၁ ရာချုပ် 27:8 - မြန်မာ့စံမီသမ္မာကျမ်း ပဉ္စမလတွင် တာဝန်ထမ်းဆောင်ရသောပဉ္စမတပ်ဖွဲ့၏တပ်မှူးမှာ ဣဇဟာအမျိုးသား ရှံဟုတ်ဖြစ်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။ Garrad Bible ပ ဥ္စ မ လ အ လှည့် ဣ ဇ ဟာ့ အ နွယ်၊ ပ ဥ္စ မ ဗိုလ် ရှံ ဟုတ် နှင့် စစ် သည် နှစ် သောင်း လေး ထောင်၊ Judson Bible ပဥ္စမလတွင် ပဥ္စမဗိုလ်မင်းကား ဣဇဟာအမျိုး ရှံဟုတ်၊ တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း။ |
ဣဇဟာအမျိုးဖြစ်သော ခေနနိနှင့်သူ၏သားများမူကား အိမ်တော်ပြင်ပအလုပ်ဖြစ်သော အစ္စရေးလူမျိုးတို့ကို ကြီးကြပ်အုပ်ချုပ်ရသူများ၊ တရားသူကြီးများအဖြစ် တာဝန်ထမ်းဆောင်ရ၏။
စတုတ္ထလတွင် တာဝန်ထမ်းဆောင်ရသောစတုတ္ထတပ်မှူးမှာ ယွာဘ၏ညီ အာသဟေလဖြစ်၏။ သူမရှိတော့သည့်နောက်တွင် သူ့သား ဇေဗဒိက ဆက်၍ တာဝန်ထမ်းဆောင်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။
ဆဋ္ဌမလတွင် တာဝန်ထမ်းဆောင်ရသောဆဋ္ဌမတပ်ဖွဲ့၏တပ်မှူးမှာ တေကောမြို့သား ဣကေရှ၏သား ဣရဖြစ်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။