အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




၁ ရာ​ချုပ် 22:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ယခု သင်​တို့​သည် စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​ပါ​လျက် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို ရှာ​ကြ​လော့​။ ထ​၍ ထာဝရဘုရား​အဖို့​သန့်ရှင်းရာဌာန​ကို တည်ဆောက်​ကြ​လော့​။ သို့မှ ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​၊ ဘုရားသခင်​အဖို့ သန့်ရှင်း​သော​အသုံးအဆောင်​များ​ကို ထာဝရဘုရား​၏​နာမ​တော်​တည်​ဖို့​ဆောက်လုပ်​ထား​သော​အိမ်​တော်​ထဲတွင် ထားရှိ​နိုင်​မည်​”​ဟု မိန့်မှာ​လေ​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

သို့​ဖြစ်​၍​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​၏​အ​မှု​တော်​ကို​စိတ်​ရော​ကိုယ်​ပါ ဆောင်​ရွက်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ တော်​ကို​ချီး​မြှောက်​ရန်​ဗိ​မာန်​တော်​ကို​စ​တင် တည်​ဆောက်​ကြ​လော့။ သို့​မှ​သာ​လျှင်​သင်​တို့ သည်​ထာ​ဝ​ရ​ဘု​ရား​၏​ပ​ဋိ​ညာဉ်​သေတ္တာ တော်​နှင့် ကိုယ်​တော်​အား​ဝတ်​ပြု​ကိုး​ကွယ်​မှု ဆိုင်​ရာ​အ​မွန်​အ​မြတ်​ထား​သည့်​အ​ခြား ဝတ္ထု​ပစ္စည်း​အ​သုံး​အ​ဆောင်​များ​ကို​ဗိ​မာန် တော်​တွင်​ထား​ရှိ​နိုင်​ကြ​လိမ့်​မည်'' ဟု မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

သို့ ဖြစ်၍ သင် တို့ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို စိတ် ပါ ကိုယ် ရောက် လိုက် ရှာ လျက် ထာ ဝ ရ ဘု ရား၏ နာ မ တော် အ ဖို့ တည် ဆောက် အံ့ သော ဗိ မာန် တော် တွင်း သို့ ထာ ဝ ရ ဘု ရား၏ ပ ဋိ ညာဉ် တော် သေ တ္တာ နှင့် ဘု ရား သ ခင်၏ သန့် ရှင်း သော အ သုံး အ ဆောင် တော် များ ကို ဆက် သွင်း ခွင့် ရ ရန် ထာ ဝ ရ ဘု ရား သ ခင့် သန့် ရှင်း ရာ ဌာ န တော် ကို ထ၍ တည် ဆောက် ကြ လော့ ဟု မိန့် မှာ လေ ၏။

အခန်းကိုကြည့်ပါ။

Judson Bible

သို့​ဖြစ်၍ သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ရှာ​ခြင်း​ငှာ ကိုယ်​စိတ်​နှ​လုံး​ကို နှိုး​ဆော်​တိုက်​တွန်း​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​အ​ဖို့၊ တည်​ရ​သော အိမ်​တော်​ထဲ​သို့ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​နှင့် ဘု​ရား​သ​ခင်၏ သန့်​ရှင်း​သော​တန်​ဆာ​တို့​ကို သွင်း​ခြင်း​ငှာ ထ​ကြ​လော့။ ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၏​သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို တည်​ဆောက်​ကြ​လော့​ဟု မှာ​ထား​တော်​မူ၏။

အခန်းကိုကြည့်ပါ။



၁ ရာ​ချုပ် 22:19
24 ပူးပေါင်းရင်းမြစ်များ  

“အကျွန်ုပ်​၏​ခမည်းတော်​ဒါဝိဒ်​မင်းကြီး​သည် သူ​၏​ရန်သူ​တို့​ကို သူ့​ခြေဖဝါး​အောက်​သို့ ထာဝရဘုရား​မ​ချထား​မီ​အချိန်​ထိ သူ့​အား တိုက်ပွဲ​များ​ဝိုင်းရံ​လျက်​ရှိ​သောကြောင့် သူ​၏​ဘုရားသခင်​ထာဝရဘုရား​၏​နာမ​တော်​တည်​ရာ ဗိမာန်တော်​ကို တည်ဆောက်​ခွင့်​မ​ရ​ခဲ့​ကြောင်း မင်းကြီး​သိ​ပါ​၏​။


