သို့သော် ထိုကလေးသည် လက်ကိုပြန်ရုပ်လိုက်ရာ ကျန်တစ်ယောက်သည် သူ့ထက်အလျင်မွေးလာ၏။ ထိုအခါ ဝမ်းဆွဲက “သင်သည် မရမကထိုးဖောက်ထွက်လာပါသည်တကား”ဟု ဆိုလေ၏။ ထို့ကြောင့် ထိုသား၏အမည်ကို ဖာရက် ဟုမှည့်ခေါ်လေ၏။
၁ ရာချုပ် 27:3 - မြန်မာ့စံမီသမ္မာကျမ်း သူသည် ဖာရက်၏သားမြေးများမှဆင်းသက်လာ၏။ ပထမလတွင် တာဝန်ထမ်းဆောင်ရသောတပ်မှူးအားလုံး၏ခေါင်းဆောင်ဖြစ်၏။ Judson Bible ထိုမင်းသည် ဖာရက်အမျိုးသားဖြစ်၍၊ ပထမလတွင် အမှုစောင့်သော တပ်မှူးအပေါင်းတို့ကို အုပ်ရ၏။ |
သို့သော် ထိုကလေးသည် လက်ကိုပြန်ရုပ်လိုက်ရာ ကျန်တစ်ယောက်သည် သူ့ထက်အလျင်မွေးလာ၏။ ထိုအခါ ဝမ်းဆွဲက “သင်သည် မရမကထိုးဖောက်ထွက်လာပါသည်တကား”ဟု ဆိုလေ၏။ ထို့ကြောင့် ထိုသား၏အမည်ကို ဖာရက် ဟုမှည့်ခေါ်လေ၏။
ပထမလတွင် တာဝန်ထမ်းဆောင်ရသောပထမတပ်ဖွဲ့ကို ကြီးကြပ်သောသူမှာ ဇာဗဒေလ၏သား ယာရှောဗံဖြစ်ပြီး သူ့တပ်ဖွဲ့တွင် လူပေါင်းနှစ်သောင်းလေးထောင်ပါ၏။
ဒုတိယလတွင် တာဝန်ထမ်းဆောင်ရသောတပ်ဖွဲ့ကို ကြီးကြပ်သောသူမှာ အဟောဟိအမျိုး ဒေါဒဲဖြစ်၏။ ထိုတပ်ဖွဲ့ကို မိကလုတ်က ဦးဆောင်ရပြီး လူအယောက်နှစ်သောင်းလေးထောင်ပါ၏။
ယုဒ၏သားမြေးတို့သည် မိမိတို့တပ်ဖွဲ့အလိုက် တပ်စခန်းအလံနှင့်တကွ ရှေ့ဆုံးမှ ခရီးပြုကြ၏။ ထိုတပ်ဖွဲ့ကို အမိနဒပ်၏သား နာရှုန် ဦးစီး၏။
မျိုးနွယ်စုအလိုက် ယုဒ၏အမျိုးအနွယ်များကား ရှေလမှဆင်းသက်သော ရှေလမျိုးနွယ်စု၊ ဖာရက်မှဆင်းသက်သော ဖာရက်မျိုးနွယ်စု၊ ဇေရမှဆင်းသက်သော ဇေရမျိုးနွယ်စု တို့ဖြစ်ကြ၏။
ပထမနေ့၌ ယုဒအမျိုးအနွယ်မှ အမိနဒပ်၏သား နာရှုန်သည် ပူဇော်သက္ကာကို ယူဆောင်လာ၏။