၁ ရာချုပ် 26:29 - မြန်မာ့စံမီသမ္မာကျမ်း ဣဇဟာအမျိုးဖြစ်သော ခေနနိနှင့်သူ၏သားများမူကား အိမ်တော်ပြင်ပအလုပ်ဖြစ်သော အစ္စရေးလူမျိုးတို့ကို ကြီးကြပ်အုပ်ချုပ်ရသူများ၊ တရားသူကြီးများအဖြစ် တာဝန်ထမ်းဆောင်ရ၏။ Common Language Bible ဣဇဟာ၏သားမြေးများအနက်ခေနနိနှင့် သားများသည် စာရင်းအင်းများထိန်းသိမ်းခြင်း နှင့်ဣသရေလပြည်သားတို့အချင်းဖြစ်ပွား မှုများကို ဖြေရှင်းခြင်းစသောအုပ်ချုပ်ရေး တာဝန်များကိုထမ်းဆောင်ရကြ၏။ Garrad Bible ဣ ဇ ဟာ့ အ နွယ်၊ ခေ န နိ နှင့် သား တို့ သည် ဣ သ ရေ လ နိုင် ငံ ဝန် ထမ်း၊ တ ရား သူ ကြီး၊ တ ရား ခုံ ဖြစ် ကြ ၏။ Judson Bible ဣဇဟာအမျိုးခေနနိနှင့် သူ၏သားတို့သည် မင်းအရာရှိ၊ တရားသူကြီးဖြစ်၍၊ ဣသရေလနိုင်ငံတွင် ပြင်အမှုကို စောင့်ရကြ၏။ |
ထိုသူတို့တွင် ထာဝရဘုရား၏အိမ်တော်နှင့်ဆိုင်သောအမှုများကို ကြီးကြပ်ကွပ်ကဲသူ အယောက်နှစ်သောင်းလေးထောင်၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရာတာဝန်ယူရသူ အယောက်ခြောက်ထောင်၊
အာမရံအမျိုး၊ ဣဇဟာအမျိုး၊ ဟေဗြုန်အမျိုး၊ ဩဇေလအမျိုး အချို့တို့လည်း ပါကြ၏။
စိတ်အာရုံရသူရှမွေလ၊ ကိရှ၏သားရှောလု၊ နေရ၏သားအာဗနာ၊ ဇေရုယာ၏သားယွာဘတို့ ဆက်ကပ်ထားသောပစ္စည်းအားလုံးအပါအဝင် လူတို့ဆက်ကပ်ထားသောပစ္စည်းမှန်သမျှတို့ကို ရှေလောမိတ်နှင့် သူ့ညီအစ်ကိုတို့ စောင့်ကြပ်ရ၏။
ပဉ္စမလတွင် တာဝန်ထမ်းဆောင်ရသောပဉ္စမတပ်ဖွဲ့၏တပ်မှူးမှာ ဣဇဟာအမျိုးသား ရှံဟုတ်ဖြစ်၏။ သူ့တပ်ဖွဲ့တွင်လည်း လူအယောက်နှစ်သောင်းလေးထောင်ပါ၏။
အထမ်းသမားများမှစ၍ လုပ်ငန်းခွင်အသီးသီးရှိအလုပ်လုပ်သူများအားလုံးကို ကြီးကြပ်ပေးရ၏။ အချို့လေဝိအမျိုးသားတို့မှာ စာရေးများ၊ ကြီးကြပ်သူများ၊ တံခါးစောင့်များဖြစ်ကြ၏။
ဘုရားသခင်၏အိမ်တော်အပြင်ဘက်အမှုထမ်းရသူ လေဝိအမျိုး အကြီးအမှူး ရှဗ္ဗေသဲ၊ ယောဇဗဒ်၊
ကောဟတ်မှ အာမရံမျိုးနွယ်စု၊ ဣဇဟာမျိုးနွယ်စု၊ ဟေဗြုန်မျိုးနွယ်စု၊ ဩဇေလမျိုးနွယ်စုတို့ ဆင်းသက်လာ၏။ ဤသည်ကား ကောဟတ်မျိုးနွယ်စုများ ဖြစ်၏။
သင့်မြို့အတွင်း၌ဖြစ်ပွားသည့် စီရင်ဆုံးဖြတ်ရမည့်အမှုများဖြစ်သော လူသတ်မှု၊ တရားတွေ့မှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှုစသည်တို့ကို စီရင်ဆုံးဖြတ်ရန် ခက်ခဲလျှင် သင်သည်ထ၍ သင်၏ဘုရားသခင်ထာဝရဘုရားရွေးချယ်တော်မူသောနေရာသို့ သွားရမည်။
လေဝိအမျိုးယဇ်ပုရောဟိတ်များနှင့် ထိုအချိန်တွင် တရားသူကြီးဖြစ်သောသူထံသို့ သွား၍ မေးမြန်းရမည်။ သူတို့သည် အဆုံးအဖြတ်ပေးရမည်။