စီရင်အုပ်ချုပ်သူတို့ကို ခန့်ထားပြီး ငါ့လူမျိုးတော်အစ္စရေးတို့ကို အုပ်ချုပ်စေသောအချိန်ကကဲ့သို့လည်း ခံရတော့မည်မဟုတ်။ ရန်အပေါင်းကို ကင်းငြိမ်းစေမည်။ သင့်အမျိုးအနွယ်ကိုလည်း တည်စေမည်။
၁ ရာချုပ် 17:9 - မြန်မာ့စံမီသမ္မာကျမ်း ငါ့လူမျိုးတော်အစ္စရေးတို့အဖို့ နေထိုင်စရာကို ငါပြင်ဆင်ပေးမည်။ သူတို့နေရာ၌ သူတို့ကို အတည်တကျနေထိုင်စေမည်။ နောက်တစ်ဖန် အနှောင့်အယှက်ခံရတော့မည်မဟုတ်။ ရှေးယခင်ကကဲ့သို့ မတရားသောသူတို့၏နှိပ်စက်ခြင်းကို ခံရတော့မည်မဟုတ်။ Common Language Bible ငါသည်မိမိ၏လူမျိုးတော်ဖြစ်သောဣသရေလ အမျိုးသားတို့နေထိုင်ရန်အရပ်ကိုရွေးချယ်၍ သူ တို့အားနေရာချထားပေးခဲ့၏။ သူတို့သည်နောင် အဘယ်အခါ၌မျှဖိစီးနှိပ်စက်မှုကိုခံရ ကြလိမ့်မည်မဟုတ်။ ဤပြည်သို့ဝင်ရောက်လာ ချိန်မှအစပြု၍အကြမ်းဖက်သမားတို့၏ တိုက်ခိုက်မှုကိုခံခဲ့ရသော်လည်း နောင်အဘယ် အခါ၌မျှခံရကြတော့မည်မဟုတ်။ ငါ သည်သင်၏ရန်သူအပေါင်းကိုနှိမ်နင်းမည်၊ သင်၏အမျိုးအနွယ်ကိုလည်းတည်မြဲစေ မည်ဟူ၍ကတိပြု၏။- Garrad Bible ဣ သ ရေ လ လူ မျိုး တော် အား လည်း နေ ရာ ကို စီ မံ ချ ထား လျက် နောင် မ ရွှေ့ မ ပြောင်း ရ ဘဲ ထို နေ ရာ တွင် တည် မြဲ စေ လိမ့် မည်။ ဣ သ ရေ လ လူ မျိုး တော့် အ ပေါ် မှာ တ ရား မင်း တို့ ကို ငါ ခန့် ထား ရာ နေ့၊ ယ မန် ကာ လ ကဲ့ သို့ မ တ ရား သူ တို့ ချေ မွှ ရ ကြ တော့ မည် မ ဟုတ်။ သင့် ရန် သူ ဟူ သ မျှ ကို နှိမ် နင်း ၍ သင့် အိမ် ထောင် ကို အ စဉ် အ ဆက် တည် ဆောက် လ တ္တံ့ ဟု ငါ ထာ ဝ ရ ဘု ရား ဖော် ပြ ၏။ Judson Bible ထိုမှတစ်ပါး၊ ငါ၏လူ ဣသရေလအမျိုးနေရာ အရပ်ကို ငါပြင်ဆင်ပြီ။ သူတို့သည် နောက်တစ်ဖန် မပြောင်းမလဲ၊ မိမိတို့နေရာ၌ နေစေခြင်းငှာ ငါမြဲမြံစေမည်။ မတရားသော သူတို့သည် ရှေးကာလ၌လည်းကောင်း၊ |
စီရင်အုပ်ချုပ်သူတို့ကို ခန့်ထားပြီး ငါ့လူမျိုးတော်အစ္စရေးတို့ကို အုပ်ချုပ်စေသောအချိန်ကကဲ့သို့လည်း ခံရတော့မည်မဟုတ်။ ရန်အပေါင်းကို ကင်းငြိမ်းစေမည်။ သင့်အမျိုးအနွယ်ကိုလည်း တည်စေမည်။
သင်သွားလေရာရာ၌ သင်နှင့်အတူ ငါပါရှိပြီး သင့်ရန်သူအပေါင်းတို့ကို သင့်ရှေ့မှ ငါဖယ်ရှားပေးခဲ့ပြီ။ ကမ္ဘာပေါ်တွင် နာမည်ကြီးကျော်ကြားသူကဲ့သို့ သင့်ကိုနာမည်ကြီးကျော်ကြားစေမည်။
ကိုယ်တော်သည် လူမျိုးခြားတို့ကို ကိုယ်တော်၏လက်တော်ဖြင့်နှင်ထုတ်ပြီး ဘိုးဘေးတို့ကို အခြေချစေတော်မူ၏။ တိုင်းသူပြည်သားတို့ကိုနှိမ်နင်း၍ ဘိုးဘေးတို့ကိုပြန့်ပွားစေတော်မူ၏။
ရန်သူသည် သူ့အပေါ် နိုင်ထက်စီးနင်းပြုနိုင်မည်မဟုတ်။ မတရားသောသူသည်လည်း သူ့ကို နှိပ်စက်နိုင်မည်မဟုတ်။
ထာဝရဘုရား၏အိမ်တော်၌ စိုက်ပျိုးခြင်းခံရသောသူတို့သည် ငါတို့ဘုရားသခင်၏တံတိုင်းတော်များအတွင်း၌ ကြီးပွားကြလိမ့်မည်။
