ဒါဝိဒ်မင်းကြီးသည် ထိုပစ္စည်းများအပြင် မိမိနှိမ်နင်းခဲ့သောတိုင်းပြည်အပေါင်းတို့မှသိမ်းယူခဲ့သော ရွှေငွေတို့ကိုလည်း ထာဝရဘုရားထံဆက်ကပ်၏။
၁ ရာချုပ် 26:27 - မြန်မာ့စံမီသမ္မာကျမ်း စစ်ပွဲမှရလာသောတိုက်ရာပါပစ္စည်းအချို့ကို ထာဝရဘုရား၏အိမ်တော်ပြုပြင်ရန်အတွက် ဆက်ကပ်ထား၏။ Common Language Bible သူတို့သည်စစ်ပွဲမှတိုက်ရာပါပစ္စည်းအချို့ ကိုယူ၍ ဗိမာန်တော်တွင်အသုံးပြုရန် ဆက်ကပ်ကြလေသည်။- Judson Bible ထိုမင်းတို့သည် စစ်တိုက်၍ရသောဥစ္စာတို့ကို မသိမ်း၊ ထာဝရဘုရား၏ အိမ်တော်ကိုပြုစုခြင်းငှာ ပူဇော်တတ်ကြ၏။ |
ဒါဝိဒ်မင်းကြီးသည် ထိုပစ္စည်းများအပြင် မိမိနှိမ်နင်းခဲ့သောတိုင်းပြည်အပေါင်းတို့မှသိမ်းယူခဲ့သော ရွှေငွေတို့ကိုလည်း ထာဝရဘုရားထံဆက်ကပ်၏။
ထိုငွေများသည် အလုပ်လုပ်သူများကို ပေးရန်နှင့် ထာဝရဘုရား၏အိမ်တော်ကို ပြုပြင်ဖို့ရန်အတွက်သာ ဖြစ်၏။
ဒါဝိဒ်မင်းကြီးသည် ထိုပစ္စည်းများအပြင် ဧဒုံ၊ မောဘ၊ အမ္မုန်၊ ဖိလိတ္တိ၊ အာမလက် စသောလူမျိုးအပေါင်းတို့ထံမှ သိမ်းယူသော ရွှေငွေတို့ကိုလည်း ထာဝရဘုရားထံ ဆက်ကပ်၏။
ရှေလောမုတ်နှင့် သူ့ညီအစ်ကိုတို့သည် ဒါဝိဒ်မင်းကြီးနှင့် ဘိုးဘေးတို့၏အိမ်ထောင်စုအကြီးအမှူးများဖြစ်သော ထောင်တပ်မှူး၊ ရာတပ်မှူးများ၊ စစ်ဗိုလ်ချုပ်များ ဆက်ကပ်လှူဒါန်းသောပစ္စည်းများထားရာဘဏ္ဍာတိုက်အလုံးစုံကို စောင့်ကြပ်ရ၏။
စိတ်အာရုံရသူရှမွေလ၊ ကိရှ၏သားရှောလု၊ နေရ၏သားအာဗနာ၊ ဇေရုယာ၏သားယွာဘတို့ ဆက်ကပ်ထားသောပစ္စည်းအားလုံးအပါအဝင် လူတို့ဆက်ကပ်ထားသောပစ္စည်းမှန်သမျှတို့ကို ရှေလောမိတ်နှင့် သူ့ညီအစ်ကိုတို့ စောင့်ကြပ်ရ၏။
ဤသို့ဖြင့် ရှောလမုန်မင်းကြီးသည် ထာဝရဘုရား၏အိမ်တော်အဖို့ လုပ်ဆောင်စရာအလုံးစုံတို့ကို လုပ်ဆောင်ပြီးစီးလေ၏။ ခမည်းတော်ဒါဝိဒ်မင်းကြီး ဆက်ကပ်လှူဒါန်းထားသော ရွှေထည်ငွေထည်အသုံးအဆောင်ရှိသမျှတို့ကို ရှောလမုန်မင်းကြီးယူဆောင်လာပြီး ဘုရားသခင်၏အိမ်တော်ရှိဘဏ္ဍာတိုက်ထဲတွင် ထားရှိလေ၏။
ရွှေ၊ ငွေမှစ၍ ကြေးနီ၊ သံအသုံးအဆောင်အလုံးစုံတို့မူကား ထာဝရဘုရားအဖို့ သန့်ရှင်းသည်ဖြစ်၍ ထာဝရဘုရား၏ဘဏ္ဍာတိုက်ထဲသို့ သွင်းရမည်”ဟု ဆိုလေ၏။