စားသောက်ပွဲတည်ခင်းပုံ၊ မင်းမှုထမ်းတို့၏နေရာထိုင်ခင်း၊ အမှုထမ်းတို့တာဝန်ထမ်းဆောင်ပုံနှင့် ဝတ်စားဆင်ယင်ပုံ၊ ဖလားတော်ဝန်များ၊ ထာဝရဘုရား၏အိမ်တော်တွင် ပူဇော်သောမီးရှို့ရာယဇ်များ စသည်တို့ကို မြင်သောအခါ ရင်သပ်ရှုမောမဆုံး ဖြစ်ရလေ၏။
၁ ရာချုပ် 26:16 - မြန်မာ့စံမီသမ္မာကျမ်း ရှုပိမ်နှင့်ဟောသတို့သည် အနောက်ဘက်တောင်ပေါ်တက်သွားသောလမ်းပေါ်ရှိ ရှလ္လေခက်တံခါး၌ မဲကျပြီး အစောင့်တို့သည် တစ်ယောက်နှင့်တစ်ယောက် ဘေးချင်းယှဉ်လျက် စောင့်ရ၏။ Common Language Bible ရှုပိန်နှင့်ဟောသတို့သည်အနောက်တံခါးနှင့် အထက်လမ်းရှိ၊ ရှလ္လေခက်တံခါးတွင်တာဝန် ကျကြ၏။ အစောင့်တာဝန်ကိုတစ်ချိန်ပြီး တစ်ချိန် ခွဲခန့်သတ်မှတ်ထား၏။- Garrad Bible ရှု ပိမ် နှင့် ဟော သ တို့ သည် တောင် တက် ရာ လမ်း ရှိ ရှ လ္လေ ခက် ခေါ် တံ ခါး အ နီး အ နောက် မျက် နှာ ကို လည်း ကောင်း မဲ ကျ သ ဖြင့် ရ ကြ ၏။ Judson Bible ရှုပိန်နှင့်ဟောသသည် အနောက်မျက်နှာနှင့် ဗိမာန်တော်သို့ တက်ရာလမ်းဝ၌ ရှလ္လေခက်တံခါးကိုရ၍ တစ်ဖက်တစ်ချက်၌ စောင့်ရ၏။ |
စားသောက်ပွဲတည်ခင်းပုံ၊ မင်းမှုထမ်းတို့၏နေရာထိုင်ခင်း၊ အမှုထမ်းတို့တာဝန်ထမ်းဆောင်ပုံနှင့် ဝတ်စားဆင်ယင်ပုံ၊ ဖလားတော်ဝန်များ၊ ထာဝရဘုရား၏အိမ်တော်တွင် ပူဇော်သောမီးရှို့ရာယဇ်များ စသည်တို့ကို မြင်သောအခါ ရင်သပ်ရှုမောမဆုံး ဖြစ်ရလေ၏။
ဩဗဒေဒုံသည် တောင်ဘက်တံခါးတွင် မဲကျ၏။ သူ့သားတို့မူကား သိုလှောင်ရုံတံခါး၌ မဲကျ၏။
အရှေ့ဘက်၌ လေဝိအမျိုးသားခြောက်ယောက်၊ မြောက်ဘက်၌ တစ်ရက်တွင် လေးယောက်၊ တောင်ဘက်၌ တစ်ရက်တွင် လေးယောက်နှင့် သိုလှောင်ရုံများ၌ နှစ်ယောက်စီ စောင့်ကြပ်ကြရ၏။
အိမ်တော်ဝင်းအနောက်ဘက်တွင် လမ်းမပေါ်၌ လေးယောက်၊ အိမ်တော်ဝင်းတွင် နှစ်ယောက် စောင့်ကြပ်ရ၏။
စားသောက်ပွဲတည်ခင်းပုံ၊ မင်းမှုထမ်းတို့၏နေရာထိုင်ခင်း၊ အမှုထမ်းတို့တာဝန်ထမ်းဆောင်ပုံနှင့် ဝတ်စားဆင်ယင်ပုံ၊ ဖလားတော်ဝန်များနှင့်သူတို့၏ဝတ်စားဆင်ယင်ပုံ၊ ထာဝရဘုရား၏အိမ်တော်သို့တက်သွားရာလမ်းတွင် စောင်းတန်းများပါရှိပုံ စသည်တို့ကို မြင်သောအခါ ရင်သပ်ရှုမောမဆုံး ဖြစ်ရလေ၏။
ဘုရားသခင်၏လူဒါဝိဒ် စီရင်ချမှတ်ထားသည့်အတိုင်း လေဝိအကြီးအမှူးများဖြစ်သော ဟာရှဘိ၊ ရှေရဘိနှင့် ကပ်မျေလ၏သား ယေရွှာတို့သည် ညီအစ်ကိုများနှင့်မျက်နှာချင်းဆိုင်ရပ်လျက် ကျေးဇူးတော်ချီးမွမ်းခြင်းသီချင်းကို တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန် သီဆိုကြ၏။