ငါ​တို့​ဘိုးဘေး​တို့​ကို အီဂျစ်​ပြည်​မှ ထုတ်ဆောင်​လာ​ခဲ့​စဉ်က သူ​တို့​နှင့်​ဖွဲ့​ခဲ့​သော​ထာဝရဘုရား​၏​ပဋိညာဉ်​ပါ​သေတ္တာ​တော်​ထား​မည့်​နေရာ​ကို ငါ​ပြင်ဆင်​ထား​ပြီ​”​ဟု မြွက်ဆို​လေ​၏​။


ယဇ်ပုရောဟိတ်​တို့​သည် ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို သယ်ဆောင်​လာ​ပြီး အိမ်​တော်​အတွင်းခန်း အသန့်ရှင်းဆုံးဌာန​တော်​ရှိ ခေရုဗိမ်​တို့​၏​အတောင်​တော်​အောက်​တွင် နေရာ​ချ​ထား​၏​။


ကိုယ်တော်​၏​သန့်ရှင်း​သော​နာမ​တော်​ကို ချီးမွမ်း​ကြ​လော့​။ ထာဝရဘုရား​ကို ရှာ​သော​သူ​တို့​၏​စိတ်နှလုံး​၌ ဝမ်းမြောက်​ခြင်း ရှိ​ကြ​ပါစေ​။


ထာဝရဘုရား​နှင့် ထာဝရဘုရား​၏​တန်ခိုး​တော်​ကို စူးစမ်း​ကြ​လော့​။ မျက်နှာ​တော်​ကို အစဉ်မပြတ်​ရှာ​ကြ​လော့​။


ရွှေ​ငွေ​၊ ကြေးနီ​နှင့် သံ​များ​လည်း မ​ရေ​မ​တွက်​နိုင်​အောင် အများအပြား​ရှိ​၏​။ ထ​၍​အိမ်​တော်​ကို တည်ဆောက်​လော့​။ ထာဝရဘုရား​သည် သင်​နှင့်အတူ ရှိ​ပါစေသော”​ဟု မိန့်မှာ​ခဲ့​၏​။


ဒါဝိဒ်​မင်းကြီး​က သား​တော်​ရှောလမုန်​အား “​ငါ့​သား​၊ ငါ​၏​ဘုရားသခင်​ထာဝရဘုရား​၏​နာမ​တော်​တည်​ရာ အိမ်​တော်​ကို​တည်ဆောက်​ဖို့ ငါ​စိတ်ဆန္ဒ​ပြင်းပြ​လှ​၏​။


ငါ့​သား​ရှောလမုန်​၊ သင့်​ခမည်းတော်​ကိုးကွယ်​သော​ဘုရားသခင်​နှင့် သိကျွမ်း​အောင်​ပြု​လော့​။ စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဆန္ဒ​ရှိသမျှ​နှင့် အစေခံ​လော့​။ ထာဝရဘုရား​သည် စိတ်နှလုံး​ရှိသမျှ​ကို စစ်ဆေး​၍ တွေးတော​ကြံစည်​သမျှ​တို့​ကို သိနားလည်​တော်မူ​၏​။ သင်​သည် ကိုယ်တော်​ကို​ရှာ​လျှင် အတွေ့ခံ​တော်မူ​မည်​။ ကိုယ်တော်​ကို စွန့်ပယ်​လျှင်​မူကား သင်​လည်း ထာဝစဉ်​အစွန့်ပယ်​ခံရ​မည်​။


ယောရှဖတ်​မင်းကြီး​သည်​ကြောက်ရွံ့​၍ ထာဝရဘုရား​ကို​ရှာ​ရန် စိတ်ဆုံးဖြတ်​ပြီး ယုဒ​ပြည်​တစ်ပြည်လုံး​သို့ အစာရှောင်​ရန် ကြေညာ​၏​။


ယဇ်ပုရောဟိတ်​တို့​သည် ထာဝရဘုရား​၏​ပဋိညာဉ်​သေတ္တာ​တော်​ကို သယ်ဆောင်​လာ​ပြီး အိမ်​တော်​အတွင်းခန်း အသန့်ရှင်းဆုံးဌာန​တော်​ရှိ ခေရုဗိမ်​တို့​၏​အတောင်​တော်​အောက်​တွင် နေရာချ​ထား​၏​။


အစ္စရေး​လူမျိုး​တို့​နှင့်​ဖွဲ့​ခဲ့​သော ထာဝရဘုရား​၏​ပဋိညာဉ်​ပါ​သေတ္တာ​တော်​ကို ထို​အိမ်​တော်​တွင်​ထားရှိ​ပြီ​”​ဟု မြွက်ဆို​လေ​၏​။


