ဒါဝိဒ်မင်းကြီးသည်လည်း ထာဝရဘုရား၏နာမတော်အားဖြင့် ဂဒ်ဆင့်ဆိုသည့်စကားအတိုင်း သွား၍ပြုလေ၏။
၁ ရာချုပ် 21:20 - မြန်မာ့စံမီသမ္မာကျမ်း ဩရနန်သည် လှည့်ကြည့်၍ ကောင်းကင်တမန်ကိုမြင်၏။ ထိုအခါ သူနှင့်အတူရှိနေသော သားလေးယောက်သည် ပုန်းနေကြ၏။ သြရနန်မူကား ဂျုံစပါးကိုနင်းနယ်လျက်နေ၏။ Common Language Bible အရောနနှင့်သူ၏သားလေးယောက်တို့သည် ဂျုံစပါးများကိုနယ်၍နေကြ၏။ သူတို့ သည်ကောင်းကင်တမန်ကိုမြင်သောအခါ အရောန၏သားတို့သည်ထွက်ပြေးပုန်း ရှောင်ကြ၏။- Garrad Bible ဂျုံ စပါး နယ် နေ သော သြ ရ နန် လှည့် ကြည့်၍ စေ တ မန် တော် ကို မြင် ရ လျှင် ပါ ရှိ သော သား လေး ယောက် တို့ သည် ပုန်း ရှောင် ကြ ၏။ Judson Bible အရောနသည် စပါးကိုနယ်စဉ်တွင်၊ လှည့်ကြည့်၍ ရှင်ဘုရင်ကို မြင်သောအခါ၊ သားလေးယောက်နှင့် တကွ ပုန်းရှောင်၍နေ၏။ |
ဒါဝိဒ်မင်းကြီးသည်လည်း ထာဝရဘုရား၏နာမတော်အားဖြင့် ဂဒ်ဆင့်ဆိုသည့်စကားအတိုင်း သွား၍ပြုလေ၏။
ဒါဝိဒ်မင်းကြီးသည် ဩရနန်ထံသို့ ချဉ်းကပ်လာ၏။ ဩရနန်သည် လှမ်းကြည့်၍ ဒါဝိဒ်မင်းကြီးကို မြင်လျှင် ကောက်နယ်တလင်းမှ ထွက်လာ၍ ဒါဝိဒ်မင်းကြီးရှေ့ မြေမှာပျပ်ဝပ်လေ၏။
ထို့နောက် ထာဝရဘုရား၏ကောင်းကင်တမန်သည် ရောက်လာ၍ ဩဖရမြို့နေ အဗျေဇာအမျိုးသား ယောရှပိုင်သောသပိတ်ပင်အောက်၌ ထိုင်လေ၏။ ထိုအချိန်၌ ယောရှ၏သားဂိဒေါင်သည် မိဒျန်လူမျိုးတို့ မသိအောင် စပျစ်သီးနယ်ရာကျင်း၌ ဂျုံများကို ရိုက်ခြွေနေ၏။