ဟေရှာယ 49:17 - မြန်မာ့စံမီသမ္မာကျမ်း17 သင်၏သားသမီးတို့သည် အလျင်အမြန်ပြန်လာကြပြီ။ သင့်ကိုဖြိုချသောသူ၊ သင့်ကိုဖျက်ဆီးသောသူတို့သည် သင့်ထံမှထွက်သွားကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Common Language Bible17 ``သင့်ကိုပြန်လည်ထူထောင်ကြမည့်လူတို့သည် မကြာမီရောက်ရှိလာလိမ့်မည်။ သင့်ကိုပျက်ပြုန်းစေခဲ့သောသူတို့မူကား ထွက်ခွာသွားရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။Garrad Bible17-18 လု ယက် ဖျက် ဆီး သူ တို့ သည် မြို့ တော် မှ ထွက် သွား ရ ကြ ရာ၊ သင့် သ တို့ သ မီး အ ပေါင်း တို့ အ လျင် အ မြန် စု ရုံး ဝင် ရောက် ကြ သည် ကို၊ ပတ် လည် မော် ကြည့် လော့။ အ သက် တော် ကို တိုင် တည်၍၊ ငါ ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ သင် သည် မင်္ဂ လာ ဆောင် သ တို့ သ မီး နည်း တူ၊ ထို သူ အ ပေါင်း တို့ ကို မာ လိ က တန် ဆာ သ ဖွယ် ဝတ် ဆင် ပတ် စည်း ခွင့် ရ လိမ့် မည် ဟူ၍ တည်း။ အခန်းကိုကြည့်ပါ။Judson Bible17 သင်၏သားသမီးတို့သည် အလျင်အမြန် ပြုကြလိမ့်မည်။ သင့်ကို လုယူဖျက်ဆီးသော သူတို့သည် သင့်ထံမှ ထွက်သွားကြလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
မိုးကောင်းကင်ကိုဖြန့်ကြက်တော်မူသော၊ မြေကြီးကိုအုတ်မြစ်ချတော်မူသော၊ သင့်ကိုဖန်ဆင်းတော်မူသောထာဝရဘုရားကို သင်မေ့လျော့၏။ သင့်ကိုဖျက်ဆီးရန် အသင့်ရှိနေသည့် နိုင်လိုမင်းထက်ပြုသူ၏အမျက်ဒေါသကြောင့် သင်သည် နေ့စဉ်မပြတ်ကြောက်ရွံ့နေ၏။ နိုင်လိုမင်းထက်ပြုသူ၏အမျက်ဒေါသကား အဘယ်မှာနည်း။