ဆဋ္ဌမသား အမျေလ၊ သတ္တမသား ဣသခါ၊ အဋ္ဌမသား ပုလသဲ တို့ဖြစ်ကြ၏။ သူတို့သည် ဩဗဒေဒုံအား ဘုရားသခင်ပေးတော်မူသောကောင်းချီးများ ဖြစ်၏။
ဆဋ္ဌမသား အမျေလ၊ သတ္တမသား ဣသခါ၊ အဋ္ဌမသား ပုလသဲတည်း။ ဩဗဒေဒုံကို ဘုရားသခင်သည် ကောင်းချီးပေးတော်မူ၏။
“ဘုရားသခင်၏သေတ္တာတော်ကြောင့် ဩဗဒေဒုံ၏အိမ်သူအိမ်သားတို့နှင့်တကွ သူပိုင်ဆိုင်သောအရာအားလုံးကို ထာဝရဘုရားကောင်းချီးပေးတော်မူပြီ”ဟု ဒါဝိဒ်မင်းကြီးအား ကြားပြောကြသောအခါ ဒါဝိဒ်မင်းကြီးသည် သွား၍ ဘုရားသခင်၏သေတ္တာတော်ကို ဩဗဒေဒုံ၏အိမ်မှ ဒါဝိဒ်မြို့သို့ ဝမ်းမြောက်စွာ သယ်ဆောင်လာလေ၏။
ဤသို့ဖြင့် ဘုရားသခင်၏သေတ္တာတော်သည် ဩဗဒေဒုံ၏အိမ်၌ အိမ်သားတို့နှင့်အတူ သုံးလမျှကိန်းဝပ်တော်မူပြီး ထာဝရဘုရားသည် ဩဗဒေဒုံ၏အိမ်သူအိမ်သားများနှင့် သူပိုင်ဆိုင်သမျှတို့ကို ကောင်းချီးပေးတော်မူ၏။
ဩဗဒေဒုံ၏သားများမှာ သားဦး ရှေမာယ၊ ဒုတိယသား ယဟောဇဗဒ်၊ တတိယသား ယောအာ၊ စတုတ္ထသား စာကာ၊ ပဉ္စမသား နာသနေလ၊
ဩဗဒေဒုံ၏သားဖြစ်သော ရှေမာယ၏သားများသည် ရဲစွမ်းသတ္တိရှိသူများဖြစ်သောကြောင့် သူတို့၏ဘိုးဘေးအိမ်ထောင်စုတွင် ခေါင်းဆောင်များဖြစ်ကြ၏။
ထာဝရဘုရားကို ကြောက်ရွံ့သောသူ၊ ကိုယ်တော်၏လမ်းတော်များအတိုင်း အသက်ရှင်လျှောက်လှမ်းသောသူရှိသမျှတို့သည် မင်္ဂလာရှိကြ၏။