အာဗြဟံသည် အိုမင်းရင့်ရော်၍ သက်တမ်းစေ့သောအခါ နောက်ဆုံးထွက်သက်ထွက်၍သေဆုံးပြီး မိမိလူမျိုးတို့စုစည်းရာသို့ ရောက်လေ၏။
၁ ရာချုပ် 23:1 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်မင်းကြီးသည် အသက်ကြီး၍ အိုမင်းလာသောအခါ မိမိ၏သားတော်ရှောလမုန်ကို အစ္စရေးဘုရင်အဖြစ် တင်မြှောက်၍ Common Language Bible ဒါဝိဒ်သည်ကြီးရင့်အိုမင်းသောအခါ သား တော်ရှောလမုန်ကိုထီးနန်းလွှဲအပ်တော်မူ၏။ Garrad Bible ဒါ ဝိဒ် မင်း သည် ကြီး ရင့် အို မင်း သော အ ခါ သား တော် ရှော လ မုန် ကို ဣ သ ရေ လ လူ မျိုး အ ပေါ် တွင် မင်း မြှောက် ရာ၊ Judson Bible ဒါဝိဒ်မင်းသည် အသက်ကြီး၍ ကာလပြည့်စုံရာ အချိန်ရောက်သောအခါ၊ သားတော်ရှောလမုန်ကို ဣသရေလ ရှင်ဘုရင်အရာ၌ ခန့်ထား၍၊ |
အာဗြဟံသည် အိုမင်းရင့်ရော်၍ သက်တမ်းစေ့သောအခါ နောက်ဆုံးထွက်သက်ထွက်၍သေဆုံးပြီး မိမိလူမျိုးတို့စုစည်းရာသို့ ရောက်လေ၏။
ဣဇက်သည် အသက်ကြီး၍သက်တမ်းစေ့သဖြင့် နောက်ဆုံးထွက်သက်ထွက်၍သေဆုံးပြီး မိမိလူမျိုးတို့စုစည်းရာသို့ ရောက်လေ၏။ သူ၏သားဧသောနှင့်ယာကုပ်တို့သည် သူ့ကိုသင်္ဂြိုဟ်ကြ၏။
ဒါဝိဒ်မင်းကြီးသည် အသက်ကြီး၍အိုမင်းလာသောအခါ အနွေးထည်များ ဝတ်ပေးသော်လည်း မနွေးနိုင်တော့ပေ။
အကျွန်ုပ်၏သခင်အရှင်မင်းကြီး၏ရာဇပလ္လင်ပေါ်တွင် မည်သူစံမြန်းမည်၊ မည်သူနန်းမွေဆက်ခံမည်ကို အကျွန်ုပ်၏သခင်အရှင်မင်းကြီးသည် သခင့်အစေအပါးတို့အား အသိမပေးဘဲ ဤအမှုကိုပြုတော်မူပြီလော”ဟု လျှောက်တင်လေ၏။
‘သင့်သားရှောလမုန်သည် ငါ့နန်းမွေကို ဆက်ခံရမည်။ ငါ့ရာဇပလ္လင်၊ ငါ့နေရာတွင် စံမြန်းရမည်’ဟု အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားကို တိုင်တည်ကျိန်ဆိုခဲ့သည့်အတိုင်း ယနေ့တွင် ဤအမှုကို ငါပြုမည်”ဟု မိန့်တော်မူ၏။
ရှောလမုန်သည် ခမည်းတော်ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်တွင်စံမြန်း၍ သူ့နိုင်ငံသည် တည်မြဲလေ၏။
အစ္စရေးအကြီးအကဲအပေါင်းတို့နှင့်တကွ ယဇ်ပုရောဟိတ်များ၊ လေဝိအမျိုးများကို စုဝေးစေ၏။
ထာဝရဘုရားသည် ငါ့အား သားအများအပြားကိုပေးတော်မူ၏။ ထိုသားအပေါင်းတို့ထဲမှ သားတော်ရှောလမုန်ကို ရွေးချယ်တော်မူပြီး အစ္စရေးလူမျိုးကို အုပ်ချုပ်ရန်အတွက် ထာဝရဘုရား၏နိုင်ငံတော်ရာဇပလ္လင်ပေါ်တွင် စံမြန်းစေတော်မူ၏။
သူသည် ဓနဥစ္စာနှင့် ဘုန်းအသရေဖြင့်ပြည့်ဝလျက် အသက်ကြီး၍ အိုမင်းလာသောအခါ အနိစ္စရောက်လေ၏။ သူ၏သားတော်ရှောလမုန်သည် သူ့အရိုက်အရာကို ဆက်ခံလေ၏။
အချိန်တန်လျှင် စုသိမ်းခြင်းကိုခံရသောကောက်လှိုင်းကဲ့သို့ သင်သည်လည်း အိုမင်းသောအခါ သင်္ချိုင်းတွင်းသို့ ရောက်ရလိမ့်မည်။