အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ ရာ​ချုပ် 23:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို့ပြင် ဒါဝိဒ်​မင်းကြီး​သည် လေဝိ​၏​သား​များ​ရှိ​သည့်​အတိုင်း ဂေရရှုန်​၊ ကောဟတ်​၊ မေရာရိ ဟူ၍ အဖွဲ့​ခွဲ​ထား​ပြီး

အခန်းကိုကြည့်ပါ။

Common Language Bible

ဒါ​ဝိဒ်​သည်​လေဝိ​အ​နွယ်​ဝင်​တို့​အား​မိ​မိ​တို့ သား​ချင်း​စု​များ​အ​လိုက်​ဂေ​ရ​ရှုံ၊ ကော​ဟတ် နှင့်​မေ​ရာ​ရိ​ဟူ​၍​အ​စု​သုံး​စု​ခွဲ​တော်​မူ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ဒါ ဝိဒ် မင်း သည် လေ ဝိ သား ဂေ ရ ရှုံ၊ ကော ဟတ်၊ မေ ရာ ရိ ညီ နောင် အ လိုက် ခွဲ ထား ရာ၊

အခန်းကိုကြည့်ပါ။

Judson Bible

လေ​ဝိ​သား ဂေ​ရ​ရှုံ၊ ကော​ဟတ်၊ မေ​ရာ​ရိ​အ​မျိုး​အ​သီး​အ​သီး​တို့​ကို ဒါ​ဝိဒ်​ခွဲ​ထား၍ တစ်​မျိုး​တ​ခြား​စီ သင်း​ဖွဲ့​စေ၏။

အခန်းကိုကြည့်ပါ။



၁ ရာ​ချုပ် 23:6
18 ပူးပေါင်းရင်းမြစ်များ  

ဂေရရှုန်​အမျိုး​တွင် လာဒန်​နှင့် ရှိမိ​တို့​ပါဝင်​၏​။


အာရုန်​၏​သားမြေး​များ​ကို အုပ်စုခွဲ​ထား​၏​။ အာရုန်​၏​သား​များ​မှာ နာဒပ်​၊ အဘိဟု​၊ ဧလာဇာ​၊ ဣသမာ တို့​ဖြစ်​ကြ​၏​။


တံခါးစောင့်​အဖွဲ့​များ​တွင် ကောရ​အမျိုး​ထဲမှ အာသပ်​၏​မြေး​၊ ကောရေ​၏​သား မေရှလေမိ​၊


ယဇ်ပုရောဟိတ်​အဖွဲ့​၊ လေဝိ​လူမျိုး​အဖွဲ့​နှင့် ထာဝရဘုရား​၏​အိမ်​တော်​တွင်​ထမ်းဆောင်​ရ​မည့်​အမှု​အားလုံး​၊ ထာဝရဘုရား​၏​အိမ်​တော်​၌​အမှု​တော်​ထမ်းဆောင်​ရာ​တွင်​အသုံးပြု​သော အသုံးအဆောင်​များ​အားလုံး​၊


လေဝိ​၏​သား​များ​မှာ ဂေရရှုန်​၊ ကောဟတ်​၊ မေရာရိ တို့​ဖြစ်​ကြ​၏​။


လေဝိ​၏​သား​များ​မှာ ဂေရရှုံ​၊ ကောဟတ်​၊ မေရာရိ တို့​ဖြစ်​ကြ​၏​။


ထို့နောက် ယောယဒ​သည် ဒါဝိဒ်​မင်းကြီး​ကိုယ်တိုင် ခွဲခန့်​ထား​ခဲ့​သည့် ယဇ်ပုရောဟိတ်​များ​နှင့် လေဝိ​အမျိုး​တို့​အား ထာဝရဘုရား​၏​အိမ်​တော်​ကို တာဝန်ယူ​ကြီးကြပ်​ရန် ခန့်ထား​၏​။ သူ​တို့​သည် မောရှေ​၏​ပညတ်တရားကျမ်း​တွင်​ရေးထား​သည့်​အတိုင်း ထာဝရဘုရား​၏​အိမ်​တော်​တွင် ထာဝရဘုရား​ထံ မီးရှို့ရာယဇ်​ကို ပူဇော်​ရ​ပြီး ဒါဝိဒ်​မင်းကြီး​မိန့်မှာ​ထား​ခဲ့​သည့်​အတိုင်း ဝမ်းမြောက်​စွာ​ချီးမွမ်းသီချင်း သီဆို​ရ​သော​သူ​များ​ဖြစ်​ကြ​၏​။


ဒါဝိဒ်​မင်းကြီး​နှင့်တကွ မင်းကြီး​၏​ဗျာဒိတ်ဆရာ​ဂဒ်​နှင့် ပရောဖက်​နာသန်​တို့ ညွှန်ကြား​ထား​နှင့်​သည့်​အတိုင်း ဟေဇကိ​မင်းကြီး​သည် လင်းကွင်း​၊ စောင်းပြား​၊ စောင်းကောက် တီးမှုတ်​တတ်​သော​လေဝိ​အမျိုး​တို့​ကို ထာဝရဘုရား​၏​အိမ်​တော်​တွင် နေရာချ​ထား​၏​။ ထိုသို့ ထာဝရဘုရား​သည် ပရောဖက်​တို့​မှတစ်ဆင့် မိန့်မှာ​ထား​တော်မူ​၏​။


