ယခင်က ရှောလုအိမ်တော်သားအပေါ် သစ္စာစောင့်သိသူ ဗင်္ယာမိန်အနွယ် ရှောလု၏ဆွေမျိုးသားချင်း အယောက်သုံးထောင်၊
၁ ရာချုပ် 27:17 - မြန်မာ့စံမီသမ္မာကျမ်း လေဝိအမျိုးတွင် ကေမွေလ၏သားဟာရှဘိ၊ အာရုန်အမျိုးတွင် ဇာဒုတ်၊ Garrad Bible လေ ဝိ အ နွယ် တွင် ကေ မွေ လ သား ဟာ ရှ ဘိ။ အာ ရုန့် အ နွယ် တွင် ဇာ ဒုတ်၊ Judson Bible လေဝိအမျိုးတွင် ကေမွေလ၏သား ဟာရှဘိ၊ အာရုန်အမျိုးတွင် ဇာဒုတ်၊ |
ယခင်က ရှောလုအိမ်တော်သားအပေါ် သစ္စာစောင့်သိသူ ဗင်္ယာမိန်အနွယ် ရှောလု၏ဆွေမျိုးသားချင်း အယောက်သုံးထောင်၊
သူတို့သည်လည်း ဆွေမျိုးသားချင်းအာရုန်၏သားမြေးများကဲ့သို့ပင် ဒါဝိဒ်မင်းကြီး၊ ဇာဒုတ်၊ အဟိမလက်နှင့် ယဇ်ပုရောဟိတ်တို့၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူး၊ လေဝိအမျိုးသားတို့၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူးတို့ရှေ့တွင် ညီအစ်ကိုကြီးငယ်မရွေးမဲချကြ၏။
ဧလာဇာသားမြေးတို့သည် ဣသမာသားမြေးတို့ထက် ခေါင်းဆောင်ပိုများ၏။ ခေါင်းဆောင်များကို ခွဲလိုက်သောအခါ ဧလာဇာသားမြေးတွင် ဘိုးဘေးတို့၏အိမ်ထောင်စုခေါင်းဆောင် တစ်ဆယ့်ခြောက်ယောက်ရှိပြီး ဣသမာသားမြေးတွင် ဘိုးဘေးတို့၏အိမ်ထောင်စုခေါင်းဆောင် ရှစ်ယောက်သာ ရှိ၏။
ဟေဗြုန်အမျိုးဖြစ်သော ဟာရှဘိနှင့် ရဲစွမ်းသတ္တိရှိသော သူ့ညီအစ်ကိုတစ်ထောင့်ခုနစ်ရာတို့သည် ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းဝန်းကျင်ရှိ အစ္စရေးလူမျိုးတို့ကို တာဝန်ယူအုပ်ချုပ်ရ၏။ သူတို့သည် ထာဝရဘုရား၏အမှုတော်အလုံးစုံနှင့် ရှင်ဘုရင်၏အမှုကိစ္စကိုလည်း ထမ်းဆောင်ရ၏။
အစ္စရေးအမျိုးအနွယ်တို့ကို အုပ်ချုပ်ရသူများမှာ ရုဗင်အမျိုးတွင် ဇိခရိ၏သားဧလျေဇာ၊ ရှိမောင်အမျိုးတွင် မာခါ၏သားရှေဖတိ၊
ယုဒအမျိုးတွင် ဒါဝိဒ်မင်းကြီး၏အစ်ကို ဧလိဟု၊ ဣသခါအမျိုးတွင် မိက္ခေလ၏သားဩမရိ၊
ကောရသည် ဣဇဟာ၏သား၊ ဣဇဟာသည် ကောဟတ်၏သား၊ ကောဟတ်သည် လေဝိ၏သား၊ လေဝိသည် အစ္စရေး၏သား ဖြစ်၏။