ထိုအခါ ဧလိရှဲသည် ဧလိယနောက်လိုက်သွားရာမှပြန်လာ၍ နွားတစ်ရှဉ်းကိုယူပြီး သတ်၏။ နွားထမ်းပိုးကိုထင်းလုပ်၍ ဟင်းချက်ပြီးလျှင် လူတို့အားကျွေးမွေးသဖြင့် လူတို့လည်း စားကြ၏။ ထို့နောက် သူသည် ဧလိယနောက်သို့လိုက်၍ တပည့်ခံလေ၏။
၁ ရာချုပ် 21:23 - မြန်မာ့စံမီသမ္မာကျမ်း ဩရနန်ကလည်း ဒါဝိဒ်မင်းကြီးအား “အကျွန်ုပ်၏သခင်အရှင်မင်းကြီး ယူတော်မူပါ။ အလိုရှိသည့်အတိုင်း ပြုတော်မူပါ။ မီးရှို့ရာယဇ်အဖို့ နွား၊ ထင်းအဖို့ ကောက်နယ်သစ်သားပြား၊ ဘောဇဉ်ပူဇော်သက္ကာအဖို့ ဂျုံ စသည်တို့ကို အကျွန်ုပ်ပေးပါမည်။ အားလုံးကို အကျွန်ုပ်ပေးပါမည်”ဟု လျှောက်တင်၏။ Common Language Bible အရောနက``အရှင်မင်းကြီး၊ ဤကောက်နယ် တလင်းကိုယူတော်မူပါ။ အလိုရှိသည် အတိုင်းပြုတော်မူပါ။ ယဇ်ပလ္လင်ပေါ်တွင် တင်၍ မီးရှို့ပူဇော်ရန်နွားများဤတွင် ရှိပါ၏။ ထင်းအဖြစ်အသုံးပြုရန်ကောက် နယ်တန်ဆာများသည်လည်းကောင်း၊ ပူဇော် သကာအဖြစ်ဆက်သရန်ဂျုံစပါးများ သည်လည်းကောင်း ဤတွင်ရှိပါ၏။ ဤအရာ အားလုံးကိုအရှင့်အား ကျွန်တော်မျိုး ဆက်သပါ၏'' ဟုလျှောက်လေ၏။ Garrad Bible သြ ရ နန် က၊ အ ရှင် မင်း မြတ်၊ သ ဘော တော် ရှိ ရာ ပြု လုပ် ရန် ခံ ယူ တော် မူ ပါ။ မီး ရှို့ ရာ သ က္ကာ အ ဖို့ နွား များ၊ ထင်း အ ဖို့ စွပ် ဖား များ၊ ဘော ဇဉ် သ က္ကာ အ ဖို့ ဂျုံ စပါး ပါ ရှိ သ မျှ ကို ကျွန် တော် ဆက် သ ပါ မည် ဟု တင် လျှောက် ရာ၊ Judson Bible အရောနက၊ ကျွန်တော်သခင် အရှင်မင်းကြီး ယူတော်မူပါ။ စိတ်တော်ရှိသည်အတိုင်း ပြုတော်မူပါ။ မီးရှို့ရာယဇ်ဖို့ နွားများ၊ ထင်းဖို့ ကောက်နယ်တန်ဆာများ၊ ဘောဇဉ်ပူဇော်သကာဖို့ ဂျုံစပါးများအလုံးစုံကို ကျွန်တော်ဆက်ပါ၏ဟု ဒါဝိဒ်အားလျှောက်လျှင်၊ |
ထိုအခါ ဧလိရှဲသည် ဧလိယနောက်လိုက်သွားရာမှပြန်လာ၍ နွားတစ်ရှဉ်းကိုယူပြီး သတ်၏။ နွားထမ်းပိုးကိုထင်းလုပ်၍ ဟင်းချက်ပြီးလျှင် လူတို့အားကျွေးမွေးသဖြင့် လူတို့လည်း စားကြ၏။ ထို့နောက် သူသည် ဧလိယနောက်သို့လိုက်၍ တပည့်ခံလေ၏။
ထိုအခါ ဒါဝိဒ်မင်းကြီးက ဩရနန်အား “လူတို့တွင်ကျရောက်သောဘေးဒဏ် ငြိမ်းမည့်အကြောင်း ထာဝရဘုရားအဖို့ ယဇ်ပလ္လင်တည်ရမည်ဖြစ်၍ သင့်ကောက်နယ်တလင်းကို ငါ့အား ရောင်းပေးလော့။ ကျသင့်ငွေအတိုင်း ငါဝယ်ယူပါမည်”ဟု မိန့်ဆိုလျှင်
သို့သော် ဒါဝိဒ်မင်းကြီးက ဩရနန်အား “ထိုသို့မဟုတ်ပါ။ ကျသင့်ငွေဖြင့် ဝယ်ပါမည်။ ထာဝရဘုရားအဖို့ သင့်ထံမှမြေကို အလဟဿမယူလိုပါ။ အဖိုးအခမပေးဘဲ မီးရှို့ရာယဇ်ကို မပူဇော်လိုပါ”ဟု ပြန်ပြောပြီးလျှင်
ထာဝရဘုရား၏အမိန့်တော်အတိုင်း ငါ့ဘထွေး၏သား ဟာနမေလသည် ငါရှိရာထောင်ဝင်းသို့လာ၍ ငါ့အား ‘သင်သည် ပိုင်ဆိုင်ခွင့်၊ ရွေးနုတ်ပိုင်ခွင့်ရှိသူဖြစ်၍ ဗင်္ယာမိန်ပြည်၊ အာနသုတ်မြို့ရှိ ကျွန်ုပ်၏လယ်ကို ဝယ်ယူပါလော့။ သင့်အတွက် ဝယ်ယူပါလော့’ဟု ဆို၏။ ထိုအခါ ဤစကားသည် ထာဝရဘုရား၏စကားတော်ဖြစ်ကြောင်းကို ငါသိ၏။
နွားလှည်းသည် ဗက်ရှေမက်မြို့သား ယောရှု၏လယ်ထဲသို့ ဝင်လာပြီး ကျောက်တုံးကြီးအနီးတွင် ရပ်နေ၏။ သူတို့သည် လှည်းအိမ်ကိုဖျက်ပြီး နွားမတို့ကို မီးရှို့ရာယဇ်အဖြစ် ထာဝရဘုရားထံ ပူဇော်ကြလေ၏။