ဟေဗြုန်မြို့သို့ အာဗနာပြန်ရောက်လာသောအခါ ယွာဘက သူ့အား သီးခြားစကားပြောလိုသည်ဟု ဆို၍ သူ့ကိုမြို့တံခါးအတွင်းသို့ ခေါ်သွားပြီးလျှင် သူ့ဗိုက်ကို ဓားနှင့်ထိုးလိုက်လေ၏။ ယွာဘညီ အာသဟေလကို သတ်သောသွေးကြွေးအတွက် အာဗနာသေရလေ၏။
၁ ရာချုပ် 27:21 - မြန်မာ့စံမီသမ္မာကျမ်း ဂိလဒ်ပြည်ရှိကျန်မနာရှေအမျိုးတစ်ဝက်တွင် ဇာခရိ၏သားဣဒေါ၊ ဗင်္ယာမိန်အမျိုးတွင် အာဗနာ၏သားယာသေလ၊ Garrad Bible ဂိ လဒ် နယ် ရှိ မ နာ ရှေ့ အ နွယ် တစ် ဝက် တွင် ဇာ ခ ရိ သား ဣ ဒ္ဒေါ၊ ဗင်္ယာ မိန့် အ နွယ် တွင် အာ ဗ နာ့ သား ယာ သေ လ၊ Judson Bible ဂိလဒ်ပြည်၌ မနာရှေအမျိုးတဝက်တွင် ဇာခရိ၏သား ဣဒ္ဒေါ၊ ဗင်္ယာမိန်အမျိုးတွင် အာဗနာ၏သား ယာသေလ၊ |
ဟေဗြုန်မြို့သို့ အာဗနာပြန်ရောက်လာသောအခါ ယွာဘက သူ့အား သီးခြားစကားပြောလိုသည်ဟု ဆို၍ သူ့ကိုမြို့တံခါးအတွင်းသို့ ခေါ်သွားပြီးလျှင် သူ့ဗိုက်ကို ဓားနှင့်ထိုးလိုက်လေ၏။ ယွာဘညီ အာသဟေလကို သတ်သောသွေးကြွေးအတွက် အာဗနာသေရလေ၏။
ထိုနေ့တွင် အစ္စရေးလူမျိုးအားလုံးအပါအဝင် လူအပေါင်းတို့သည် နေရ၏သား အာဗနာသေဆုံးခြင်းအမှုမှာ ရှင်ဘုရင်နှင့်မသက်ဆိုင်ကြောင်းကို သိကြလေ၏။
ဧဖရိမ်အမျိုးတွင် အာဇဇိ၏သားဟောရှေ၊ မနာရှေအမျိုးတစ်ဝက်တွင် ပေဒါယ၏သားယောလ၊
ဒန်အမျိုးတွင် ယေရောဟံ၏သားအာဇရေလ စသည်တို့ဖြစ်၏။ ဤသူတို့သည် အစ္စရေးအမျိုးအနွယ်၏အကြီးအကဲများ ဖြစ်ကြ၏။