ဇေရုယာသား ယွာဘနှင့် ဒါဝိဒ်မင်းကြီး၏အမှုထမ်းတို့လည်း ထွက်လာ၍ ဂိဗောင်ရေကန်နား၌ တစ်ဖွဲ့နှင့်တစ်ဖွဲ့ဆုံကြ၏။ တစ်ဖွဲ့သည် ရေကန်၏တစ်ဖက်တွင်နေရာယူ၍ အခြားတစ်ဖွဲ့သည် ရေကန်၏အခြားတစ်ဖက်တွင် နေရာယူကြ၏။
၁ ရာချုပ် 27:7 - မြန်မာ့စံမီသမ္မာကျမ်း စတုတ္ထလတွင် တာဝန်ထမ်းဆောင်ရသောစတုတ္ထတပ်မှူးမှာ ယွာဘ၏ညီ အာသဟေလဖြစ်၏။ သူမရှိတော့သည့်နောက်တွင် သူ့သား ဇေဗဒိက ဆက်၍ တာဝန်ထမ်းဆောင်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။ Garrad Bible စ တု တ္ထ လ အ လှည့် ယွာ ဘ ညီ၊ စ တု တ္ထ ဗိုလ် အ သ ဟေ လ ကွယ် လွန် ပြီး နောက် သား ဇေ ဗ ဒိ နှင့် စစ် သည် နှစ် သောင်း လေး ထောင်၊ Judson Bible စတုတ္ထလတွင် စတုတ္ထဗိုလ်မင်းကား၊ ယွာဘညီအာသဟေလ၊ စစ်ကဲကား အာသဟေလသားဇေဗဒိ၊ တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း။ |
ဇေရုယာသား ယွာဘနှင့် ဒါဝိဒ်မင်းကြီး၏အမှုထမ်းတို့လည်း ထွက်လာ၍ ဂိဗောင်ရေကန်နား၌ တစ်ဖွဲ့နှင့်တစ်ဖွဲ့ဆုံကြ၏။ တစ်ဖွဲ့သည် ရေကန်၏တစ်ဖက်တွင်နေရာယူ၍ အခြားတစ်ဖွဲ့သည် ရေကန်၏အခြားတစ်ဖက်တွင် နေရာယူကြ၏။
ယွာဘ၏ညီ အာသဟေလသည် စစ်သူရဲအယောက်သုံးဆယ်တွင် တစ်ဦးအပါအဝင်ဖြစ်၏။ ဗက်လင်မြို့သား ဒေါဒေါ၏သား ဧလဟာနန်၊
အခြားရဲစွမ်းသတ္တိရှိသောစစ်သူရဲများမှာ ယွာဘ၏ညီ အာသဟေလ၊ ဗက်လင်မြို့သား ဒေါဒေါ၏သား ဧလဟာနန်၊
ဗေနာယသည် စစ်သူရဲသုံးဆယ်တွင် တစ်ဦးအပါအဝင်ဖြစ်ပြီး လူအယောက်သုံးဆယ်ကို အုပ်ချုပ်ရ၏။ သူ့တပ်ဖွဲ့ကို သူ့သား အမိဇဗဒ်က အုပ်ချုပ်၏။
ပဉ္စမလတွင် တာဝန်ထမ်းဆောင်ရသောပဉ္စမတပ်ဖွဲ့၏တပ်မှူးမှာ ဣဇဟာအမျိုးသား ရှံဟုတ်ဖြစ်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။