လေဝိအမျိုးအကြီးအကဲခေနနိသည် သီချင်းအရာ၌ကျွမ်းကျင်သောကြောင့် သူသည် သီဆိုခြင်းအမှုကို တာဝန်ယူရ၏။
၁ ရာချုပ် 25:8 - မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် အကြီးအငယ်၊ ဆရာတပည့် မခွဲခြားဘဲ မဲချ၍ တာဝန်ယူကြရ၏။ Common Language Bible ထိုသူတို့သည်ကြီးသူငယ်သူ၊ ကျွမ်းကျင်သူ၊ မကျွမ်းကျင်သူဟူ၍ခွဲခြားခြင်းမရှိဘဲ တာဝန်ဝတ္တရားများခွဲခန့်သတ်မှတ်ရာ၌ မဲနှိုက်၍ ယူရကြ၏။ Garrad Bible ထို သူ တို့ သည် ဆ ရာ တ ပည့် အ ကြီး အ ငယ် မ ခြား ဆောင် ရွက် ရန် တာ ဝန် အ တွက် မဲ ချ ကြ ရာ၊ Judson Bible ထိုသူတို့သည် အကြီးအငယ် ဆရာတပည့်ရောနှောလျက် စာရေးတံပြု၍ သင်းဖွဲ့ရာမှာ၊ |
လေဝိအမျိုးအကြီးအကဲခေနနိသည် သီချင်းအရာ၌ကျွမ်းကျင်သောကြောင့် သူသည် သီဆိုခြင်းအမှုကို တာဝန်ယူရ၏။
သူတို့သည်လည်း ဆွေမျိုးသားချင်းအာရုန်၏သားမြေးများကဲ့သို့ပင် ဒါဝိဒ်မင်းကြီး၊ ဇာဒုတ်၊ အဟိမလက်နှင့် ယဇ်ပုရောဟိတ်တို့၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူး၊ လေဝိအမျိုးသားတို့၏ဘိုးဘေးအိမ်ထောင်စုအကြီးအမှူးတို့ရှေ့တွင် ညီအစ်ကိုကြီးငယ်မရွေးမဲချကြ၏။
ဧလာဇာသားမြေးနှင့် ဣသမာသားမြေးတို့သည် သန့်ရှင်းရာဌာန၏အကြီးအကဲများ၊ ဘုရားသခင်အမှုတော်ဆောင်အကြီးအကဲများဖြစ်သောကြောင့် သူတို့ကို မဲချ၍ ညီတူညီမျှခွဲခန့်ထား၏။
အာသပ်သားမြေးတွင် ဇက္ကုရ၊ ယောသပ်၊ နေသနိ၊ အာရှရေလ တို့ဖြစ်ကြ၏။ အာသပ်၏သားတို့သည် ရှင်ဘုရင်ညွှန်ကြားသည့်အတိုင်း ပရောဖက်ပြုသောအာသပ်၏လက်အောက်တွင် နေရကြ၏။
မဲချရာတွင် ပထမဆုံးမဲကျသူမှာ အာသပ်၏သား ယောသပ်၊ ဒုတိယမြောက်မဲကျသူမှာ ဂေဒလိနှင့် သူ၏ညီအစ်ကိုများ၊ သူ၏သားများအပါအဝင် တစ်ဆယ့်နှစ်ယောက်၊
သူတို့၏ဘိုးဘေးအိမ်ထောင်စုအလိုက် လူကြီးလူငယ်မရွေး တံခါးတစ်ခုစီတွင် တာဝန်ကျမည့်သူများကိုမဲချခွဲဝေပေး၏။
ရှုပိမ်နှင့်ဟောသတို့သည် အနောက်ဘက်တောင်ပေါ်တက်သွားသောလမ်းပေါ်ရှိ ရှလ္လေခက်တံခါး၌ မဲကျပြီး အစောင့်တို့သည် တစ်ယောက်နှင့်တစ်ယောက် ဘေးချင်းယှဉ်လျက် စောင့်ရ၏။
ရှင်ဘုရင်သည် အဝင်ဝတိုင်နားတွင် ရပ်နေပြီး မှူးမတ်များ၊ တံပိုးခရာမှုတ်သူများလည်း ရှင်ဘုရင်အား ခြံရံလျက် ရှိနေသည်ကိုလည်းကောင်း၊ ပြည်သူပြည်သားအပေါင်းတို့က ဝမ်းမြောက်ပျော်ရွှင်စွာတံပိုးခရာတူရိယာမှုတ်လျက် သီချင်းများချီးမွမ်းသီဆိုနေကြသည်ကိုလည်းကောင်း အာသလိဘုရင်မ မြင်ရလျှင် သူ့အဝတ်ကိုဆုတ်ဖြဲလျက် “လျှို့ဝှက်ကြံစည်မှုပါတကား၊ လျှို့ဝှက်ကြံစည်မှုပါတကား”ဟု အော်ဟစ်လေ၏။
ဘုရားသခင်၏လူဒါဝိဒ် စီရင်ချမှတ်ထားသည့်အတိုင်း လေဝိအကြီးအမှူးများဖြစ်သော ဟာရှဘိ၊ ရှေရဘိနှင့် ကပ်မျေလ၏သား ယေရွှာတို့သည် ညီအစ်ကိုများနှင့်မျက်နှာချင်းဆိုင်ရပ်လျက် ကျေးဇူးတော်ချီးမွမ်းခြင်းသီချင်းကို တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန် သီဆိုကြ၏။
မဲကို ပေါင်ခွင်၌ချတတ်ကြ၏။ သို့သော် စီရင်ဆုံးဖြတ်ချက်အားလုံးသည် ထာဝရဘုရားထံတော်မှလာ၏။
အာရုန်သည် ထိုဆိတ်သငယ်နှစ်ကောင်ကို မဲချရမည်။ မဲတစ်ခုသည် ထာဝရဘုရားအဖို့ဖြစ်၍ ကျန်မဲတစ်ခုသည် အဇာဇယ်အဖို့ဖြစ်၏။
ထို့နောက် ထိုသူနှစ်ဦးအတွက်မဲချကြရာ မဿိအပေါ်မဲကျသဖြင့် သူသည် တမန်တော်တစ်ဆယ့်တစ်ပါးတို့နှင့်အတူ တမန်တော်စာရင်းဝင်လေ၏။