ကျန်လေဝိဆွေမျိုးသားချင်းတို့သည် ဘုရားသခင်၏အိမ်တော်ရှိ ကိန်းဝပ်တော်မူရာတဲတော်၏အမှုရှိသမျှကို ထမ်းဆောင်ရန် ခန့်အပ်ခံထားရသူများ ဖြစ်ကြ၏။
၁ ရာချုပ် 23:4 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့တွင် ထာဝရဘုရား၏အိမ်တော်နှင့်ဆိုင်သောအမှုများကို ကြီးကြပ်ကွပ်ကဲသူ အယောက်နှစ်သောင်းလေးထောင်၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရာတာဝန်ယူရသူ အယောက်ခြောက်ထောင်၊ Common Language Bible မင်းကြီးသည်ထိုသူတို့အနက်လူပေါင်း နှစ်သောင်းလေးထောင်တို့အား ဗိမာန်တော် တွင်ဝတ်ကြီးဝတ်ငယ်တို့ကိုဆောင်ရွက်ရန် စီစဉ်သတ်မှတ်၍ပေးတော်မူ၏။ လူခြောက် ထောင်တို့အားစာရင်းအင်းများကိုထိန်း သိမ်းစေ၍တရားသူကြီးများအဖြစ် ဖြင့်ဆောင်ရွက်စေတော်မူ၏။- Garrad Bible ထို သူ တို့ အ နက် ထာ ဝ ရ ဘု ရား၏ ဗိ မာန် တော် မှု ကို ကြည့် ရှု ရ သူ နှစ် သောင်း လေး ထောင်၊ တ ရား သူ ကြီး နှင့် တ ရား ခုံ ခြောက် ထောင်၊ Judson Bible ထိုသူတို့တွင် နှစ်သောင်းလေးထောင်တို့သည် ထာဝရဘုရား၏အိမ်တော်အမှုကို ဆောင်ရွက်ရကြ၏။ ခြောက်ထောင်တို့သည် အရာရှိ၊ တရားသူကြီး လုပ်ရကြ၏။ |
ကျန်လေဝိဆွေမျိုးသားချင်းတို့သည် ဘုရားသခင်၏အိမ်တော်ရှိ ကိန်းဝပ်တော်မူရာတဲတော်၏အမှုရှိသမျှကို ထမ်းဆောင်ရန် ခန့်အပ်ခံထားရသူများ ဖြစ်ကြ၏။
ဂျေရုဆလင်မြို့တွင်လည်း ထာဝရဘုရား၏စီရင်ထုံးဖွဲ့ချက်နှင့်ဆိုင်သောအမှု၊ အငြင်းပွားမှုတို့ကို စီရင်ရန် ယောရှဖတ်မင်းကြီးသည် လေဝိအမျိုး၊ ယဇ်ပုရောဟိတ်တို့နှင့် အစ္စရေးဘိုးဘေးအိမ်ထောင်စုအကြီးအမှူးတို့ထဲမှအချို့ကို ဂျေရုဆလင်မြို့တွင် ခန့်ထား၏။
ထို့နောက် ယောယဒသည် ဒါဝိဒ်မင်းကြီးကိုယ်တိုင် ခွဲခန့်ထားခဲ့သည့် ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးတို့အား ထာဝရဘုရား၏အိမ်တော်ကို တာဝန်ယူကြီးကြပ်ရန် ခန့်ထား၏။ သူတို့သည် မောရှေ၏ပညတ်တရားကျမ်းတွင်ရေးထားသည့်အတိုင်း ထာဝရဘုရား၏အိမ်တော်တွင် ထာဝရဘုရားထံ မီးရှို့ရာယဇ်ကို ပူဇော်ရပြီး ဒါဝိဒ်မင်းကြီးမိန့်မှာထားခဲ့သည့်အတိုင်း ဝမ်းမြောက်စွာချီးမွမ်းသီချင်း သီဆိုရသောသူများဖြစ်ကြ၏။
အထမ်းသမားများမှစ၍ လုပ်ငန်းခွင်အသီးသီးရှိအလုပ်လုပ်သူများအားလုံးကို ကြီးကြပ်ပေးရ၏။ အချို့လေဝိအမျိုးသားတို့မှာ စာရေးများ၊ ကြီးကြပ်သူများ၊ တံခါးစောင့်များဖြစ်ကြ၏။
ဘုရားသခင်၏အိမ်တော်အမှုကိုစီမံရသော သီချင်းသည်များဖြစ်သည့် အာသပ်သားမြေးမှဆင်းသက်သော မိက္ခာ၏တီ၊ မတ္တနိ၏မြစ်၊ ဟာရှဘိ၏မြေး၊ ဗာနိ၏သား ဩဇိသည် ဂျေရုဆလင်မြို့ရှိ လေဝိအမျိုးကို အုပ်ချုပ်၏။
ထိုသူတို့ကို ဇိခရိ၏သား ယောလက ကြီးကြပ်၍ ဟာသေနွာ၏သား ယုဒက မြို့ကိုကြီးကြပ်သူ၏လက်ထောက်ဖြစ်၏။
အမှုအခင်းဖြစ်၍ တရားစီရင်မည်ဆိုလျှင် ငါ့စီရင်ထုံးဖွဲ့ချက်အတိုင်း စီရင်ရမည်။ ငါသတ်မှတ်ထားသောပွဲတော်ဆိုင်ရာ ငါ့ပညတ်ချက်၊ ငါ့ပြဋ္ဌာန်းချက်တို့ကိုလည်း ထိန်းသိမ်းရမည်။ ငါ့ဥပုသ်နေ့ကိုလည်း သန့်ရှင်းစေရမည်။
အကယ်စင်စစ် ယဇ်ပုရောဟိတ်၏နှုတ်ခမ်းသည် အသိပညာကို ထိန်းသိမ်းထားရမည်။ သူသည် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏စေတမန်ဖြစ်သောကြောင့် သူ၏နှုတ်မှ သွန်သင်ချက်ကို လူတို့ ရှာဖွေဆည်းပူးရမည်။
သင်တို့သည် မိမိတို့ကိုယ်ကိုလည်းကောင်း၊ သိုးစုအားလုံးကိုလည်းကောင်း ဂရုစိုက်ကြလော့။ ကိုယ်တော်၏သွေးတော်နှင့်ဝယ်ယူထားသော ဘုရားသခင်၏အသင်းတော်ကို သင်တို့အုပ်ထိန်းစေရန် ထိုသိုးစုကိုကြီးကြပ်သူအဖြစ် သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့ကိုခန့်အပ်ထားတော်မူ၏။
သင်၏ဘုရားသခင်ထာဝရဘုရားပေးတော်မူသောမြို့ရှိသမျှတို့တွင် တရားသူကြီးများ၊ ကြီးကြပ်အုပ်ချုပ်သူများကို မျိုးနွယ်အလိုက် သင်ခန့်ထားရမည်။ သူတို့သည် လူတို့ကို ဖြောင့်မတ်စွာတရားစီရင်ရမည်။