အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ ရာ​ချုပ် 24:24 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ဩဇေလ​၏​သား​များ​မှာ မိက္ခာ​၊ မိက္ခာ​၏​သား ရှမိရ​၊

အခန်းကိုကြည့်ပါ။

Common Language Bible

မိက္ခာ​မှ​တစ်​ဆင့်​သြ​ဇေ​လ​မှ​ဆင်း​သက်​လာ​သူ ရှ​မိ​ရ။

အခန်းကိုကြည့်ပါ။

Garrad Bible

သြ ဇေ လ အ ဆက် တွင် မိ က္ခာ့ သား တို့ အ နက် ရှ မိ ရ တည်း။ မိ က္ခာ့ ညီ ဣ ရှ ယာ့ သား တို့ အ နက် ဇာ ခ ရိ တည်း။

အခန်းကိုကြည့်ပါ။

Judson Bible

ဩ​ဇေ​လ​သား​ဖြစ်​သော မိ​က္ခာ၏​သား​စု​တွင် ရှ​မိ​ရ၊

အခန်းကိုကြည့်ပါ။



၁ ရာ​ချုပ် 24:24
7 ပူးပေါင်းရင်းမြစ်များ  

ဩဇေလ​၏​သား​များ​မှာ သားဦး မိက္ခာ​၊ ဒုတိယ​သား ဣရှိယ ဖြစ်​၏​။


ဟေဗြုန်​၏​သား​များ​မှာ သားဦး​ယေရိ​၊ ဒုတိယ​သား အာမရိ​၊ တတိယ​သား ယဟာဇေလ​၊ စတုတ္ထ​သား ယေကမံ​၊


မိက္ခာ​၏​ညီ ဣရှိယ​၊ ဣရှိယ​၏​သား ဇာခရိ တို့​ဖြစ်​ကြ​၏​။


ဘုရားသခင်​၏​အိမ်​တော်​အမှု​ရှိသမျှ​ကို ဆောင်ရွက်​သော ယဇ်ပုရောဟိတ်​တို့​၏​အဖွဲ့​၊ လေဝိ​လူမျိုး​တို့​၏​အဖွဲ့​နှင့် လုပ်ငန်း​တိုင်း​ကို​ကျွမ်းကျင်​ပြီး စေတနာစိတ်​ရှိ​သော​သူ​တို့​သည် သင်​လုပ်ဆောင်​လေရာရာ​တွင် သင်​နှင့်အတူ လုပ်ဆောင်​ကြ​လိမ့်မည်​။ မှူးမတ်​များ​နှင့် ပြည်သူပြည်သား​အပေါင်း​တို့​သည်​လည်း သင်​ညွှန်ကြား​သမျှ​ကို လုပ်ဆောင်​ပေး​ကြ​လိမ့်မည်”​ဟု ဆို​၏​။


လေဝိ​အမျိုး​နှင့် ယုဒ​လူမျိုး​အပေါင်း​တို့​သည် ယဇ်ပုရောဟိတ်​ယောယဒ မှာကြား​သည့်​အတိုင်း ပြု​ကြ​၏​။ ယဇ်ပုရောဟိတ်​ယောယဒ​က အလှည့်ကျ​အဖွဲ့​များ​ကို ပြန်​မ​လွှတ်ပေး​သောကြောင့် အဖွဲ့ခေါင်းဆောင်​များ​သည် ဥပုသ်နေ့​တွင် တာဝန်ကျ​သူ​များ​နှင့် တာဝန်မကျ​သူ​များ​ပါ အသီးသီး​မိမိ​တို့​လူ​ကို ခေါ်ထား​ကြ​၏​။


ထို့နောက် ဟေဇကိ​မင်းကြီး​သည် ယဇ်ပုရောဟိတ်​နှင့် လေဝိ​အမျိုး​တို့​ကို အဖွဲ့လိုက်​တာဝန်ခွဲပေး​၏​။ ယဇ်ပုရောဟိတ်​နှင့် လေဝိ​အမျိုး​တို့​သည် မိမိ​တို့​ထမ်းဆောင်​ရ​မည့်​တာဝန်​များ​ကို အဖွဲ့လိုက်​အလှည့်ကျ​ထမ်းဆောင်​ကြ​ရ​၏​။ သူ​တို့​သည် မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​ကို ပူဇော်​ရ​၏​။ ထာဝရဘုရား​စံ​တော်မူ​ရာ​ဌာန​တော်​၏​တံခါး​များ​၌​ရပ်​၍ အမှု​တော်​ထမ်းဆောင်​လျက် ကျေးဇူးတော်​ချီးမွမ်း​ခြင်း​၊ ဂုဏ်တော်​ချီးမွမ်းသီဆို​ခြင်း​ကို ပြု​ရ​၏​။


ထို့နောက် မောရှေ​၏​ပညတ်တရား​ကျမ်း​၌​ရေးထား​သည့်​အတိုင်း ဂျေရုဆလင်​မြို့​တွင် ဘုရားသခင်​၏​အမှု​တော်​ကို​ထမ်းဆောင်​ရန် ယဇ်ပုရောဟိတ်​အုပ်စု​၊ လေဝိ​အုပ်စု​တို့​ကို ခန့်ထား​လေ​၏​။