ထို့နောက်တွင် အမ္မုန်အမျိုးသားတို့၏ဘုရင် အနိစ္စရောက်၍ သားတော်ဟာနုန်သည် ခမည်းတော်၏အရိုက်အရာကို ဆက်ခံ၏။
၁ ရာချုပ် 19:19 - မြန်မာ့စံမီသမ္မာကျမ်း ဟာဒဒေဇာမင်းကြီး၏လက်အောက်ခံတို့သည် အစ္စရေးလူမျိုးတို့ရှေ့တွင် ရှုံးနိမ့်နေရသည်ကို သိမြင်လျှင် ဒါဝိဒ်မင်းကြီးနှင့် မဟာမိတ်ဖွဲ့ပြီး သူ၏လက်အောက်ခံအဖြစ်နေကြ၏။ နောင်တွင် ဆီးရီးယားလူမျိုးတို့သည် အမ္မုန်အမျိုးသားတို့ကို စစ်မကူဝံ့တော့ပေ။ Common Language Bible ဟာဒဒေဇာ၏လက်အောက်ခံဘုရင်တို့ သည် မိမိတို့အရေးရှုံးနိမ့်ကြပြီဖြစ် ကြောင်းသိရှိလာသောအခါ ဒါဝိဒ်နှင့် စစ်ပြေငြိမ်းရန်ဆောင်ရွက်ကြလျက် ဒါဝိဒ်၏လက်အောက်ခံများဖြစ်လာ ကြ၏။ ရှုရိအမျိုးသားတို့သည်နောင် အဘယ်အခါ၌မျှ အမ္မုန်အမျိုးသား တို့အားစစ်ကူလိုစိတ်မရှိကြတော့ပေ။ Garrad Bible ဟာ ဒ ဒေ ဇာ မင်း ၏ လက် အောက် ခံ တို့ သည် ဣ သ ရေ လ လူ မျိုး ရှေ့ ရှုံး ကြောင်း သိ မြင် လျှင် ဒါ ဝိဒ် မင်း ထံ တောင်း ပန် တိုး လျှိုး၍ လက် အောက် ခံ ဖြစ် ရ ကြ၏။ ရှု ရိ လူ မျိုး တို့ လည်း အ မ္မုန် အ မျိုး သား တို့ ကို နောက် တစ် ဖန် စစ် ကူ ရန် တွန့် ဆုတ် ကြ ၏။ Judson Bible ဟာဒဒေဇာမင်း၏ ကျွန်တို့သည် ဣသရေလအမျိုးသားရှေ့မှာ မိမိတို့ရှုံးသည်ကို သိမြင်လျှင်၊ ဒါဝိဒ်နှင့် မိတ်သဟာယဖွဲ့၍ ကျွန်ခံကြ၏။ နောက်တစ်ဖန် ရှုရိလူတို့သည် အမ္မုန်အမျိုးသားတို့ကို စစ်မကူကြ။ |
ထို့နောက်တွင် အမ္မုန်အမျိုးသားတို့၏ဘုရင် အနိစ္စရောက်၍ သားတော်ဟာနုန်သည် ခမည်းတော်၏အရိုက်အရာကို ဆက်ခံ၏။
ဟာဒဒေဇာမင်းကြီး၏လက်အောက်ခံဘုရင်အပေါင်းတို့သည် အစ္စရေးလူမျိုးတို့ရှေ့တွင် ရှုံးနိမ့်နေရသည်ကို သိမြင်လျှင် အစ္စရေးလူမျိုးတို့နှင့် မဟာမိတ်ဖွဲ့ပြီး သူတို့၏လက်အောက်ခံအဖြစ်နေကြ၏။ နောင်တွင် ဆီးရီးယားလူမျိုးတို့သည် အမ္မုန်အမျိုးသားတို့ကို စစ်မကူဝံ့တော့ပေ။
ဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးသည် မိမိစစ်သည်အပေါင်းတို့ကို စုရုံး၍ ရှင်ဘုရင်သုံးဆယ့်နှစ်ပါးအပါအဝင် မြင်းတပ်၊ ရထားတပ်တို့ဖြင့် ချီတက်လာပြီး ရှမာရိမြို့ကို ဝိုင်းရံတိုက်ခိုက်လေ၏။
မိမိနှင့်အတူပါလာသောရှင်ဘုရင်များနှင့်အတူ တဲအတွင်း၌ စားသောက်နေသောဗင်္ဟာဒဒ်မင်းကြီးက ထိုသတင်းများကိုကြားသောအခါ သူ့အမှုထမ်းတို့အား “အသင့်ပြင်ကြ”ဟု အမိန့်ပေးသဖြင့် သူတို့လည်း မြို့ကိုတိုက်ရန် အသင့်ပြင်ကြ၏။
ဤသို့ဖြင့် ဒါဝိဒ်မင်းကြီး၏ဂုဏ်သတင်းသည် တိုင်းပြည်အရပ်ရပ်သို့ ပျံ့နှံ့သွားပြီး လူမျိုးတကာတို့သည် သူ့ကို ကြောက်ရွံ့ရိုသေလာအောင် ထာဝရဘုရား ပြုတော်မူလေ၏။
ဆီးရီးယားလူမျိုးတို့သည် အစ္စရေးလူမျိုးတို့ရှေ့မှ ထွက်ပြေးကြပြန်၍ ဒါဝိဒ်မင်းကြီးသည် ဆီးရီးယားလူမျိုးတို့၏စစ်ရထားမှူးအယောက်ခုနစ်ထောင်၊ ခြေလျင်တပ်သားအယောက်လေးသောင်းတို့ကို သုတ်သင်ပစ်လေ၏။ စစ်သူကြီးရှောဗက်ကိုလည်း အသေသတ်လိုက်လေ၏။
ထိုနှစ် နွေဦးရာသီ၊ ရှင်ဘုရင်တို့စစ်ထွက်တိုက်ချိန်ရောက်သောအခါ ယွာဘသည် စစ်သည်အလုံးအရင်းကို ဦးဆောင်လျက် အမ္မုန်အမျိုးသားတို့၏ပြည်ကို တိုက်ခိုက်ဖျက်ဆီးပြီး ရဗ္ဗာမြို့ကိုလည်း သွားရောက်ဝိုင်းရံထား၏။ ဒါဝိဒ်မင်းကြီးမူကား ဂျေရုဆလင်မြို့၌ နေရစ်ခဲ့၏။ ယွာဘသည် ရဗ္ဗာမြို့ကို တိုက်ခိုက်အောင်နိုင်လေ၏။
ကိုယ်တော်သည် စစ်ပွဲအတွက် အကျွန်ုပ်ကိုခွန်အားနှင့်ပတ်စည်း၍ အကျွန်ုပ်ကိုဆန့်ကျင်သောသူတို့အား အကျွန်ုပ်အောက်တွင် ညွတ်တွားစေတော်မူ၏။
သူတို့သည် အကျွန်ုပ်အကြောင်းကိုကြားရသည်နှင့် အကျွန်ုပ်စကားကိုနာခံကြပါ၏။ တိုင်းတစ်ပါးသားတို့သည် အကျွန်ုပ်ကို ခယဝပ်တွားကြပါ၏။