ဧလျေဇာ၏သားတို့တွင် ရေဟဘိသည် သားဦးဖြစ်၏။ သို့သော် ဧလျေဇာတွင် အခြားသားမရှိ။ ရေဟဘိတွင် သားအများအပြားရှိ၏။
၁ ရာချုပ် 26:24 - မြန်မာ့စံမီသမ္မာကျမ်း မောရှေ၏မြေး၊ ဂေရရှုံ၏သား ရှေဗွေလသည် ဘဏ္ဍာတိုက်ကို ကြီးကြပ်အုပ်ချုပ်သူ ဖြစ်၏။ Common Language Bible မောရှေ၏သားဂေရရှုံသားချင်းစုမှ ရှေဗွေလ သည်ဗိမာန်တော်ဘဏ္ဍာတိုက်၏တာဝန်ခံအုပ် ချုပ်ရေးမှူးဖြစ်၏။- Garrad Bible မော ရှေ့ သား ဂေ ရ ရှုံ၏ အ ဆက် ရှေ ဗွေ လ သည် ဘ ဏ္ဍာ ထိန်း တို့ အ ပေါ် တွင် အုပ် ချုပ် ရ ၏။ Judson Bible မောရှေသား ဂေရရှုံ၏သားရှေဗွေလသည်လည်း ဘဏ္ဍာတော်တို့ကို အုပ်ရ၏။ |
ဧလျေဇာ၏သားတို့တွင် ရေဟဘိသည် သားဦးဖြစ်၏။ သို့သော် ဧလျေဇာတွင် အခြားသားမရှိ။ ရေဟဘိတွင် သားအများအပြားရှိ၏။
လေဝိအမျိုးတွင် အဟိယသည် ဘုရားသခင်၏ဘဏ္ဍာတိုက်နှင့် ဆက်ကပ်လှူဒါန်းသောပစ္စည်းများထားရာဘဏ္ဍာတိုက်တို့ကို စောင့်ကြပ်ရ၏။
အာမရံအမျိုး၊ ဣဇဟာအမျိုး၊ ဟေဗြုန်အမျိုး၊ ဩဇေလအမျိုး အချို့တို့လည်း ပါကြ၏။
ရှေဗွေလ၏ညီအစ်ကိုများမှာ ဧလျေဇာ၏သား ရေဟဘိ၊ ရေဟဘိ၏သား ယေရှာယ၊ ယေရှာယ၏သား ယောရံ၊ ယောရံ၏သား ဇိခရိ၊ ဇိခရိ၏သား ရှေလောမုတ် တို့ဖြစ်ကြ၏။