သူတို့သည် ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာတဒ်ကောက်နယ်တလင်းသို့ရောက်သောအခါ ထိုအရပ်၌ သူတို့သည် ခါးသီးစွာအော်ဟစ်ငိုကြွေးမြည်တမ်းကြ၏။ ယောသပ်သည် မိမိဖခင်အတွက် ခုနစ်ရက်ပတ်လုံးငိုကြွေးမြည်တမ်းခြင်းကိုပြုလေ၏။
၁ ရာချုပ် 21:21 - မြန်မာ့စံမီသမ္မာကျမ်း ဒါဝိဒ်မင်းကြီးသည် ဩရနန်ထံသို့ ချဉ်းကပ်လာ၏။ ဩရနန်သည် လှမ်းကြည့်၍ ဒါဝိဒ်မင်းကြီးကို မြင်လျှင် ကောက်နယ်တလင်းမှ ထွက်လာ၍ ဒါဝိဒ်မင်းကြီးရှေ့ မြေမှာပျပ်ဝပ်လေ၏။ Common Language Bible အရောနသည်ချဉ်းလာသောဒါဝိဒ်မင်း ကိုမြင်လျှင် ကောက်နယ်ရာမှထွက်လာ၍ မြေသို့တိုင်အောင်ဦးညွှတ်ပျပ်ဝပ်လေ၏။- Garrad Bible ချဉ်း လာ သော ဒါ ဝိဒ် မင်း ကို သြ ရ နန် မော် ကြည့်၍ မြင် ရ လျှင် ကောက် နယ် တ လင်း မှ ထွက် ပြီး သော် မျက် မှောက် တွင် ပျပ် ဝပ် ရှိ ခိုး လျက် နေ စဉ်၊ Judson Bible ဒါဝိဒ်သည် အရောနရှိရာသို့ ရောက်သောအခါ၊ အရောနကြည့်၍ ဒါဝိဒ်ကိုမြင်လျှင်၊ ကောက်နယ်တလင်းမှဆင်း၍ ဒါဝိဒ်ရှေ့မှာ ဦးချပျပ်ဝပ်လေ၏။ |
သူတို့သည် ဂျော်ဒန်မြစ်တစ်ဖက်ရှိ အာတဒ်ကောက်နယ်တလင်းသို့ရောက်သောအခါ ထိုအရပ်၌ သူတို့သည် ခါးသီးစွာအော်ဟစ်ငိုကြွေးမြည်တမ်းကြ၏။ ယောသပ်သည် မိမိဖခင်အတွက် ခုနစ်ရက်ပတ်လုံးငိုကြွေးမြည်တမ်းခြင်းကိုပြုလေ၏။
ဩရနန်သည် လှည့်ကြည့်၍ ကောင်းကင်တမန်ကိုမြင်၏။ ထိုအခါ သူနှင့်အတူရှိနေသော သားလေးယောက်သည် ပုန်းနေကြ၏။ သြရနန်မူကား ဂျုံစပါးကိုနင်းနယ်လျက်နေ၏။
ထိုအခါ ဒါဝိဒ်မင်းကြီးက ဩရနန်အား “လူတို့တွင်ကျရောက်သောဘေးဒဏ် ငြိမ်းမည့်အကြောင်း ထာဝရဘုရားအဖို့ ယဇ်ပလ္လင်တည်ရမည်ဖြစ်၍ သင့်ကောက်နယ်တလင်းကို ငါ့အား ရောင်းပေးလော့။ ကျသင့်ငွေအတိုင်း ငါဝယ်ယူပါမည်”ဟု မိန့်ဆိုလျှင်
ယဇ်ပလ္လင်မှမီးလျှံသည် ကောင်းကင်သို့တက်နေ၍ ထာဝရဘုရား၏ကောင်းကင်တမန်သည်လည်း ယဇ်ပလ္လင်မှမီးလျှံနှင့်အတူ တက်သွား၏။ ထိုသို့မြင်ရလျှင် မာနော်နှင့် သူ့မယားသည် မြေပေါ်သို့ ချက်ချင်းပျပ်ဝပ်လေ၏။
အဘိဂဲလသည် ဒါဝိဒ်ကိုမြင်လျှင် မြည်းပေါ်မှအလျင်အမြန်ဆင်း၍ ဒါဝိဒ်ရှေ့ မြေပေါ်တွင် ဦးညွှတ်ပျပ်ဝပ်လေ၏။