ကိုယ်တော်​၏​သက်သေခံချက်​တို့​ကို လိုက်နာကျင့်သုံး​၍ ကိုယ်တော်​ကို စိတ်နှလုံး​အကြွင်းမဲ့​ရှာ​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏​။


ပညာသတိ​ရှိ​သော​သူ​၊ ဘုရားသခင်​ကို​ရှာ​သော​သူ ရှိ​၊ မ​ရှိ​သိမြင်​ရန် ထာဝရဘုရား​သည် လူသား​တို့​ကို ကောင်းကင်ဘုံ​မှ​ငုံ့ကြည့်​တော်မူ​၏​။


ထာဝရဘုရား​၏​ခန့်ညား​တင့်တယ်​ခြင်း​ကို ဖူးမြော်​ရန်​နှင့် ကိုယ်တော်​၏​ဗိမာန်တော်​၌ စူးစမ်းဆင်ခြင်​လျက်​နေ​ရန် ငါ​အသက်ရှင်​သမျှ​ကာလ​ပတ်လုံး ထာဝရဘုရား​၏​အိမ်​တော်​၌​နေ​ရ​မည့်​အကြောင်း တစ်ခုတည်း​ကို ထာဝရဘုရား​ထံ​၌ ငါ​တောင်းလျှောက်​ပြီ​။ ထို​အခွင့်​ကို ငါ​ရှာ​မည်​။


သူ​တို့​အလယ်​၌ ငါ​ကိန်းဝပ်​ဖို့​ရန် သူ​တို့​သည် ငါ့​အဖို့ သန့်ရှင်းရာဌာန​ကို​လုပ်​ကြ​စေ​။


ထ​လော့​။ လင်း​လော့​။ သင်​၏​အလင်း​သည်​ရောက်လာ​ပြီ​။ ထာဝရဘုရား​၏​ဘုန်းအသရေ​တော်​သည် သင်​၌ ပေါ်ထွန်း​လေ​ပြီ​။


သင်​တို့​သည် ငါ့​ကို စိတ်နှလုံး​အကြွင်းမဲ့​ရှာ​သောအခါ ငါ့​ကို ရှာ​တွေ့​လိမ့်မည်​ဟူ၍ မိန့်​တော်မူ​၏​။


ထိုအခါ ငါ​သည် အစာရှောင်​လျက်​၊ လျှော်တေအဝတ်​ဝတ်​လျက်​၊ ပြာ​၌​လူး​လျက် အရှင်​ဘုရားသခင်​ထံ မျက်နှာမူ​၍ အသနားခံ​ဆုတောင်း​လေ​၏​။


ထို့ကြောင့် ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က ‘သင်​တို့​၏​အပြုအမူ​အကျင့်အကြံ​များ​ကို ဆင်ခြင်​ကြ​လော့​။


‘တောင်​ပေါ်သို့​တက်သွား​၍ သစ်​ကို​ယူဆောင်​လာ​ပြီးလျှင် အိမ်​တော်​ကို ဆောက်​ကြ​လော့​။ ထို​အိမ်​တော်​ကို​ငါ​နှစ်သက်​၍ ငါ့​ဘုန်း​တော်​ကို​လည်း ထင်ရှား​စေ​မည်’​ဟု ထာဝရဘုရား​မိန့်ဆို​ပြီ​။


ဗာနဗ​သည် ရောက်လာ​၍ ဘုရားသခင်​၏​ကျေးဇူး​တော်​ကို​မြင်​သောအခါ ဝမ်းမြောက်​လျက် ထို​သူ​အပေါင်း​တို့​အား စိတ်နှလုံး​ခိုင်မြဲ​စွာ​ဖြင့် သခင်​ဘုရား​၌ ဆက်လက်​တည်နေ​ကြ​ရန် တိုက်တွန်း​နှိုးဆော်​လေ​၏။


ယခု​မှာ အဘယ်ကြောင့် ဆိုင်းငံ့​နေ​သနည်း။ ထ​လျက် ကိုယ်တော်​၏​နာမ​တော်​ကို ပတ္ထနာ​ပြု​၍ ဗတ္တိဇံ​ခံ​ပြီး သင်​၏​အပြစ်​များ​ကို​ဆေးကြော​လော့’​ဟု ဆို​လေ​၏။


သို့သော် ထို​အရပ်​၌ သင်​တို့​သည် သင်​တို့​၏​ဘုရားသခင်​ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့​ဖြင့်​ရှာ​လျှင် တွေ့​ရ​ကြ​လိမ့်မည်​။