ယွာဘသည် လူအရေအတွက်စာရင်းကို ရှင်ဘုရင်ထံ ပေးအပ်၏။ စာရင်းအရဓားကိုင်စစ်သူရဲများမှာ အစ္စရေးအမျိုးသားတွင် ရှစ်သိန်း၊ ယုဒအမျိုးသားတွင် ငါးသိန်း ရှိ၏။
၁ ရာချုပ် 21:5 - မြန်မာ့စံမီသမ္မာကျမ်း ယွာဘသည် လူအရေအတွက်စာရင်းကို ဒါဝိဒ်မင်းကြီးထံ ပေးအပ်၏။ စာရင်းအရ အစ္စရေးတစ်မျိုးနွယ်လုံးတွင် ဓားကိုင်တပ်သား အားလုံးပေါင်းအယောက်တစ်ဆယ့်တစ်သိန်း၊ ယုဒအမျိုးတွင် ဓားကိုင်တပ်သား အယောက်လေးသိန်းခုနစ်သောင်း ရှိ၏။ Common Language Bible သူသည်စစ်မှုထမ်းနိုင်သူလူပေါင်းဣသ ရေလပြည်မှ တစ်သန်းတစ်သိန်းနှင့်ယုဒ ပြည်မှလေးသိန်းခုနစ်သောင်းရှိကြောင်း ဒါဝိဒ်မင်းအားအစီရင်ခံလေသည်။- Garrad Bible လူ ဦး ရေ စာ ရင်း ကို ဒါ ဝိဒ် မင်း အား ဆက် သ သည် နှင့် အ ညီ ဣ သ ရေ လ အ မျိုး ဓား ကိုင် သူ ရဲ တစ် သန်း နှင့် တစ် သိန်း၊ ယု ဒ သူ ရဲ လေး သိန်း ခု နစ် သောင်း၊ စာ ရင်း ရ သ တည်း။ Judson Bible လူပေါင်းစာရင်းကို ဒါဝိဒ်အားဆက်၍၊ ဣသရေလအမျိုး၌ ဓားကိုင်သူရဲ တစ်သန်းနှင့် တစ်သိန်း၊ ယုဒအမျိုး၌ ဓားကိုင်သူရဲ လေးသိန်းနှင့် ခုနစ်သောင်းရှိ၏။ |
ယွာဘသည် လူအရေအတွက်စာရင်းကို ရှင်ဘုရင်ထံ ပေးအပ်၏။ စာရင်းအရဓားကိုင်စစ်သူရဲများမှာ အစ္စရေးအမျိုးသားတွင် ရှစ်သိန်း၊ ယုဒအမျိုးသားတွင် ငါးသိန်း ရှိ၏။
သို့ရာတွင် ရှင်ဘုရင်၏အမိန့်တော်သည် ယွာဘကိုလွှမ်းမိုးနိုင်သဖြင့် ယွာဘလည်း ထွက်သွား၍ အစ္စရေးပြည်တစ်ပြည်လုံးသို့ လှည့်လည်ပြီး ဂျေရုဆလင်မြို့သို့ ပြန်လာ၏။
ထာဝရဘုရားသည် အစ္စရေးလူမျိုးကို ကောင်းကင်ကြယ်နှင့်အမျှ များပြားစေမည်ဟု မိန့်ဆိုခဲ့သောကြောင့် ဒါဝိဒ်မင်းကြီးက အသက်နှစ်ဆယ်မပြည့်သောသူတို့ကို စာရင်းမသွင်းချေ။
ဇေရုယာ၏သားယွာဘသည် လူဦးရေစာရင်းကို စတင်ရေတွက်သော်လည်း ပြီးဆုံးသည်အထိ မရေတွက်ချေ။ ထိုသို့စာရင်းရေတွက်ခြင်းကြောင့် အစ္စရေးလူမျိုးအပေါ် အမျက်တော် ကျရောက်ခဲ့ရ၏။ ထိုအရေအတွက်တို့ကို ဒါဝိဒ်မင်းကြီး၏ရာဇဝင်မှတ်တမ်းစာရင်းတွင် မရေးသွင်းခဲ့ချေ။