ကာလအတန်ကြာပြီးနောက် အီဂျစ်ဘုရင်သည်လည်း အနိစ္စရောက်လေ၏။ အစ္စရေးအမျိုးသားတို့သည်လည်း ကျွန်ပြုခံရသောကြောင့် ညည်းတွား၍ အော်ဟစ်ကြ၏။ ထိုသို့ ကျွန်ပြုခံရသောကြောင့် အော်ဟစ်သောသူတို့၏အသံသည် ဘုရားသခင်အထံတော်သို့ ရောက်လေ၏။
သင်၏သားသမီးတို့သည် အလျင်အမြန်ပြန်လာကြပြီ။ သင့်ကိုဖြိုချသောသူ၊ သင့်ကိုဖျက်ဆီးသောသူတို့သည် သင့်ထံမှထွက်သွားကြလိမ့်မည်။
သင်၏ပြည်၌ ရက်စက်ကြမ်းကြုတ်မှုအကြောင်း၊ သင်၏နယ်နိမိတ်အတွင်း၌ ပျက်စီးပြိုပျက်ခြင်းအကြောင်း ကြားရတော့မည်မဟုတ်။ သင်၏မြို့ရိုးတို့ကို “ကယ်တင်ခြင်း”၊ သင်၏မြို့တံခါးတို့ကို “ချီးမွမ်းခြင်း”ဟူ၍ သင်ခေါ်ဆိုလိမ့်မည်။
ငိုကြွေးမြည်တမ်းနေသော ဇိအုန်မြို့သားတို့အဖို့ ပြာအစားခေါင်းပေါင်း၊ ငိုကြွေးမြည်တမ်းခြင်းအစား ရွှင်မြူးခြင်းဆီ၊ ညှိုးငယ်သောစိတ်အစား ချီးမွမ်းခြင်းအဝတ်ကို စီရင်ပေးရန် ငါ့ကိုစေလွှတ်တော်မူပြီ။ ဘုန်းတော်ထင်ရှားစေရန် ထာဝရဘုရားစိုက်ပျိုးတော်မူသော ဖြောင့်မတ်ခြင်းဝက်သစ်ချပင်ဟု သူတို့ကို ခေါ်ဝေါ်ကြလိမ့်မည်။
သူတို့ကောင်းကျိုးအတွက် သူတို့ကို ငါကြည့်ရှုမည်။ သူတို့ကို ဤပြည်သို့ပြန်ခေါ်လာမည်။ မဖြိုဖျက်ဘဲ တည်ဆောက်မည်။ မနုတ်ပစ်ဘဲ စိုက်ပျိုးမည်။
သူတို့ကို ကောင်းစားစေရာ၌ ငါနှစ်သက်အားရမည်။ ငါသည် စိတ်စေတနာအပြည့်အဝ၊ စိတ်ဝိညာဉ်အကြွင်းမဲ့ဖြင့် သူတို့ကို ဤပြည်ထဲ၌ အခိုင်အမာနေရာချထားမည်’ဟု မိန့်တော်မူ၏။
သင့်ဉာဏ်ပညာ၊ သင့်ထိုးထွင်းဉာဏ်ဖြင့် ဥစ္စာပစ္စည်း၊ ရွှေငွေရတနာတို့ကို ရှာဖွေသိုမှီးနိုင်ပြီ။
သူတို့ကို လူမျိုးတကာတို့ထံမှ ထုတ်ဆောင်လာမည်။ အရပ်ရပ်တို့မှ ပြန်လည်စုစည်း၍ နေရင်းပြည်သို့ ပြန်ပို့ဆောင်မည်။ အစ္စရေးတောင်တန်းများအပေါ်၊ မြစ်ချောင်းများအနားမှစ၍ သူတို့နေထိုင်ရာအရပ်ရပ်တို့တွင် သူတို့ကို ကျွေးမွေးမည်။
ငါ၏အစေအပါးယာကုပ်အား ငါပေး၍ ဘိုးဘေးတို့နေထိုင်ခဲ့ဖူးသောပြည်၌ နေထိုင်ကြရလိမ့်မည်။ သူတို့နှင့် သူတို့၏သားသမီးမြေးမြစ်တို့သည် ထိုပြည်တွင် အစဉ်အမြဲနေထိုင်ကြရ၍ ငါ၏အစေအပါးဒါဝိဒ်သည် သူတို့ကို အစဉ်အုပ်စိုးမည်။
သူတို့ကို နေရင်းပြည်၌ စိုက်ထားမည်။ ငါပေးသောပြည်မှ သူတို့ ဆွဲနုတ်ခြင်းခံရတော့မည်မဟုတ်”ဟု သင်၏ဘုရားသခင်ထာဝရဘုရား မိန့်တော်မူ၏။
အချည်းနှီးသောစကားတို့ဖြင့် မည်သူမျှ သင်တို့ကို မလှည့်ဖြားစေနှင့်။ အကြောင်းမူကား ဤအမှုများကြောင့် ဘုရားသခင်၏အမျက်တော်သည် နာခံမှုမရှိသောသူတို့အပေါ်သို့ သက်ရောက်လာ၏။
ကိုယ်တော်သည် သူတို့၏မျက်စိမှမျက်ရည်ရှိသမျှတို့ကို သုတ်ပေးတော်မူလိမ့်မည်။ သေခြင်းသည် ရှိတော့မည်မဟုတ်။ ဝမ်းနည်းကြေကွဲခြင်း၊ အော်ဟစ်ငိုကြွေးခြင်းနှင့် နာကျင်ခြင်းဝေဒနာတို့သည်လည်း ရှိတော့မည်မဟုတ်။ အကြောင်းမူကား ယခင်ဖြစ်ခဲ့သောအရာတို့သည် ပျောက်ကွယ်သွားကြပြီ”ဟု ဆိုသည်ကို ငါကြားရ၏။