အဗရှလုံသည် ယဇ်ပူဇော်စဉ်တွင် ဒါဝိဒ်မင်းကြီး၏အကြံပေးဖြစ်သူ ဂိလောမြို့သား အဟိသောဖေလထံသို့ လူလွှတ်၍ သူ့နေရင်းမြို့ဖြစ်သောဂိလောမြို့မှ ခေါ်လာစေ၏။ အဗရှလုံထံ၌ လူအင်အားတိုးပွားလာပြီး လျှို့ဝှက်ကြံစည်မှုသည်လည်း အားကြီးလာလေ၏။
၁ ရာချုပ် 27:33 - မြန်မာ့စံမီသမ္မာကျမ်း အဟိသောဖေလသည် ဘုရင့်အတိုင်ပင်ခံအမတ်ဖြစ်ပြီး အာခိလူမျိုးဟုရှဲသည် ဘုရင့်မိတ်ဆွေတော်ဖြစ်၏။ Common Language Bible အဟိသောဖေလသည်ဘုရင်၏အတိုင်ပင်ခံ အမတ်ဖြစ်၍ အာခိမြို့သားဟုရှဲသည်ဘုရင် ၏အဆွေတော်တိုင်ပင်ဖော်တိုင်ပင်ဖက်ဖြစ် သတည်း။- Garrad Bible အ ဟိ သော ဖေ လ သည် မင်း တိုင် ပင် အ မတ်၊ အာ ခိ လူ မျိုး ဟု ရှဲ သည် ဘု ရင် မင်း၏ အ ဆွေ ခင် ပွန်း၊ Judson Bible အဟိသောဖေလသည် ရှင်ဘုရင်၏တိုင်ပင်မှူးမတ်၊ အာခိမြို့သားဟုရှဲသည် ရှင်ဘုရင်၏အဆွေခင်ပွန်းဖြစ်၏။ |
အဗရှလုံသည် ယဇ်ပူဇော်စဉ်တွင် ဒါဝိဒ်မင်းကြီး၏အကြံပေးဖြစ်သူ ဂိလောမြို့သား အဟိသောဖေလထံသို့ လူလွှတ်၍ သူ့နေရင်းမြို့ဖြစ်သောဂိလောမြို့မှ ခေါ်လာစေ၏။ အဗရှလုံထံ၌ လူအင်အားတိုးပွားလာပြီး လျှို့ဝှက်ကြံစည်မှုသည်လည်း အားကြီးလာလေ၏။
ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်ရာနေရာတောင်ထိပ်သို့ ဒါဝိဒ်မင်းကြီးရောက်သောအခါ အာခိလူမျိုး ဟုရှဲသည် မိမိအဝတ်ကို ဆုတ်ဖြဲ၍ ခေါင်းပေါ် မြေမှုန့်တင်လျက် မင်းကြီးကို ဆီးကြို၏။
ဤသို့ဖြင့် ဒါဝိဒ်မင်းကြီး၏မိတ်ဆွေ ဟုရှဲသည် မြို့ထဲသို့ပြန်သွား၏။ အဗရှလုံသည်လည်း ဂျေရုဆလင်မြို့သို့ ရောက်လာ၏။
ထိုကာလ၌ အဟိသောဖေလပေးသောအကြံသည် ဘုရားသခင်ထံမေးလျှောက်၍ရလာသောစကားတော်ကဲ့သို့ ဖြစ်၏။ ထို့ကြောင့် ဒါဝိဒ်မင်းကြီးနှင့် အဗရှလုံသည်လည်း အဟိသောဖေလပေးသောအကြံဟူသမျှကို ထိုကဲ့သို့ပင် မှတ်ယူ၏။
အဟိသောဖေလသည် မိမိပေးသောအကြံအတိုင်း မလုပ်သည်ကို သိမြင်လျှင် မြည်းကို ကုန်းနှီးတင်ပြီး နေရင်းမြို့ရှိ မိမိအိမ်သို့ ပြန်ကာ အိမ်သားတို့အား မှာစရာရှိသည်ကို မှာကြားပြီး မိမိကိုယ်ကို ကြိုးဆွဲချသေလေ၏။ သူ့ကို ဘိုးဘေးတို့၏သင်္ချိုင်းတွင် သင်္ဂြိုဟ်ကြ၏။
နာသန်၏သားအာဇရိသည် နယ်စားမင်းကြီး၊ နာသန်၏သားဇာဗုဒ်သည် ယဇ်ပုရောဟိတ်နှင့် ဘုရင့်အတိုင်ပင်ခံ၊
ဒါဝိဒ်မင်းကြီး၏ဘထွေးတော်ယောနသန်သည် သိနားလည်နိုင်စွမ်းရှိသူအတိုင်ပင်ခံအမတ်လည်း ဖြစ်၏။ ကျမ်းပြုဆရာလည်း ဖြစ်၏။ ဟခမောနိ၏သားယေဟေလသည် ဘုရင့်သားတော်တို့ကို စောင့်ရှောက်ပေးရ၏။
သို့သော် ထိုသူမှာ ငါကဲ့သို့သောလူသားတစ်ဦးဖြစ်ပြီး ငါ့အပေါင်းအဖော်၊ ငါ့အသိမိတ်ဆွေဖြစ်သော သင်ပင်ဖြစ်ပါသည်တကား။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “အို ဓား၊ ထလော့။ ငါ၏သိုးထိန်းကို တိုက်ခိုက်လော့။ ငါ၏အိမ်နီးချင်းကို တိုက်ခိုက်လော့။ သိုးထိန်းကိုရိုက်နှက်လော့။ ထိုအခါ သိုးတို့ ကွဲလွင့်သွားကြလိမ့်မည်။ ငါသည်လည်း သိုးငယ်များကို လက်ဖြင့်ရွယ်၍ တိုက်ခိုက်မည်”ဟု မိန့်တော်မူ၏။