၁ ရာချုပ် 19:3 - မြန်မာ့စံမီသမ္မာကျမ်း
အမ္မုန်အမျိုးသားအကြီးအကဲတို့က ဟာနုန်မင်းကြီးအား “ဒါဝိဒ်မင်းကြီးသည် အရှင့်ခမည်းတော်ကို ရိုသေလေးစားသဖြင့် အရှင့်ထံ နှစ်သိမ့်သူများကိုစေလွှတ်သည်ဟု အရှင်ထင်သလော။ ထိုသို့မဟုတ်။ အရှင့်ထံသို့ ဒါဝိဒ်မင်းကြီး၏မင်းမှုထမ်းတို့ရောက်လာခြင်းမှာ တိုင်းပြည်ကို စူးစမ်းထောက်လှမ်း၍ တိုက်ခိုက်မှောက်လှန်ရန်သာ ဖြစ်သည်”ဟု လျှောက်တင်ကြ၏။
အခန်းကိုကြည့်ပါ။
အမ္မုန်အမျိုးသားခေါင်းဆောင်များက``ဒါဝိဒ် သည်အရှင်မင်းကြီး၏ခမည်းတော်ကိုဂုဏ်ပြု သည့်အနေဖြင့် ဤစေတမန်များကိုစေလွှတ် ၍ဝမ်းနည်းကြေကွဲကြောင်းသဝဏ်လွှာကို ပေးပို့ခြင်းဖြစ်သည်ဟုမှတ်တော်မူပါ သလော။ အဘယ်နည်းနှင့်မျှမဟုတ်ပါ။ ဤ နိုင်ငံကိုချင်းနင်းဝင်ရောက်သိမ်းပိုက်နိုင်ရန် အခြေအနေကိုလေ့လာစုံစမ်းရန် ထိုသူ တို့အားသူလျှိုများအဖြစ်ဖြင့်စေလွှတ် လိုက်ခြင်းသာလျှင်ဖြစ်ပါသည်'' ဟု လျှောက်ထားကြ၏။
အခန်းကိုကြည့်ပါ။
ဒါ ဝိဒ် မင်း သည် ခ မည်း တော် ကို ရို သေ သော စိတ် နှင့် နှစ် သိမ့် စေ ရန် ရာ ဇ သံ တို့ ကို စေ လွှတ် သည် ဟု ထင် မှတ် ပါ သ လော။ ပြည် တော် ကို စူး စမ်း စစ် ဆေး၍ ဖြို လှဲ ရန် သာ ရာ ဇ သံ တို့ ရောက် လာ ကြ သည် မ ဟုတ် ပါ လော ဟု ဟာ နုန် မင်း ထံ တင် လျှောက် သည် နှင့် အ ညီ၊
အခန်းကိုကြည့်ပါ။
အမ္မုန်အမျိုး မှူးမတ်တို့သည် ဟာနုန်မင်းထံသို့ဝင်၍၊ ဒါဝိဒ်သည် စိတ်တော်ကို နှစ်သိမ့်စေသောသူတို့ကို စေလွှတ်ရာတွင်၊ ခမည်းတော်ကို ရိုသေစွာပြုသည်ဟု ထင်မှတ်တော်မူသလော။ ပြည်တော်ကို စစ်ဆေးစူးစမ်း၍ ဖျက်ဆီးခြင်းငှာသာ၊ သူ၏ကျွန်တို့သည် အထံတော်သို့ ရောက်သည်မဟုတ်လောဟု လျှောက်ကြလျှင်၊
အခန်းကိုကြည့်ပါ။