အာမနုန်တွင် ယောနဒပ်အမည်ရှိသော မိတ်ဆွေတစ်ဦး ရှိ၏။ ယောနဒပ်သည် ဒါဝိဒ်မင်းကြီး၏အစ်ကို ရှိမာ၏သား ဖြစ်ပြီး အလွန်ဉာဏ်များသူဖြစ်၏။
၁ ရာချုပ် 27:32 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်မင်းကြီး၏ဘထွေးတော်ယောနသန်သည် သိနားလည်နိုင်စွမ်းရှိသူအတိုင်ပင်ခံအမတ်လည်း ဖြစ်၏။ ကျမ်းပြုဆရာလည်း ဖြစ်၏။ ဟခမောနိ၏သားယေဟေလသည် ဘုရင့်သားတော်တို့ကို စောင့်ရှောက်ပေးရ၏။ Common Language Bible ဒါဝိဒ်၏ဘထွေးတော်ယောနသန်သည် တတ် သိလိမ္မာစွာအကြံဉာဏ်ပေးတတ်သူပညာရှင် ဖြစ်၏။ သူနှင့်ဟခမောနိ၏သားယေဟေလ တို့သည်ဘုရင့်သားတော်များအားပညာပို့ ချရေးကိုတာဝန်ယူရကြ၏။- Garrad Bible ဒါ ဝိဒ် မင်း တူ တော် ယော န သန် သည် ပ ညာ ရှိ သံ တော် ဆင့် မင်း တိုင် ပင်၊ ဟ ခ မော နိ သား ယေ ဟေ လ သည် သား တော် တို့၏ အ ကြီး တော်၊ Judson Bible ဒါဝိဒ်၏ဘထွေးတော် ယောနသန်သည် တိုင်ပင်မှူးမတ် ပညာရှိကျမ်းတတ်ဖြစ်၏။ ဟခမောနိသား ယေဟေလသည် ရှင်ဘုရင်၏သားတော်တို့ အပေါင်းအဖော်ဖြစ်၏။ |
အာမနုန်တွင် ယောနဒပ်အမည်ရှိသော မိတ်ဆွေတစ်ဦး ရှိ၏။ ယောနဒပ်သည် ဒါဝိဒ်မင်းကြီး၏အစ်ကို ရှိမာ၏သား ဖြစ်ပြီး အလွန်ဉာဏ်များသူဖြစ်၏။
အစ္စရေးလူမျိုးတို့အား စိန်ခေါ်သဖြင့် ဒါဝိဒ်မင်းကြီး၏အစ်ကို ရှိမာ၏သားယောနသန်သည် သူ့ကို သတ်လိုက်လေ၏။
ဒါဝိဒ်မင်းကြီး၌ရှိသော စာရင်းဝင်သူရဲကောင်းများမှာ ဤသူတို့ဖြစ်၏။ တပ်မှူးသုံးဆယ်ကိုဦးစီးရသော ဟခမောနိအမျိုး ယာရှောဗံသည် လှံကိုဝှေ့ယမ်းလိုက်သည်နှင့် တစ်ချိန်တည်းမှာပင် လူအယောက်သုံးရာကို သတ်ဖြတ်နိုင်ခဲ့သူဖြစ်၏။
အစ္စရေးလူမျိုးတို့အား စိန်ခေါ်သဖြင့် ဒါဝိဒ်မင်းကြီး၏အစ်ကို ရှိမာ၏သားယောနသန်သည် သူ့ကို သတ်လိုက်လေ၏။
ဟာဂရိလူမျိုးယာဇဇ်သည် သိုးများကို တာဝန်ယူရ၏။ ဤသူအားလုံးတို့သည် ဒါဝိဒ်မင်းကြီးပိုင်ဆိုင်သောဥစ္စာတို့ကို ကြီးကြပ်ပေးရသောအကြီးအကဲများ ဖြစ်ကြ၏။
အဟိသောဖေလသည် ဘုရင့်အတိုင်ပင်ခံအမတ်ဖြစ်ပြီး အာခိလူမျိုးဟုရှဲသည် ဘုရင့်မိတ်ဆွေတော်ဖြစ်၏။