၁ ရာချုပ် 2:52 - မြန်မာ့စံမီသမ္မာကျမ်း ကိရယတ်ယာရိမ်၏ဖခင်ရှောဗလ၏သားမြေးများမှာ ဟာရောလူမျိုးနှင့်မနဟေသိလူမျိုးတစ်ဝက်ဖြစ်၏။ Common Language Bible ကိရယတ်ယာရိမ်မြို့ကြီးကိုတည်ထောင်သူ ရှောဗာလသည်ဟာရောအမျိုးသားများ၏ ဘိုးဘေးနှင့် မနဟေသိအမျိုးသားထက် ဝက်ခန့်တို့၏ဘိုးဘေးဖြစ်ပေသည်။- Garrad Bible ကိ ရ ယတ် ယာ ရိမ့် အ ဘ ရှော ဗ လ သား များ ကား၊ ဟာ ရော နှင့် မ န ဟေ သိ အ မျိုး တစ် ပိုင်း တည်း။ Judson Bible ကိရယတ်ယာရိမ်အဘ ရှောဗာလသားဟူမူကား၊ ဟာရောနှင့် မနဟေသိ အမျိုးတစ်ပိုင်း၊ |
ကိရယတ်ယာရိမ်၏မျိုးနွယ်စုများမှာ ဣသရိလူမျိုး၊ ဖုဟိလူမျိုး၊ ရှုမသိလူမျိုး၊ မိရှရိလူမျိုး တို့ဖြစ်ကြ၏။ ထိုမှတစ်ဆင့် ဇောရာသိလူမျိုး၊ ဧရှတောလိလူမျိုးတို့ ဆင်းသက်လာ၏။
စာလမာ၏သားမြေးများမှာ ဗက်လင်မြို့သား၊ နေတောဖမြို့သား၊ အတရုတ်ဗက်ယွာဘမြို့သား၊ မနဟေသိလူမျိုးတစ်ဝက်နှင့် ဇောရိလူမျိုး၊
ရှောဗလ၏သားရာယသည် သားယာဟတ်ကိုရ၏။ ယာဟတ်သည် သားအဟုမဲနှင့်လာဟဒ် တို့ကိုရ၏။ ဤသူတို့သည် ဇောရာသိမျိုးနွယ်စုများ ဖြစ်ကြ၏။
အစ္စရေးအမျိုးသားတို့ ခရီးပြုကြရာ သုံးရက်မြောက်သောနေ့၌ ထိုသူတို့နေထိုင်ရာ ဂိဗောင်မြို့၊ ခေဖိရမြို့၊ ဗေရုတ်မြို့၊ ကိရယတ်ယာရိမ်မြို့သို့ ရောက်လာကြ၏။