ထာဝရဘုရား၏အိမ်တော်အဝင်ဝ၊ အိမ်တော်ဝင်းအတွင်း မိန်းမစိုးနာသန်မေလက်၏အခန်းနားရှိ ယုဒဘုရင်တို့ နေဘုရားအား ပူဇော်ထားသောမြင်းများကိုလည်း ဖယ်ရှားပစ်၍ နေဘုရားရထားတို့ကိုလည်း မီးရှို့ပစ်၏။
၁ ရာချုပ် 26:18 - မြန်မာ့စံမီသမ္မာကျမ်း အိမ်တော်ဝင်းအနောက်ဘက်တွင် လမ်းမပေါ်၌ လေးယောက်၊ အိမ်တော်ဝင်းတွင် နှစ်ယောက် စောင့်ကြပ်ရ၏။ Common Language Bible အနောက်မျက်နှာစင်္ကြံအနီးလမ်းပေါ်တွင် အစောင့်တပ်သားလေးယောက်နှင့်စင်္ကြံထဲ တွင်နှစ်ယောက်ရှိ၏။- Judson Bible အနောက်မျက်နှာ လမ်းဝမှာလေးယောက်၊ တံတိုင်းတော်ပြင်မှာ နှစ်ယောက်စောင့်ရကြ၏။ |
ထာဝရဘုရား၏အိမ်တော်အဝင်ဝ၊ အိမ်တော်ဝင်းအတွင်း မိန်းမစိုးနာသန်မေလက်၏အခန်းနားရှိ ယုဒဘုရင်တို့ နေဘုရားအား ပူဇော်ထားသောမြင်းများကိုလည်း ဖယ်ရှားပစ်၍ နေဘုရားရထားတို့ကိုလည်း မီးရှို့ပစ်၏။
ရှုပိမ်နှင့်ဟောသတို့သည် အနောက်ဘက်တောင်ပေါ်တက်သွားသောလမ်းပေါ်ရှိ ရှလ္လေခက်တံခါး၌ မဲကျပြီး အစောင့်တို့သည် တစ်ယောက်နှင့်တစ်ယောက် ဘေးချင်းယှဉ်လျက် စောင့်ရ၏။
အရှေ့ဘက်၌ လေဝိအမျိုးသားခြောက်ယောက်၊ မြောက်ဘက်၌ တစ်ရက်တွင် လေးယောက်၊ တောင်ဘက်၌ တစ်ရက်တွင် လေးယောက်နှင့် သိုလှောင်ရုံများ၌ နှစ်ယောက်စီ စောင့်ကြပ်ကြရ၏။
ဤသူတို့သည် ကောရ၏သားမြေးများနှင့် မေရာရိ၏သားမြေးများမှ တံခါးစောင့်အဖွဲ့ဝင်များ ဖြစ်ကြ၏။