တရားဟော 17:9 - မြန်မာ့စံမီသမ္မာကျမ်း9 လေဝိအမျိုးယဇ်ပုရောဟိတ်များနှင့် ထိုအချိန်တွင် တရားသူကြီးဖြစ်သောသူထံသို့ သွား၍ မေးမြန်းရမည်။ သူတို့သည် အဆုံးအဖြတ်ပေးရမည်။ အခန်းကိုကြည့်ပါ။Common Language Bible9 လေဝိအနွယ်ဝင်ယဇ်ပုရောဟိတ်များနှင့် တာဝန်ကျတရားသူကြီးထံအမှုကို တင်ပြ၍အဆုံးအဖြတ်ခံယူရမည်။- အခန်းကိုကြည့်ပါ။Garrad Bible9-11 လေ ဝိ ဂိုဏ်း သား ပ ရော ဟိတ် များ နှင့် ဖြစ် အံ့ သော တ ရား မင်း ရှိ ရာ သို့ ဝင် ရောက်၍၊ ထာ ဝ ရ ဘု ရား ရွေး ချယ် တော် မူ ရာ ဌာန၌၊ စစ် မေး သည့် အ တိုင်း ၎င်း တို့ ဖော် ပြ သွန် သင် ထုတ် ဆင့် သ မျှ သော တ ရား ဥပေ ဒ ပြ ဌာန်း ချက် အ ရ၊ ဝဲ ယာ သို့ မ ယိမ်း မ ယိုင် ဘဲ စောင့် ရှောက် လိုက် နာ စီ ရင် ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible9 ထိုကာလအခါ တရားသူကြီးလုပ်သောသူ၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့ရှေ့မှာ အစီရင်ခံရမည်။ သူတို့သည်လည်း စီရင်ချက်ကို ဖော်ပြရမည်။ အခန်းကိုကြည့်ပါ။ |
“ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား ဤသို့မိန့်တော်မူ၏။ ‘သင်သည် ငါ့လမ်းစဉ်များအတိုင်း လိုက်လျှောက်ပြီး ငါညွှန်ကြားသည့်အတိုင်း လိုက်နာမည်ဆိုလျှင် ငါ့အိမ်တော်တွင် တာဝန်ထမ်းရသောအခွင့်၊ ငါ့ဝင်းတော်ကို ထိန်းသိမ်းစောင့်ရှောက်ရသောအခွင့်ကို ပေးမည်။ ရပ်နေသော ဤသူတို့နှင့်အတူ ဝင်ထွက်သွားလာရသောအခွင့်ကိုလည်း သင့်အား ငါပေးမည်။
သူတို့သည် ကိုယ်တော်၏စီရင်ထုံးဖွဲ့ချက်များကို ယာကုပ်အမျိုးအားလည်းကောင်း၊ ကိုယ်တော်၏တရားတော်ကို အစ္စရေးလူမျိုးအားလည်းကောင်း သွန်သင်ပြသပေးလိမ့်မည်။ သူတို့သည် နံ့သာပေါင်းကို ရှေ့တော်၌လည်းကောင်း၊ တစ်ကောင်လုံးရှို့ရသောယဇ်ကို ယဇ်ပလ္လင်တော်ပေါ်၌လည်းကောင်း ပူဇော်ကြလိမ့်မည်။