ရုမာအမည်ရှိသော နာခေါ်၏မယားငယ်သည်လည်း တေဘ၊ ဂါဟံ၊ သဟာရှနှင့် မာခါ တို့ကိုမွေးဖွားလေ၏။
၁ ရာချုပ် 27:16 - မြန်မာ့စံမီသမ္မာကျမ်း အစ္စရေးအမျိုးအနွယ်တို့ကို အုပ်ချုပ်ရသူများမှာ ရုဗင်အမျိုးတွင် ဇိခရိ၏သားဧလျေဇာ၊ ရှိမောင်အမျိုးတွင် မာခါ၏သားရှေဖတိ၊ Common Language Bible ဣသရေလအမျိုးအနွယ်၏အုပ်ချုပ်ရေး အရာရှိများမှာအောက်ပါအတိုင်းဖြစ်၏။ အနွယ် အုပ်ချုပ်သူ ရုဗင် ဇိခရိ၏သားဧလျေဇာ။ ရှိမောင် မာခ၏သားရှေဖတိ။ လေဝိ ကေမွေလ၏သားဟာရှဘိ။ အာရုန် ဇာဒုတ်။ ယုဒ ဒါဝိဒ်၏အစ်ကိုဧလိဟု။ ဣသခါ မိက္ခေလ၏သားသြမရိ။ ဇာဗုလုန် သြဗဒိသားဣရှမာယ။ နဿလိ အာဇရေလ၏သား ယေရိမုတ်။ ဧဖရိမ် အာဇဇိ၏သားဟောရှေ။ အနောက်ပိုင်းမနာရှေ ပေဒါယ၏သားယောလ။ အရှေ့ပိုင်းမနာရှေ ဇာခရိ၏သားဣဒ္ဒေါ။ ဗင်္ယာမိန် အာဗနာ၏သားယာသေလ။ ဒန် ယေရောဟံ၏သား အာဇရေလ။ Garrad Bible ဣ သ ရေ လ အ မျိုး အ နွယ် ဦး စီး ဦး ကိုင် များ ကား ရု ဗင့် အ နွယ် တွင် ဇိ ခ ရိ သား ဧ လျေ ဇာ၊ ရှိ မောင့် အ နွယ် တွင် မာ ခါ့ သား ရှေ ဖ တိ၊ Judson Bible ဣသရေလအမျိုး အသီးအသီးတို့ကို အုပ်သောမင်းဟူမူကား၊ ရုဗင်အမျိုးတွင် ဇိခရိ၏သားဧလျေဇာ၊ ရှိမောင်အမျိုးတွင် မာခ၏သား ရှေဖတိ။ |
ရုမာအမည်ရှိသော နာခေါ်၏မယားငယ်သည်လည်း တေဘ၊ ဂါဟံ၊ သဟာရှနှင့် မာခါ တို့ကိုမွေးဖွားလေ၏။
အစ္စရေးသည် ထိုပြည်၌နေထိုင်စဉ် ရုဗင်သည်သွား၍ မိမိဖခင်၏မယားငယ်ဗိလဟာနှင့်အိပ်လေ၏။ အစ္စရေးသည် ထိုအကြောင်းကို ကြား၏။ ယာကုပ်၌ သားတစ်ဆယ့်နှစ်ယောက်ရှိ၏။
လေအာ၏သားများမှာ ရုဗင်(ယာကုပ်၏သားဦး)၊ ရှိမောင်၊ လေဝိ၊ ယုဒ၊ ဣသခါ၊ ဇာဗုလုန် တို့ဖြစ်ကြ၏။
ဒွါဒသမလတွင် တာဝန်ထမ်းဆောင်ရသောဒွါဒသမတပ်ဖွဲ့၏တပ်မှူးမှာ ဩသံယေလအမျိုးမှ နေတောဖမြို့သား ဟေလဒဲဖြစ်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။
ဒါဝိဒ်မင်းကြီးသည် အစ္စရေးအကြီးအကဲများ၊ မျိုးနွယ်စုအကြီးအကဲများ၊ မင်းမှုထမ်းတပ်ဖွဲ့အကြီးအကဲများ၊ လူတစ်ထောင်အုပ်များနှင့် လူတစ်ရာအုပ်များအားလုံး၊ ရှင်ဘုရင်နှင့်သားတော်တို့၏ဥစ္စာပစ္စည်းများ၊ တိရစ္ဆာန်များကိုကြီးကြပ်ပေးရသူများအားလုံး၊ နန်းတွင်းအကြီးအကဲများ၊ စစ်သူရဲများနှင့် ရဲစွမ်းသတ္တိရှိသူအားလုံးတို့ကို ဂျေရုဆလင်မြို့တွင် စုဝေးစေ၏။
အီဂျစ်ပြည်သို့ရောက်လာကြသော အစ္စရေး၏သားတို့အမည်များကား ဤသို့တည်း။ ယာကုပ်နှင့်အတူ မိသားစုအလိုက် ရောက်လာသောသူများမှာ
ထိုသူတို့သည် လူထုထဲမှ ရွေးကောက်ထားသောဘိုးဘေးတို့၏အမျိုးအနွယ်ခေါင်းဆောင်များဖြစ်ကြ၏။ အစ္စရေးမျိုးနွယ်စုတို့၏အကြီးအမှူးများဖြစ်ကြ၏”ဟု မိန့်တော်မူ၏။
သင်တို့ကိုကူညီမည့်သူတို့၏အမည်များကား ရုဗင်အမျိုးမှ ရှေဒုရ၏သား ဧလိဇုရ၊
မိဒျန်အမျိုးသမီးနှင့်အတူ အသေသတ်ခံရသည့် အစ္စရေးအမျိုးသား၏အမည်မှာ ဇိမရိဖြစ်၍ သူသည် ရှိမောင်အမျိုး၏ဘိုးဘေးအိမ်ထောင်စုခေါင်းဆောင်ဖြစ်သော သာလု၏သားဖြစ်၏။