ထို့နောက် ဟေဇကိ​မင်းကြီး​သည် ယဇ်ပုရောဟိတ်​နှင့် လေဝိ​အမျိုး​တို့​ကို အဖွဲ့လိုက်​တာဝန်ခွဲပေး​၏​။ ယဇ်ပုရောဟိတ်​နှင့် လေဝိ​အမျိုး​တို့​သည် မိမိ​တို့​ထမ်းဆောင်​ရ​မည့်​တာဝန်​များ​ကို အဖွဲ့လိုက်​အလှည့်ကျ​ထမ်းဆောင်​ကြ​ရ​၏​။ သူ​တို့​သည် မီးရှို့ရာယဇ်​၊ မိတ်သဟာယယဇ်​ကို ပူဇော်​ရ​၏​။ ထာဝရဘုရား​စံ​တော်မူ​ရာ​ဌာန​တော်​၏​တံခါး​များ​၌​ရပ်​၍ အမှု​တော်​ထမ်းဆောင်​လျက် ကျေးဇူးတော်​ချီးမွမ်း​ခြင်း​၊ ဂုဏ်တော်​ချီးမွမ်းသီဆို​ခြင်း​ကို ပြု​ရ​၏​။


ဤသို့ဖြင့် ရှင်ဘုရင်​၏​အမိန့်​တော်​အတိုင်း ပွဲတော်​ကို​ပြင်ဆင်​ကြ​၏​။ ယဇ်ပုရောဟိတ်​တို့​သည် ကိုယ်စီ​နေရာယူ​ကြ​၏​။ လေဝိ​အမျိုး​တို့​သည်​လည်း အဖွဲ့လိုက်​နေရာယူ​ကြ​၏​။


အစ္စရေး​ဘုရင်​ဒါဝိဒ်​မင်းကြီး​နှင့် သား​တော်​ရှောလမုန်​မင်းကြီး​တို့ ရေးမှတ်​ထား​ခဲ့​သည့်​အတိုင်း သင်​တို့​ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် အလှည့်ကျ​အသင့်ရှိ​စေ​ကြ​လော့​။


ခမည်းတော်​ဒါဝိဒ်​မင်းကြီး စီမံ​ထား​ခဲ့​သည့်​အတိုင်း ယဇ်ပုရောဟိတ်​တို့​ကို အလှည့်ကျ တာဝန်​ခွဲဝေ​ပေး​၏​။ လေဝိ​အမျိုးသား​တို့​ကို​လည်း နေ့စဉ် ယဇ်ပုရောဟိတ်​တို့​ရှေ့​တွင် အမှု​တော်​ထမ်းဆောင်​ရ​မည့်​တာဝန်​နှင့် ကျေးဇူး​တော်​ချီးမွမ်း​ရ​မည့်​တာဝန်​ကို ခွဲဝေ​ပေး​၏​။ တံခါး​တိုင်း​တွင် အလှည့်ကျ​တံခါးစောင့်​များ​ကို​လည်း ခန့်အပ်​ထား​၏​။ ဤသည်မှာ ဘုရားသခင်​၏​လူ ဒါဝိဒ်​မင်းကြီး​၏​အမိန့်​တော်​ဖြစ်​၏​။


ထို့နောက် မောရှေ​၏​ပညတ်တရား​ကျမ်း​၌​ရေးထား​သည့်​အတိုင်း ဂျေရုဆလင်​မြို့​တွင် ဘုရားသခင်​၏​အမှု​တော်​ကို​ထမ်းဆောင်​ရန် ယဇ်ပုရောဟိတ်​အုပ်စု​၊ လေဝိ​အုပ်စု​တို့​ကို ခန့်ထား​လေ​၏​။


လေဝိ​၏​သား​တို့​အမည်​များ​ကား ဂေရရှုန်​၊ ကောဟတ်​၊ မေရာရိ တို့​ဖြစ်​ကြ​၏​။


ဤသည်ကား ယဇ်ပုရောဟိတ်​အဖြစ် အမှု​တော်​ကို​ဆောင်ရွက်​ရန်​ခန့်အပ်​ခြင်း​ခံရ​သော ဘိသိက်ခံ​ယဇ်ပုရောဟိတ်​များ​ဖြစ်​သည့် အာရုန်​၏​သား​များ ဖြစ်​၏​။


တွေ့ဆုံစည်းဝေးရာ​တဲ​တော်​၌ ကောဟတ်​သားမြေး​တို့​လုပ်​ရ​မည့်​အလုပ်​ကား အထူး​သန့်ရှင်းသောအရာ​များ​နှင့်ဆိုင်သော​အလုပ် ဖြစ်​၏​။