၁ ရာချုပ် 25:2 - မြန်မာ့စံမီသမ္မာကျမ်း2 အာသပ်သားမြေးတွင် ဇက္ကုရ၊ ယောသပ်၊ နေသနိ၊ အာရှရေလ တို့ဖြစ်ကြ၏။ အာသပ်၏သားတို့သည် ရှင်ဘုရင်ညွှန်ကြားသည့်အတိုင်း ပရောဖက်ပြုသောအာသပ်၏လက်အောက်တွင် နေရကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible2 အာသပ်၏သားများဖြစ်ကြသောဇက္ကုရ၊ ယောသပ်၊ နေသနိနှင့်အာရှရေလတို့သည်မင်းကြီးအမိန့် ပေးသည့်အခါတိုင်း ဘုရားသခင်၏တရားတော် ကိုဟောပြောရသူအာသပ်၏ညွှန်ကြားကွပ် ကဲမှုကိုခံယူရကြ၏။ အခန်းကိုကြည့်ပါ။Garrad Bible2 ဒါ ဝိဒ် မင်း၏ သြ ဝါ ဒ ခံ ဟော ပြော ရ သူ အာ သပ် လက် အောက် ဇ က္ကု ရ၊ ယော သပ်၊ နာ သ နိ၊ အာ ရှ ရေ လ တို့ သည် အာ သပ် ဂိုဏ်း သား များ ဖြစ် ကြ သ တည်း။ အခန်းကိုကြည့်ပါ။Judson Bible2 အာသပ်သား ဇက္ကုရ၊ ယောသပ်၊ နေသနိ၊ အာရှရေလတစ်စု၊ သူတို့သည် ရှင်ဘုရင်စီရင်သည်အတိုင်း၊ အဘအာသပ်၌ တပည့်ဖြစ်၍ ကိုးကွယ်ခြင်းအမှုကို ဆောင်ရွက်ရကြ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရား၏ဗိမာန်တော်တည်ဆောက်သောသူတို့သည် အုတ်မြစ်ကိုချသောအခါ ဝတ်စုံဝတ်ဆင်ထားသောယဇ်ပုရောဟိတ်တို့သည် တံပိုးခရာကိုကိုင်လျက်၊ အာသပ်၏သားလေဝိအမျိုးတို့သည်လည်း လင်းကွင်းများကိုကိုင်လျက် အစ္စရေးဘုရင်ဒါဝိဒ်မင်းကြီးလက်ထက်ကအတိုင်းနေရာယူ၍ ထာဝရဘုရားကိုချီးမွမ်းကြသည်မှာ