ထိုအသုံးအဆောင်ပစ္စည်းတို့သည် အလွန့်အလွန်များပြားလွန်းသဖြင့် ရှောလမုန်မင်းကြီးသည် ချိန်တွယ်မနေတော့ဘဲ ဤအတိုင်းထားလေ၏။ ထို့ကြောင့် ကြေးနီအလေးချိန် မည်မျှရှိသည်ကို မသိရချေ။
၁ ရာချုပ် 22:3 - မြန်မာ့စံမီသမ္မာကျမ်း ထို့ပြင် ဒါဝိဒ်မင်းကြီးသည် မချိန်တွယ်နိုင်လောက်အောင် များပြားလှသောကြေးနီများအပြင် ဝင်းတံခါးနှင့်ဂိတ်တံခါးတွင် သုံးရန်သံချွန်များနှင့် ပတ္တာများအတွက် သံကိုလည်း အမြောက်အမြားစီစဉ်ပေးထား၏။ Common Language Bible မင်းကြီးသည်အိမ်ရိုက်သံများပြုလုပ်ရန် နှင့်ဝင်းတံခါးကြီးများအတွက် ပျဉ်ဆက် ကိရိယာများပြုလုပ်ရန်သံအမြောက် အမြားကိုထုတ်ပေးတော်မူ၏။ ချိန်တွယ်၍ ပင်မရနိုင်အောင်များပြားသောကြေးဝါ များကိုထုတ်ပေးတော်မူ၏။- Garrad Bible တံ ခါး တော် များ အ ဖို့ သံ ချွန်၊ မျှော့ လုပ် ရန် သံ နှင့် ကြေး မ ချိန် မ တွယ် ဘဲ အ မြောက် အ မြား ကို လည်း ကောင်း၊ Judson Bible တံခါးလုပ်စရာ သံချွန်အဖို့နှင့် သစ်သားဆက်စရာအဖို့ များစွာသော သံကိုလည်းကောင်း၊ အချိန်မမှတ်နိုင်အောင် များစွာသော ကြေးဝါကိုလည်းကောင်း၊ |
ထိုအသုံးအဆောင်ပစ္စည်းတို့သည် အလွန့်အလွန်များပြားလွန်းသဖြင့် ရှောလမုန်မင်းကြီးသည် ချိန်တွယ်မနေတော့ဘဲ ဤအတိုင်းထားလေ၏။ ထို့ကြောင့် ကြေးနီအလေးချိန် မည်မျှရှိသည်ကို မသိရချေ။
ထာဝရဘုရား၏အိမ်တော်အဖို့ ရွှေတာလန်တစ်သိန်း၊ ငွေတာလန်တစ်သန်း၊ မချိန်တွယ်နိုင်လောက်အောင် များပြားလှသောကြေးနီ၊ သံ၊ သစ်၊ ကျောက်များကို အပင်ပန်းခံပြီး ငါပြင်ဆင်ပေးခဲ့ပြီ။ သင်သည်လည်း ထပ်ဖြည့်နိုင်၏။
ထို့ကြောင့် ငါ၏ဘုရားသခင့်အိမ်တော်အဖို့ ရွှေထည်အတွက် ရွှေ၊ ငွေထည်အတွက် ငွေ၊ ကြေးထည်အတွက် ကြေး၊ သံထည်အတွက် သံ၊ ပျဉ်ပြားများအတွက် သစ်သား၊ မဟူရာကြောင်ဝင်ကျောက်များ၊ စီချယ်စရာကျောက်များ၊ စိမ်းပြာရောင်ကျောက်များ၊ ရောင်စုံကျောက်များ၊ အဖိုးတန်ကျောက်အမျိုးမျိုးနှင့် ကျောက်ဖြူအမြောက်အမြားတို့ကို ငါတတ်စွမ်းနိုင်သမျှ ပြင်ဆင်ထားပေးခဲ့ပြီ။
သူတို့သည် ဘုရားသခင်၏အိမ်တော်ဆောက်လုပ်ရေးအတွက် ရွှေတာလန်ငါးထောင်၊ ငွေတာလန်တစ်သောင်း၊ ရွှေဒင်္ဂါး အပြားတစ်သောင်း၊ ကြေးနီ တာလန်တစ်သောင်းရှစ်ထောင်၊ သံတာလန်တစ်သိန်း တို့ကိုပေးလှူကြ၏။
ရှောလမုန်မင်းကြီးသည် များပြားလှသောအသုံးအဆောင်များကို သွန်းလုပ်သည်ဖြစ်၍ ကြေးနီအလေးချိန် မည်မျှရှိသည်ကိုပင် မသိရချေ။
ထာဝရဘုရား၏အိမ်တော်၌ ရှောလမုန်မင်းကြီးပြုလုပ်ထားသော တိုင်နှစ်တိုင်၊ ရေကန်တစ်ကန်၊ ရေကန်အောက်၌ရှိသောကြေးနီနွားရုပ်တစ်ဆယ့်နှစ်ရုပ်နှင့် တွန်းလှည်းများ စသည့် ကြေးနီတန်ဆာပလာအားလုံး၏အလေးချိန်မှာ ချိန်တွယ်၍ပင်မရနိုင်ချေ။
အစားအစာခေါင်းပါးခြင်းမရှိဘဲ ဝလင်စွာစားရ၍ မည်သည့်အရာမျှချို့တဲ့ခြင်းမရှိသောပြည်၊ သံရိုင်းထွက်သောပြည်၊ တောင်များထဲမှ ကြေးနီကိုတူးဖော်ရရှိသည့်ပြည်သို့ သင့်ကိုပို့ဆောင်တော်မူ၏။