံး​အတွက် ငွေ​အလေးချိန်​အလိုက်​၊


ဘုရားသခင်​၏​အိမ်​တော်​အမှု​ရှိသမျှ​ကို ဆောင်ရွက်​သော ယဇ်ပုရောဟိတ်​တို့​၏​အဖွဲ့​၊ လေဝိ​လူမျိုး​တို့​၏​အဖွဲ့​နှင့် လုပ်ငန်း​တိုင်း​ကို​ကျွမ်းကျင်​ပြီး စေတနာစိတ်​ရှိ​သော​သူ​တို့​သည် သင်​လုပ်ဆောင်​လေရာရာ​တွင် သင်​နှင့်အတူ လုပ်ဆောင်​ကြ​လိမ့်မည်​။ မှူးမတ်​များ​နှင့် ပြည်သူပြည်သား​အပေါင်း​တို့​သည်​လည်း သင်​ညွှန်ကြား​သမျှ​ကို လုပ်ဆောင်​ပေး​ကြ​လိမ့်မည်”​ဟု ဆို​၏​။


အချို့​မှာ သန့်ရှင်းရာဌာန​၏​အသုံးအဆောင်​အားလုံး​နှင့် ဂျုံမှုန့်​၊ စပျစ်ဝိုင်​၊ ဆီ​၊ လော်ဗန်​၊ အမွှေးနံ့သာ စသည့်​အသုံးအဆောင်​တို့​ကို ထိန်းသိမ်း​ပေး​ရ​၏​။


စတုတ္ထ​နေ့​တွင် ဘုရားသခင်​၏​အိမ်​တော်​၌ ရွှေ​ငွေ​နှင့် အသုံးအဆောင်​များ​ကို ချိန်တွယ်​ပြီး ယဇ်ပုရောဟိတ်​ဥရိယ​၏​သား မေရမုတ်​လက်​သို့ ပေးအပ်​လိုက်​၏​။ ထို​နေရာ​တွင် ဖိနဟတ်​၏​သား​ဧလာဇာ​၊ လေဝိ​အမျိုး​ယေရွှာ​၏​သား ယောဇဗဒ်​နှင့် ဗိနွိ​၏​သား နောဒိ​တို့​လည်း ရှိ​ကြ​၏​။