ပထမလတွင် တာဝန်ထမ်းဆောင်ရသောပထမတပ်ဖွဲ့ကို ကြီးကြပ်သောသူမှာ ဇာဗဒေလ၏သား ယာရှောဗံဖြစ်ပြီး သူ့တပ်ဖွဲ့တွင် လူပေါင်းနှစ်သောင်းလေးထောင်ပါ၏။
တစ်လစီတာဝန်ကျသည့်တပ်မဟာမှူးများ မှာ၊ ပထမလ၌ဇာဗဒေလ၏သားယာရှောဗံ (သူသည်ယုဒအနွယ်ဝင်ဖာရက်၏သားချင်း စုဝင်ဖြစ်၏။) ဒုတိယလ၌အဟောဟိ၏သားမြေးဒေါဒဲ။ (သူ၏လက်ထောက်တပ်မှူးမှာမိကလုပ်ဖြစ်၏။) တတိယလ၌ယဇ်ပုရောဟိတ်ယောယဒ ၏သားဗေနာယ။ သူသည်နာမည်ကျော်သူရဲ ကောင်းသုံးကျိပ်တို့၏ခေါင်းဆောင်ဖြစ်သတည်း၊ (သူ၏သားအမိဇဗဒ်သည်သူ၏ရာထူးကို ဆက်ခံရရှိ၍တပ်မဟာမှူးဖြစ်လာ၏။) စတုတ္ထလ၌ယွာဘ၏ညီ၊ အာသဟေလ (သူ၏သားဇေဗဒိသည်ရာထူးကိုဆက်ခံ ရရှိ၏။) ပဉ္စမလ၌ဣဇဟာ၏သားမြေးရှံဟုတ်။ ဆဋ္ဌမလ၌တေကောမြို့မှဣကေရှ၏ သားဣရ။ သတ္တမလ၌ပေလာနိမြို့မှဧဖရိမ်အနွယ် ဝင်ဟေလက်။ အဋ္ဌမလ၌ဟုရှမြို့မှသိဗေကဲ (သူသည် ယုဒအနွယ်၊ ဇာရသားချင်းစုမှဖြစ်၏။) နဝမလ၌အနေသောသိမြို့ဗင်္ယာမိန် အနွယ်ဝင် ဒေသမှအဗျေဇာ။ ဒသမလ၌နေတောဖာသိမြို့မှမဟာရဲ (သူသည်ဇာရသားချင်းစုဝင်ဖြစ်၏။) ဧကဒသမလ၌ပိရသောနိမြို့မှဧဖရိမ် အနွယ်ဝင် ဒေသမှဗေနာယ။ ဒွါဒသမလ၌နေတောဖာသိမြို့မှဟေလဒဲ (သူသည်သြသနေလ၏သားမြေးဖြစ်၏။)
ပ ထ မ လ အ လှည့် တပ် မှူး အ ပေါင်း တို့ ကို အုပ် ချုပ် သော ဖာ ရက် အ နွယ်၊ ဇာ ဗ ဒေ လ သား ဗိုလ် ယာ ရှော ဗံ နှင့် စစ် သည် နှစ် သောင်း လေး ထောင်၊
ပထမလတွင် ပထမတပ်ကိုအုပ်သော ဗိုလ်မင်းကား၊ ဇာဗဒေလသား ယာရှောဗံနှင့် တပ်သားပေါင်း နှစ်သောင်းလေးထောင်တည်း။
ဒါဝိဒ်မင်းကြီး၏သူရဲကောင်း၏အမည်များမှာ ဤသို့တည်း။ တာခမောနိအမျိုး ယာရှောဘာရှိဗက်သည် သူရဲကောင်းသုံးဦးတို့၏ခေါင်းဆောင်ဖြစ်၏။ သူသည် လှံကိုဝှေ့ယမ်းလိုက်သည်နှင့် တစ်ချိန်တည်းမှာပင် လူအယောက်ရှစ်ရာကို သတ်ဖြတ်နိုင်ခဲ့သူဖြစ်၏။
ဒါဝိဒ်မင်းကြီး၌ရှိသော စာရင်းဝင်သူရဲကောင်းများမှာ ဤသူတို့ဖြစ်၏။ တပ်မှူးသုံးဆယ်ကိုဦးစီးရသော ဟခမောနိအမျိုး ယာရှောဗံသည် လှံကိုဝှေ့ယမ်းလိုက်သည်နှင့် တစ်ချိန်တည်းမှာပင် လူအယောက်သုံးရာကို သတ်ဖြတ်နိုင်ခဲ့သူဖြစ်၏။
နှစ်တစ်နှစ်တွင် တပ်ဖွဲ့အလိုက် ရှင်ဘုရင်၏အမှုကိစ္စအလုံးစုံကို တစ်လစီအလှည့်ကျထမ်းဆောင်သော အစ္စရေးအမျိုးသားတို့၏စာရင်းမှာ တပ်ဖွဲ့တစ်ဖွဲ့တွင် ဘိုးဘေးအိမ်ထောင်စုတို့၏အကြီးအမှူးများ၊ တပ်မှူးများ၊ လူတစ်ထောင်အုပ်၊ လူတစ်ရာအုပ်နှင့် သူတို့ကို ကြီးကြပ်အုပ်ချုပ်သောသူများ ပါဝင်၍ လူပေါင်းနှစ်သောင်းလေးထောင်ပါ၏။
သူသည် ဖာရက်၏သားမြေးများမှဆင်းသက်လာ၏။ ပထမလတွင် တာဝန်ထမ်းဆောင်ရသောတပ်မှူးအားလုံး၏ခေါင်းဆောင်ဖြစ်၏။